ကြုံဖူးသမျှမှာ အရေးကြီးဆုံး ရွေးကောက်ပွဲဖြစ်မယ်လို့ ထရမ့် မဲဆွယ် စည်းရုံး 

ကြုံဖူးသမျှမှာ အရေးကြီးဆုံး ရွေးကောက်ပွဲဖြစ်မယ်လို့ ထရမ့် မဲဆွယ် စည်းရုံး 
Photo - AFP

အောက်တိုဘာ ၂၆

အမရိကန်ရွေးကောက်ပွဲ ကျင်းပဖို့ ၁၀ ရက်လောက် အလိုမှာ သမ္မတ ဒေါ်နယ်ထရမ့်ဟာ အိုဟိုင်းယိုပြည်နယ်မှာ လူထုစုရုံးပြီး မဲဆွယ်စည်းရုံးပါတယ်။ 

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ဖြစ်ပွားမှု မြင့်တက်နေတဲ့ အခြေအနေအောက်မှာပဲ ထရမ့်ဟာ အကောင်းရှုမြင်နေသေးဆဲ ဖြစ်ပြီး အခု နိုဝင်ဘာ ၃ ရက် ရွေးကောက်ပွဲဟာ ကြုံဖူးသမျှ ရွေးကောက်ပွဲတွေမှာ အရေးကြီးဆုံး ဖြစ်လိမ့်မယ်လို့ ပြောပါတယ်။ 

“ကျွန်တော်တို့ ကြုံဖူးသမျှ ရွေးကောက်ပွဲတွေမှာ အခု ရွေးကောက်ပွဲက အရေးကြီးဆုံး ဖြစ်ပါလိမ့်မယ်။ ဒါကို ကျွန်တော် အမှန်ကိုပဲ ယုံကြည်နေပါတယ်။ ကျွန်တော်တို့ရဲ့ နောက်ဆုံး အောင်ပွဲဟာ ကြီးမားတဲ့ အောင်ပွဲဖြစ်မှာကြောင့် ဒါဟာ အပြောသက် သက် ဖြစ်မယ်လို့ ကျွန်တော် မထင်ပါဘူး။”ဆိုပြီး သမ္မတ ဒေါ်နယ်ထရမ့်က ပြောပါတယ်။ 

“ဘယ်အစိုးရမဆို လုပ်ဆောင်ခဲ့တာတွေထက် ကျွန်တော်တို့ဟာ ပထမ သုံးနှစ်ခွဲအတွင်းမှာပဲ ပိုပြီး လုပ်ဆောင်ထားနိုင်ခဲ့တာ ဖြစ်တယ်။”လို့ သူက ပြောပါတယ်။ 

ထရမ့်ကို ထောက်ခံသူ မက်ထရူးလန့်ဆိုတဲ့ အမျိုးသားတစ်ဦးက “သူက သူ ကတိတွေ အားလုံးကို အကောင်အထည် ဖော်ပေးခဲ့တယ်။ ကတိအားလုံး တည်သူလည်း ဖြစ်တယ်။ သူဟာ တစ်သက်မှာ တစ်ယောက် ပေါ်ထွန်းလာတဲ့သူမျိုးလို ကျွန်တော်တော့ ထင်တယ်။ နိုဝင်ဘာ ၃ ရက်မှာ သူ့ကိုပဲ ကျွန်တော် မဲပေးမှာ ဖြစ်တယ်။”ဆိုပြီး ပြောပါတယ်။ 

“ဒီမိုကရက်က ပြိုင်ဖက် ဂျိုးဘိုင်ဒင်ကို ကျွန်မ မလိုလားဘူး။ ကျွန်မတို့ကို အုပ်ချုပ်တာမျိုး မလိုချင်ဘူး။ အမေရိကန် ပြည်သူတွေဟာ သူတို့ ဘဝတွေအတွက် လုပ်ကိုင်နေကြတာ ဖြစ်တယ်။ ဒီကနေ့မှာ ကျွန်မတို့တွေ သိထားတဲ့အတိုင်း ကမ္ဘာအတွက် လုပ်ပေးကြရတော့မှာ မဟုတ်ဘူး။ ဒီ အယူအဆက ပျက်ပြယ်မှာပဲ ဖြစ်တယ်။”လို့ အမျိုးသမီး ထောက်ခံသူတစ်ဦးဖြစ်တဲ့ ဒါနာက ပြောပါတယ်။ 

နောက်ထပ် အမျိုးသမီး ထောက်ခံသူတစ်ဦးဖြစ်သူ ရှယ်ရီကလည်း “ခုချိန်ဟာ အမေရိကန် လိုအပ်နေတာ သူ့ကိုပဲ။ ပြီးတော့ အုပ်ချုပ်ရေးအကြောင်း ကျွန်မတို့ အရင်က မသိခဲ့တာ တော်တော်များများကို သူက ထုတ်ဖော်သိရှိစေခဲ့တယ်လို့ ကျွန်မ ထင်တယ်။”ဆိုပြီး ပြောပါတယ်။ 

“သူ့အနေနဲ့ အားလုံးအတွက် ကျန်းမာရေးစောင့်ရှောက်မှုတွေ ပိုပြီး လုပ်ပေးစေချင်ပါတယ်။ သက်ကြီးရွယ်အိုတွေအတွက် သက်သက်ပဲ မဟုတ်ဘူးပေါ့။ အားလုံးအားလုံးအတွက် ကျန်းမာရေးစောင့်ရှောက်မှု စနစ် ဖော်ဆောင်ပေးစေချင်တယ်။ မိသားစုတွေ အားလုံး တတ်နိုင်တဲ့ ကျန်းမာရေး စောင့်ရှောက်မှုမျိုးပါ။”လို့ ရှယ်လီက ဆက်လက်ပြောခဲ့ပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required