ဒေသတွင်း စီးပွားဖွံ့ဖြိုးမှုပူးပေါင်းရေး အမေရိကန် ကိုယ်စားလှယ်အဖွဲ့ မြန်မာအပါအဝင် အရှေ့တောင်အာရှ ၃ နိုင်ငံလည်ပတ်

ဒေသတွင်း စီးပွားဖွံ့ဖြိုးမှုပူးပေါင်းရေး အမေရိကန် ကိုယ်စားလှယ်အဖွဲ့ မြန်မာအပါအဝင် အရှေ့တောင်အာရှ ၃ နိုင်ငံလည်ပတ်

အောက်တိုဘာ ၂၄

ယူအက်စ် အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးမှု ဘဏ္ဍာရေး ပူးပေါင်းဆောင်ရွက်ရေး (DFC) အမှုဆောင်အရာ ရှိချုပ် အဒမ် ဘိုလာဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် အရှေ့တောင်အာရှဒေသတွင်း စီးပွားရေး ဖွံ့ဖြိုးတိုးတက် မှုရှေ့တက်ရေးအတွက် မြန်မာနိုင်ငံအပါအဝင် အရှေ့တောင်အာရှ သုံးနိုင်ငံသို့ လည်ပတ် မှာဖြစ်ကြောင်း ရန်ကုန်ရှိ အမေရိကန်သံရုံး၏ သောကြာနေ့ ထုတ်ပြန်ကြေညာချက်တွင် ပါရှိသည်။

အမေရိကန်ကိုယ်စားလှယ်အဖွဲ့တွင် ယူအက်စ် ထုတ်ကုန်-သွင်းကုန်ဘဏ် EXIM ဥက္ကဌ ကင်ဘာလီ ရိဒ်၊ အမေရိကန် စွမ်းအင်၊ နိုင်ငံခြားရေး၊ ကုန်သွယ်ရေးနှင့် ဘဏ္ဍာရေးဌာနမှ အကြီးတန်းအရာရှိ စုစု ပေါင်း အနည်းဆုံး ခြောက်ဦးလိုက်ပါလာကာ အင်ဒိုနီးရှား၊ ဗီယက်နမ်နှင့် မြန်မာတို့ကို အောက်တိုဘာ ၂၃ ရက်နေ့မှ အောက်တိုဘာ ၂၇ ရက်နေ့အထိ အလည်အပတ်သွားရောက်မှာဖြစ်သည်။

ခရီးစဉ်အတွင် အဒမ် ဘိုလာသည် စီးပွားရေးလုပ်ငန်းရှင်များ၊ အဆင့်မြင့် အစိုးရအရာရှိများနှင့်တွေ့ဆုံ ကာ ရင်းနှီးမြုပ်နှံမှုအခွင့်အလမ်းများ ဖော်ထုတ်နိုင်ရေးအတွက် ဆွေးနွေးမှာဖြစ်သလို ဒေသတွင်း ဖွံ့ဖြိုးတိုးတက်ရေး၊ တည်ငြိမ်ရေးနှင့် စီးပွားဖွံ့ဖြိုးမှု အတွက် ပူးပေါင်းဆောင်ရွက်ရေးနည်းလမ်းများ ဆွေးနွေးမှာဖြစ်သည်ဟု ထုတ်ပြန်ချက်တွင် ပါရှိသည်။

" အင်ဒို-ပစိဖိတ်ဟာ DFC အတွက် ဦးစားပေးရင်းနှီးမြုပ်နှံမှုတစ်ခုဖြစ်ပါတယ်။ အေဂျင်စီဟာ အင်ဒို-ပစိဖိတ်က မဟာမိတ်တွေ လက်တွဲဖော်တွေနဲ့ ပူးပေါင်းဆောင်ရွက်ပြီး လုံခြုံရေးနဲ့ ကြွယ်ဝချမ်းသာမှု အရှည်တည်တံ့ဖို့ အုတ်မြစ်ခိုင်ခိုငမာမာချနိုင်ရေး အားဖြည့်ပေးတဲ့ မိုဒယ်တစ်ခုကို မြှင့်တင်ပြီး ဖွံ့ဖြိုးရေး စံချိန်မြင့်ကိုချမှတ်နိုင်ရေး လုပ်ပါမယ်" ဟု ကြေညာချက်က ပြောထားသည်။

EXIM ဘဏ်၏ ထုတ်ပြန်ချက်တစ်ရပ်တွင် ဘဏ်ဥက္ကဌ ကင်ဘာလီ ရိဒ်သည် အစိုးရအရာရှိများနှင့် ဦးဆောင် စီးပွားရေးလုပ်ငန်းရှင်များတွေ့ဆုံပြီး သက်ဆိုင်ရာနိုင်ငံများတွင် " အမေရိကန်တွင်ထုတ်လုပ် သော" ကုန်ပစ္စည်း များနှင့် ဝန်ဆောင်မှုများကို ပို့ကုန်အဖြစ် အထောက်အပံ့ မည်သို့မည်ပုံပေးနိုင်သည် ကို ဆွေးနွေးသွားမည်ဟု ပါရှိသည်။

ထို့အပြင် EXIM တရုတ်ကို ယှဉ်ပြိုင်ဦးဆောင်ရေးအစီအစဉ်တစ်ခုဖြစ်သော 5 G ဘဏ္ဍာရေး နည်းပညာ၊ ပြန်လည်ဖြည့်တင်းနိုင်စွမ်းရှိသော စွမ်းအင်၊ ဇီဝဆေးပညာသိပ္ပံ၊ ဇီဝနည်းပညာ၊ ဉာဏ်ရည်တုနှင့် အဆင့်မြင့် ကွန်ပျူတာနယ်ပယ်ပညာရေးများတွင် ယူအက်စ်၏ တီထွင်ဖန်တီးမှု၊ အလုပ်ပေးရေးနှင့် နည်းပညာအဆင့်အတန်းတို့တွင် အထောက်အကူပြုရေးတို့ကို ဆွေးနွေးမှာဖြစ်သည်ဟု ပါရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required