ဦးစံကျော်လှ “ရခိုင်လွှတ်တော်မှာ တပ်မတော် အားရှိသွားမယ်ဆိုတာ မဟုတ်ဘူး”

ဦးစံကျော်လှ “ရခိုင်လွှတ်တော်မှာ တပ်မတော် အားရှိသွားမယ်ဆိုတာ မဟုတ်ဘူး”

ရန်ကုန်၊ အောက်တိုဘာ ၂၃ 

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC)သည် ၂၀၂၀ အထွေထွေရွေးကောက်ပွဲ မကျင်းပနိုင်သည့် မဲဆန္ဒ နယ်များကို ထုတ်ပြန်ကြေညာခဲ့ရာ ရခိုင်ပြည်နယ်မြောက်ပိုင်း မြို့နယ် ၉ မြို့နယ်ပါဝင်ခဲ့သည်။အဆိုပါ မဲဆန္ဒ နယ် မြေများသည် ရခိုင်အမျိုးသားပါတီ(ANP)အားကောင်းသည့် နေရာများဖြစ်သည့်အတွက် ANP အတွက်နစ် နာမှုများရှိလာသလို ရခိုင်ပြည်နယ်လွှတ်တော်နှင့် ရခိုင်ပြည်နယ် အနာဂတ်အပေါ် စိုးရိမ်စရာများရှိလာသည်ဟု ဆိုနေကြသည်။

အလားတူ ရခိုင်ပြည်နယ်လွှတ်တော်အတွင်းမှာ တပ်မတော် အားကောင်းသွားနိုင်ကြောင်းလည်း ငြင်းခုံနေကြ သလို တိုက်ပွဲများ ပိုမို ပြင်းထန်လာကာ လူ့အခွင့်အရေးချိုးဖောက်မှုများဖြင့် ရင်ဆိုင်လာရနိုင်ခြေရှိသည်ဟု လည်း သုံးသပ်နေကြသည်။

ထို့ကြောင့် ရခိုင်အမျိုးသားပါတီ(ANP)မှ ရခိုင်ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ  ဦးစံကျော်လှကို မဇ္ဈိမ မီဒီယာမှ အယ်ဒီတာ ချစ်မင်းထွန်းက Zoom Meeting ကနေ ဆက်သွယ်မေးမြန်းထားပါသည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly