ဟောင်ကောင်မှာ ဒီမိုကရေစီ ဆန္ဒပြပွဲတွေ၊ ကိုရိုနာဗိုင်းရပ် ကူးစက်ပျံ့ပွားမှုတွေကြောင့် အလည်လာသူ လျော့သွားတဲ့ Ocean Park အပန်းဖြေကစားကွင်းကြီးကနေ ဝင်ငွေပြန်တက်လာအောင် ကြိုးစားတဲ့ အနေနဲ့ လာလည်သူတွေအကြိုက်ဖြစ်မယ့် ဆွဲဆောင်မှုအသစ်တွေ လုပ်နေပါတယ်။ ဧရာမ ငါးကန်ကြီးတွေ ဘေးနား ယောဂသင်တန်းအပါအဝင် ဝင်ငွေတိုးစေမယ့် အစီအစဉ်တွေကို လုပ်ထားတာပါ။ မစုမြတ်မွန်က Reuters သတင်းကို အခြေခံပြီး ပြောပြပါလိမ့်မယ်။