နယ်စပ်ကို ဖြတ်၍ လမ်းလွဲလာသော စစ်သားအား အန္ဒိယ ပြန်ပို့ဟု တရုတ်ပြော

By အယ်လ်ဂျာဇီးယား
23 October 2020
နယ်စပ်ကို ဖြတ်၍ လမ်းလွဲလာသော စစ်သားအား အန္ဒိယ ပြန်ပို့ဟု တရုတ်ပြော

အောက်တိုဘာ ၂၃ ၊ ၂၀၂၀
 

အိန္ဒိယသည် နှစ်ဖက်စလုံး တင်းမာသည့် ရှေ့မတိုးနောက်မဆုတ်သာဖြစ်နေသည့် ဟိမဝန္တာအနောက်ပိုင်းဒေသရှိ နယ်စပ်ကို ဖြတ်၍ လမ်းလွဲလာခဲ့သော တရုတ်စစ်သားတစ်ဦးအား ပြန်လည်ပို့ဆောင်ခဲ့ကြောင်း တရုတ်၏ တရားဝင် စစ်တပ် သတင်းစာတွင် ဖော်ပြထားသည်။
 
စစ်သားအား ဗုဒ္ဓဟူးနေ့အစောပိုင်းက ပြန်လည် လက်လွှဲခဲ့ကြောင်း နိုင်ငံပိုင်မီဒီယာဌာနတစ်ခုဖြစ်သည့် PLA သတင်းအရ သိရသည်။

အစိုးရကျောထောက်နောက်ခံပြု ဂလိုဘယ်တိုင်းမ်က  အယ်ဒီတာချုပ် ဟူ ရှီကျင်းက စစ်သား ပြန်ရောက်လာမှုကို အတည်ပြုပြောကြားခဲ့ပြီး ၎င်းလုပ်ဆောင်မှုသည် “တင်းမာနေသော တရုတ်-အိန္ဒိယ နယ်စပ် အတွက် ကောင်းမွန်သော သတင်းစကားကို ယူဆောင်လာကြောင်း” ပြောခဲ့သည်။

“ပူးပေါင်းဆောင်ရွက်မှုက နှစ်ဦးနှစ်ဖက်ကြား ယုံကြည်မှုကို ပိုမိုကြီးထွားလာစေဖို့ မျှောလင့်ပါတယ်”ဟု သူက ထပ်ပြောခဲ့သည်။

ဇွန်လတွင်း သေဆုံးမှုရှိခဲ့သော တိုက်ပွဲအပြီး အိန္ဒိယနှင့် တရုတ်တို့သည် ဒေသတွင်း ထောင်ချီသော စစ်တပ်များ ထားရှိခဲ့ကြသည်။
 
နျူကလိယလက်နက်ပိုင်ဆိုင်သည့် အိမ်နီးချင်းနိုင်ငံများသည် လများစွာကြာမြင့်ပြီဖြစ်သော လာဒက် နယ်စပ်ဒေသ ပဋိပက္ခတွင် ပိတ်မိနေကြပြီး  စစ်တပ်များသည် အနီးကပ်တိုက်ပွဲ နှင့် အဝေးမှ ပစ်ခတ်မှုများဖြင့် တစ်ဖက်နှင့် တစ်ဖက်သတ်ဖြတ်နေကြသည်။ ၎င်းပြင်းထန်သောတိုက်ပွဲတွင် အိန္ဒိယစစ်သား ၂၀ခန့် သေဆုံးခဲ့သည်။
 
တရုတ်ဘက်တွင်လည်း ဒဏ်ရာရရှိသူများရှိမည်ဟု ယုံကြည်ရသော်လည်း အသေးစိတ်ကို မသိရသေးပေ။ သေစေနိုင်သောတိုက်ပွဲအပြီးတွင် တရုတ်သည် အရာရှိ လေးဦးအပါအဝင် အိန္ဒိယစစ်သား အနည်းဆုံး ၁၀ ဦးအား ဖမ်းဆီးထိန်းသိမ်းထားခဲ့သည်။ ပြင်းထန်သော စစ်ရေးနှင့် သံတမန်ရေးအရ ဆွေးနွေးမှုများအပြီး သုံးရက်အကြာတွင် ပြန်လည် ပို့ဆောင်ခဲ့သည်။

တနင်္လာနေ့ ထုတ်ပြန်မှုတွင် အိန္ဒိယသည် ဝန်ယာလောင်း အမည်ရှိ တရုတ်စစ်သားအား ဖမ်းမိခဲ့ပြီး လုပ်ထုံးလုပ်နည်းများ လုပ်ဆောင်အပြီး ပြန်လည်လွတ်ပေးမည်ဖြစ်ကြောင်း ပါရှိသည်။
 
တရုတ်ကာကွယ်ရေးဝန်ကြီးဌာနက တနင်္လာနေ့နှောင်းပိုင်းတွင် ပျောက်ဆုံးသွားသော စစ်သားသည် တနင်္ဂနွေနေ့ လမ်းပျောက်ချိန်တွင် နွားကျောင်းသားများအား ကူညီပေးနေခဲ့ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။ ထုတ်ပြန်မှုတွင် နယ်စပ်ဒေသ တည်ငြိမ် ငြိမ်းချမ်းရေးကို ထိန်းသိမ်းရန် စစ်သားအား အမြန်ဆုံးလွှတ်ပေးရန် ဖော်ပြပါရှိသည်။

 အန္ဒိယနှင့် တရုတ်တို့သည် ပြောဆိုဆွေးနွေးမှုများ များစွာပြုခဲ့သော်လည်း ဇွန်လ တိုက်ပွဲပြီးချိန်မှစ၍ ဒေသတွင်းတွင် အမြောက်တပ်များ၊ တင့်ကားများနှင့် တိုက်လေယာဉ်များပါဝင်သည့် ထောင်ချီသောစစ်တပ်များဖြင့် တပ်စွဲထားကြသည်။ နှစ်ဖက်လုံးသည် ရှည်လျားပြီး ခက်ခဲမည့် မြောက်ပိုင်းဆောင်းရာသီ နောက်ဆုံးတိုက်ပွဲအတွက် ပြင်ဆင်နေကြကြောင်း လေ့လာသုံးသပ်သူများက ပြောသည်။

 အိန္ဒိယ နိုင်ငံရေးသမားအချို့က တရုတ်ကုန်ပစ္စည်းများအပေါ် သပိတ်မှောက်ရန် တောင်းဆိုခြင်းနှင့် အဓိကပြိုင်ဘက်ထံမှ လူမှုရေးကွန်ယက်မီဒီယာများစွာအား အစိုးရက ပိတ်ပင်ခြင်းကြောင့် တင်းမာမှုများသည် အရပ်သား များကိုလည်း သက်ရောက်နေသည်။
 
တရုတ်၏ ကြီးထွားနေသော စစ်တပ်အင်အားကို သတိပြုမိသည့် အိန္ဒိယသည် အခြားသောနိုင်ငံများနှင့် ပိုမိုနီးစပ်သော စစ်ရေးဆက်ဆံရေးများကို ရှာဖွေနေသည်။

ဩစတြေးလျသည် အိန္ဒိယသမုဒ္ဒရာတွင် အိန္ဒိယ၊ ဂျပန်၊ အမေရိကန်တို့နှင့်အတူ ရေတပ်လေ့ကျင့်ရေးများလုပ်ဆောင်ရန် ပထမဆုံးအကြိမ် ပါဝင်မည်ဖြစ်ကြောင်း အင်္ဂါနေ့က ကြေညာခဲ့သည်။

တစ်ချိန်တည်းတွင် အိန္ဒိယစစ်တပ်၏ ဒုတိယကာကွယ်ရေးဦးစီးချုပ် ဒုဗိုလ်ချုပ်ကြီး အက်စ် ကေ ဆိုင်နီ က ဆွေးနွေးပွဲများပြုရန်နှင့် တရုတ်နယ်စပ် နောက်ဆုံးတိုက်ပွဲတွင် အသုံးပြုရန် အခြားစစ်လက်နက်ပစ္စည်းများ ရှာဖွေရန် အမေရိကန်သို့ရောက်ရှိနေကြောင်း အစိုးရသတင်းအရင်းအမြစ်များမှ သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly