လွိုင်ကော်မြို့နယ်တွင် ပအိုဝ်းအမျိုးသား အဖွဲ့ချုပ် ( PNO ) ပါတီ အင်အား ၁၅၀၀ ဖြင့်လှည့်လည်မဲဆွယ်

လွိုင်ကော်မြို့နယ်တွင် ပအိုဝ်းအမျိုးသား အဖွဲ့ချုပ် ( PNO ) ပါတီ အင်အား ၁၅၀၀ ဖြင့်လှည့်လည်မဲဆွယ်
ဓာတ်ပုံ - စောသန်းထိုက်ဦး

အောက်တိုဘာ ၊ ၂၅  ၊၂၀၂၀

လွိုင်ကော်မြို့နယ်ရှိ ပအိုဝ်းတိုင်းရင်းသားများနေထိုင်ကြသည့် ကျေးရွာများနှင့် ရပ်ကွက်တချို့တို့တွင် ပအိုဝ်းအမျိုးသား အဖွဲ့ချုပ် ( PNO ) ပါတီက မော်တော်ယာဉ်များ၊ဆိုင်ကယ်များအသုံးပြုကာ အောက်တိုဘာ ၂၅ရက်နေ့ ၉နာရီခန့်က ဝန်းရံသူ ၁၅၀၀ ခန့်ဖြင့် လှည့်လည်မဲဆွယ်မှုများပြုလုပ်ခဲ့ကြောင်း သိရသည်။

ထိုသို့လှည့်လည်မဲဆွယ်ရာတွင် လွိုင်ကော်မြို့ရှိ နွားလဝိုးကျေးရွာအုပ်စု၊ပဒါးညေးကျေးရွာတွင် လူစုဝေးခဲ့ပြီး ပအိုဝ်းတိုင်းရင်းသားများနေထိုင်သည့် ကျေးရွာ ၂၈ ရွာနှင့် ရပ်ကွက် သုံးခုတို့တွင် လှည့်လည်မှုများပြုလုပ်ခဲ့ သည်။

ထို့ပြင် လိုက်ပါဝန်းရံသူများအား ကိုဗစ်ရောဂါကာကွယ်ရေးအတွက် နှာခေါင်းစီးများတပ်ရန်၊ အခြားသောအဖွဲ့ အစည်းများနှင့် ပါတီများအပေါ် စကားပြောဆိုမှုများဆင်ခြင်ရန်၊ဟစ်အော်မှုများ မပြုလုပ်ရန်တို့ကို လိုက်နာစေ ချင်ဖြင့် မဲဆွယ်မှုပြုလုပ်ခဲ့ကြောင်း ပါတီဥက္ကဋ္ဌ ဦးအုန်းဖေလေးက ပြောသည်။

ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်ပါတီအနေဖြင့် ၎င်းကိုယ်ပိုင်အုပ်ချုပ်ရဒေသတွင် ၂၀၁၀၊၂၀၁၅ခုနှစ်က ကျင်းပပြုလုပ် ခဲ့သည့် အထွေထွေရွေးကောက်ပွဲများတွင် တခြားသော မဲဆန္ဒနယ်များတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သော်လည်း ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် ကယားပြည်နယ်၌ ဝင်ရောက်ယှဉ်ပြိုင်ခြင်းသည် ပထမဆုံးဖြစ်ကြောင်း လည်း ပါတီဥက္ကဋ္ဌ ဦးအုန်းဖေလေးက ပြောသည်။

“လက်ရှိအခြေအနေမှာ ပါတီကြီးတွေနဲ့ယှဉ်ပြိုင်ရတဲ့အခါကျတော့ ပထမဆုံးခြေလှမ်းအနေနဲ့ ကျနော်တို့ ပအိုဝ်းအမျိုးသားပါတီက ဝင်ရောက်ယှဉ်ပြိုင်တာပါ။အိုဝ်းတိုင်ရင်းသားဒေသခံအားလုံးရဲ့ဝန်းရံမှုနဲ့ ကျနော်တို့ က ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်တယ်ဟု မဲဆွယ် စည်းရုံးရေး မထွက်ခွာမီ ဦးအုန်းဖေလေးက ပြောသည်။

ဓာတ်ပုံ - စောသန်းထိုက်ဦး

ကယားပြည်နယ်၊လွိုင်ကော်မြို့နယ်တွင် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်ပါတီအနေဖြင့် ပြည်သူ့လွှတ်တော်ကိုယ် စားလှယ်လောင်း ဦးအုန်းဖေလေး၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်း မဲဆန္ဒနယ်အမှတ် ( ၁၁ ) ခွန် အောင်ဇေယျ၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်လောင်းမဲဆန္ဒနယ်အမှတ် ( ၁ ) ခွန်ကျော်မင်းထွန်းနှင့် မဲဆ န္ဒနယ် အမှတ် (၂ ) ဒေါ်ဝင်းပြည့်မွန်တို့က ယှဉ်ပြိုင်မည် ဖြစ်သည်။

ကယားပြည်နယ် ၊လွိုင်ကော်မြို့နယ်တွင် ပအိုဝ်းတိုင်းရင်းသားလူဦးရေ သည် လက်ရှိတွင် တစ်သောင်းနှစ် ထောင်ကျော်ရှိပြီး အသက် ၁၈ နှစ် အထက် မဲပေးခွင့်ရှိသူ ငါးထောင်နှင့် ခြောက်ထောင်ကြား ရှိသည့်အတွက် ယခုကဲ့သို့ ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခြင်းဖြစ်ကြောင်း ပါတီဥက္ကဋ္ဌ ဦးအုန်းဖေလေးက ပြောသည်။

လွိုင်ကော်မြို့နယ်တွင် ဝင်ရောက်ယှဉ်ပြိုင်မည့် ပါတီများအနက် ကယားပြည်နယ်ဒီမိုကရက် တစ်ပါတီ ( KySDP )သည် လက်ရှိအခြေအနေတွင် အားကောင်းနေသည့်အတွက် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)ပါတီ၏ အဓိကပြိုင်ဘက်ပါတီဖြစ်လာနိုင်ကြောင်း ၎င်းကဆိုသည်။

“လက်ရှိ ကယားပြည်နယ်မှာ ကယားပြည်နယ် ဒီမိုကရက်တစ်ပါတီ အားကောင်းနေတာ တွေ့ရတယ်” ဟု ဦးအုန်းဖေလေးက ဆိုသည်။

ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်သည် ၂၀၂၀ ရွေးကောက်ပွဲတွင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဖြစ်သည့်  ဟိုပုန်းမြို့နယ် ၊ ပင်လောင်းမြို့နယ်၊ ဆီဆိုင်မြို့နယ်တို့အပြင် ပအိုဝ်းတိုင်းရင်းသားအများစုနေထိုင်ကြသည့် ရှမ်းပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ပဲခူးတိုင်းဒေသကြီးတို့တွင် မဲဆန္ဒနယ် ၃၅ နေရာအထိ ဝင်ရောက်ယှဉ်ပြိုင်သွား မည် ဖြစ်ကြောင်း သိရသည်။

ဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းများထဲတွင် လူငယ် ၅၀ ရာခိုင်နှုန်းနှင့်အမျိုးသမီးကိုယ်စား လှယ်လောင်း ၁၅ ရာခိုင်နှုန်း ပါဝင်ကြောင်း PNO ၏ သတင်းထုတ်ပြန်ချက် အရသိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly