တိုင်းရင်းသားဒေသများနှင့် တိုင်းဒေသကြီးများအတွင်းရှိ ပုဂ္ဂလိကပိုင်မီဒီယာ ၅၃ ခုအား MDIF ထုတ်ပြန်

တိုင်းရင်းသားဒေသများနှင့် တိုင်းဒေသကြီးများအတွင်းရှိ ပုဂ္ဂလိကပိုင်မီဒီယာ ၅၃ ခုအား MDIF ထုတ်ပြန်

အောက်တိုဘာ ၂၅ ရက်၊ ၂၀၂၀ ပြည့်နှစ်

အများပြည်သူအနေဖြင့် ရန်ကုန်ပြင်ပ တိုင်းဒေသကြီးနှင့်ပြည်နယ်များရှိ လုပ်ကိုင်နေ သည့် ပုဂ္ဂလိကပိုင်မီဒီယာ ၅၃ ခု၏ ပလက်ဖောင်းလင့်ခ်များအား ဝင်ရောက်ကြည့်ရှု့နိုင်မည့် မြေပုံကို MDIF (Media Development Investment Fund) က စာရင်းပြုစုထုတ်ပြန် လိုက်သည်။

ထိုသို့ထုတ်ပြန်ခြင်းသည် တိုင်းရင်းသားဒေသများနှင့် တိုင်းဒေသကြီးများအတွင်းရှိ  ပြည်သူများအနေဖြင့် ယင်းဒေသများအတွင်း ပြောင်းလဲဖြစ် ပေါ်နေသည့်အခြေအနေများ၊ကိုဗစ်ကာလအတွင်း အရေးကြီးသည့်သတင်း အချက်များနှင့် ၂၀၂၀ ခုနှစ်အထွေ ထွေရွေးကောက်ပွဲတွင် ရွေးကောက်ပွဲဆိုင်ရာအချက်အလက်များအား ဝင်ရောက်ကြည့်ရှု့ခြင်းဖြင့် သိရှိနိုင်ရန် ရည်ရွယ်ချက်ဖြင့် ထုတ်ပြန်ခြင်းဖြစ်ကြောင်း MDIF၏ ထွေထွေမန်နေဂျာ ဒေါ်သဲငြိမ်းသူက ပြောသည်။

“ပထမမြေပုံက ကျွန်မတို့ ၂၀၁၈ ခုနှစ်မှာထုတ်ခဲ့တာ။တိုင်းရင်းသားဒေသတွေနဲ့တခြား တိုင်းဒေသကြီးတွေမှာရှိ တဲ့ ပုဂ္ဂလိကပိုင်မီဒီယာများတွေကိုပေါ့။အခုကကျတော့ ရွေးကောက်ပွဲလည်းပြန်နီးလာပြီး ကိုဗစ်ရောဂါလည်း ပြန်ဖြစ်လာတော့ ဒီဟာကို Update လုပ်မယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့လုပ်တာပါ” ဟု ဒေါ်သဲငြိမ်းသူက ပြောသည်။

မြေပုံတွင် ဖော်ပြနိုင်ရန်အတွက် MDIF အနေဖြင့် သက်ဆိုင်ရာမီဒီယာများ၊ပညာရှင်များ၏ သုံးသပ်ချက်များ နှင့်အွန်လိုင်းပေါ်တို့မှတဆင့် သုတေသနပြု လုပ်ထားခြင်းဖြစ်ကြောင်းနှင့် မြေပုံအတွက် သုတေသနပြုလုပ် သူများသည် ယခင်က သတင်းမီဒီယာလုပ်ငန်းများတွင် လုပ်ကိုင်ဆောင်ရွက်ခဲ့သူများဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

“ ပထမတစ်ချက်အနေနဲ့ မီဒီယာလောကမှာရှိတဲ့ ပညာရှင်တွေကိုမေးတယ်။ဒီမြေပုံကို အများပြည်သူကိုမချပြ ခင်မှာပေါ့။ပြီးရင် သူတို့ရဲ့အမြင်တွေကိုသုံးသပ်ခိုင်းတယ်။နောက်သူတို့ရဲ့အမြင်အပေါ်မူတည်ပြီး ကျွန်မတို့က အပြောင်းအလဲလုပ်တယ်။နောက်တစ်ချက်ကတော့ တကယ်အလုပ်လုပ်နေတဲ့ တိုင်းရင်းသားဒေသတွေရှိမှာ ရှိတဲ့သူတွေကိုမေးတယ်။ကျွန်မတို့ကိုယ်တိုင်လည်း အွန်လိုင်းပေါ်မှာ သုတေသနလုပ်တယ်။မီဒီယာတိုက်တွေကို လည်းမေးတယ်။အဲ့ဒါတွေအားလုံးပေါင်းပြီးတော့မှ ဒီမြေပုံကို ထုတ်တာပါ” ဟု ဒေါ်သဲငြိမ်းသူက ပြောသည်။

မြေပုံကို MDIF က လွတ်လပ်သောမီဒီယာဖွံ့ဖြိုး တိုးတက်ရေးအစီအစဉ်အရ ၂၀၁၈ ခုနှစ်မှ စတင်ကာ စုဆောင်းခဲ့ခြင်းဖြစ်ပြီး လက်ရှိထုတ်ပြန်ထားသည့် မြေပုံသည် ၂၀၂၀ခုနှစ်၊အောက်တိုဘာ ၁၅ရက်နေ့အထိ စုဆောင်းရှာဖွေ ထားသည့်အချက်အလက်များဖြစ်သည်။

မြေပုံတွင် ပုဂ္ဂလိကပိုင်မီဒီယာ ကျန်ရှိနေသေးခြင်းကြောင့် ၂၀၂၀ခုနှစ် နှစ်ကုန်ပိုင်းတွင် ပြန်လည်အဆင့် မြင့်တင်မည့် အချိန်၌ပါဝင်လာမည်ဟုဆိုသည်။

ထို့ပြင် လက်ရှိမြေပုံတွင်ကျန်ရှိသည့် ပုဂ္ဂလိကပိုင်မီဒီယာများသည့် ကိုဗစ်ကာလ အတွင်း မီဒီယာများ၏ စီးပွားရေးအခြေအနေ၊ရပ်တည်မှုအခြေအနေအပြောင်းအလဲမှုများစွာရှိနေခြင်းကြောင့် သုတေသနပြုလုပ်ရန် ခက်ခဲ သည့်အတွက် မပါရှိခြင်းဖြစ်ကြောင်း ၎င်းကဆိုသည်။

“ အရင်တုန်းက မြေပုံနဲ့ အခုမြေပုံဘာကွာသွားလဲဆိုရင် ကိုဗစ်ရောဂါတွေဖြစ်နေတဲ့အချိန်မှာ မီဒီယာတွေရဲ့ စီးပွား ရေးအခြေအနေ၊ရပ်တည်မှုအခြေအနေတွေက အပြောင်းအလဲတွေအများကြီးဖြစ် နေတယ်။အဲ့တော့ ဒီအခြေ အနေမှာ ခန့်မှန်းရဖို့ အရမ်းခက်ခဲတယ်။သူတို့တွေ ပြန်ဖွင့်မလား ၊ဆက်ဖွင့်မလားဆိုတဲ့ဟာက ခန့်မှန်းရ ခက်တယ်။အဲ့တော့ ဒီအချိန်မှာတော့ မပြောချင်သေးဘူး။ပြောလို့ အဆင်မပြေဘူး။ပြန်လည်ဖွင့်လာနိုင်တဲ့အခြေ အနေတွေလည်းရှိတော့ ဒီနောက်ဆုံးအခြေအနေကို ၂၀၂၀ပြီးသွားလို့ရှိရင် ဒီဟာရဲ့အပြောင်းအလဲကိုတော့ ဒီနှစ်ပိုင်းအတွင်းမှာပိုပြီးတော့ မြင့်ရပါလိမ့်မယ်” ဟု   ဒေါ်သဲငြိမ်းသူက ပြောသည်။

အဆိုပါမြေပုံတွင် တိုင်းရင်းသားဒေသများရှိ ပုဂ္ဂလိကပိုင်မီဒီယာ ၅၃ ခုကို ဝင်ရောက်ကြည့်ရှု့နိုင်ရန်အတွက် ဒစ်ဂျစ်တယ် ဗားရှင်းနှင့် ပရင့်ထုတ်နိုင်တဲ့ PDF ဗားရှင်းနှစ်မျိုးဖြင့် ထုတ်ပေးထားပြီး https://www.mdif.org/private-local-media-in-myanmars-ethnic-states-and-r....နှင့် https://www.mdif.org/our-work/initiatives/myanmar-media-program/. တို့တွင် ဝင်ရောက်ကြည့်ရှုနိုင်မည်လည်း ဖြစ်သည်။

ထို့ပြင် မြေပုံတွင်ဖော်ပြ ထားသည့် မီဒီယာအမည်ကို နှိပ်ခြင်းဖြင့် ၎င်းမီဒီယာ၏ သက်ဆိုင်ရာအချက်အလက် အသေးစိတ်များနှင့် မီဒီယာပလက်ဖောင်းလင့်ခ်များအား ဝင်ရောက်ကြည့်ရှု့နိုင် မည်ဖြစ်သည်။

သို့သော် တချို့သောမီဒီယာများ၏ ဝက်ဆိုဒ်များသည် နည်းပညာအခက်အခဲ(သို့) hack ခံရခြင်းများရှိနိုင်ခြင်း ကြောင့် ဝင်ရောက်ကြည့်ရှု့ရာတွင် အခက်အခဲတစ်ချို့ရှိနိုင်ကြောင်းလည်း MDIF ကဆိုထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly