ထိုင်ဝမ်ရေလက်ကြားမှာ တရုတ် စစ်ပွဲအတွက် ပြင်ဆင်နေသလား

By National Interest
22 October 2020
ထိုင်ဝမ်ရေလက်ကြားမှာ တရုတ် စစ်ပွဲအတွက် ပြင်ဆင်နေသလား

အောက်တိုဘာ ၂၂

၂၀၂၀အစပိုင်းမှစ၍ဒီမိုကရေစီ ကျွန်းနိုင်ငံ ဝန်းကျင်တွင် စစ်ရေးလှုပ်ရှားမှုများနှင့် ပြည်သူ့လွတ်မြောက်ရေးတပ်မတော်၏ လှုပ်ရှားမှု သိသိသာသာ များပြားလာကြောင်း သတင်းစာခေါင်းကြီးပိုင်းများနှင့်အတူ တရုတ်၏ ထိုင်ဝမ်အပေါ် ထားရှိသော ရည်ရွယ်ချက်များကို ပြသမှုသည် ရန်လိုမှုသဖွယ် ထင်ထင်ရှားရှားပြောင်းလဲလာသည်။  မကြာသေးမီက တရုတ်တပ်မတော် (PLA) လေယာဉ်သည် ထိုင်ဝမ်လေကြောင်းကာကွယ်ရေးနယ်မြေ သတ် မှတ်ရေးဇုန် (ADIZ)  ကို မကြာခဏဖြတ်ကျော်ပြီး တရားဝင်မဟုတ်သော်လည်း နှစ်ပေါင်းများစွာအတွင်း တိုက်မိခြင်းနှင့် မှားယွင်းတွက်ချက်မှုများကိုလျော့ချပေးရန် သုံးသည့် ထိုင်ဝမ်ရေလက်ကြား အလယ်မျဉ်းကို ဖြတ် ကျော်ခဲ့သည်။

သမ္မတရှီကျင့်ဖျင် သည် PLA အား “စစ်အတွက်ပြင်ဆင်ထားရန်” ညွှန်ကြားခြင်း၊ နိုင်ငံပိုင် မီဒီယာများက တိုင်ပေကို ‌သတိပေးသည့် ဝေဖန်ချက်များထုတ်လွှင့်ခြင်း၊ ထိုင်ဝမ်အနီးတွင် DF-17 ဒုံးကျည်များနှင့် အဆင့်မြင့် ကိုယ်ပျောက်လေယာဉ်အသစ်များ စေလွှတ်ထားခြင်းများအရ ထိုင်ဝမ်ရေလက်ကြားအတွင်း စစ်ပွဲသည် အလွန်နီးကပ်နေပြီ ဖြစ်သည်။ ကမ္ဘာ့မီဒီယာများသည်လည်း မကြာသေးမီရက်သတ္တပတ်များအတွင်း စိုးရိမ်ဖွယ် ဆောင်းပါးများနှင့်အတူ ‌အရေးကိစ္စအား ‌ရေးသားဖော်ပြကြသည်။
 
မည်သို့ပင်ဆိုစေကာမူ စစ်ရေးအရအချက်ပြမှုများအရ ထိုင်ဝမ်ရေလက်ကြားတွင် ပေကျင်းသည် စစ်ရေးအရအဓိက လုပ်ဆောင်မှုများကို စတင်လုပ်ဆောင်ရန်မှာ အတော်အတန် ဖြစ်နိုင်ချေ နည်းသေးသည်။

မကြာသေးမီနှစ်များအတွင်း အရည်အသွေးနှင့် အရည်အချင်း တိုးတက်မှုများရှိသော်လည်း PLA သည် ထိုင်ဝမ်အား တိုင်ခိုက်ရန် စွမ်းဆောင်ရည် မလုံလောက်သေးကြောင်း အကဲဖြတ်မှုအများစုက ဖော်ပြနေသည်။ PLA ၏ anti-access/area-denial (A2/AD) စွမ်းဆောင်ရည်များ တိုးတက်နေသော်လည်း ထိုင်ဝမ်အရေးတွင် အမေရိကန် ပါဝင်လာနိုင်မှုနှင့် ဆယ်စုနှစ်ပေါင်းများစွာ လေ့ကျင့်ထားသော ထိုင်ဝမ်စစ်တပ်နှင့် ထိုင်ဝမ်ရေလက်ကြား တွင် ကုန်းလမ်း ရေလမ်း စစ်ဆင်ရေးလုပ်လျှင် ဆုံးရှုံးမှုအလားအလာမြင့်မားမှု၊ မသေချာမ‌ရေရာမှုစသည့် ပြောင်းလဲနိုင်ချေများသည် ပေကျင်း၏ တွက်ချက်မှုများကို ရှုပ်ထွေးစေသည်။
 
ပေကျင်းသည် ထိုင်ဝမ်ရေလက်ကြားတွင် စစ်အင်အားမညီမျှမှုကို ထပ်မံတိုးချဲ့ရန်နှင့် အမေရိကန်၏ ကြားဝင်မှုကို တားဆီးရန် သို့မဟုတ် နှောင့်နှေးစေရန် စစ်တပ်မျာ ဖြန့်ကျက်ထားရန် သံန္ဒိဌာန်ချထားသော်လည်း ထိုင်ဝမ် အား လက်ခံနိုင်လောက်သော ဆုံးရှုံးမှုနည်းနည်းဖြင့် လျှင်မြန်စွာ ကျူးကျော်နိုင်မည့် တရုတ်၏ စွမ်းဆောင်ရည်သည် မသေချာမရေရာမှုများစွာဖြစ်နေသည်။ နည်းလမ်းကျကျဆိုရလျှင် ၎င်းသည် မဖြစ်နိုင်ပေ။

ကာကွယ်ရေးဌာန၏ ကွန်ဂရက်သို့ ၂၀၂၀ အစီရင်ခံစာတွင် ထိုင်ဝမ်အပေါ် အဓိကစစ်ရေးလှုပ်ရှားမှုအတွက် အထင်ရှားဆုံးဖြစ်သော PLA ၏စီမံကိန်းများဖြစ်သော တရုတ်နိုင်ငံ၏ပူးတွဲကျွန်းကမ်းတက်လှုပ်ရှားမှုသည် ထောက်ပံ့ပို့ဆောင်ရေး၊ လေတပ်၊ရေတပ်ထောက်ပံ့ရေးနှင့် အီလက်ထရေနစ်စစ်ဆင်ရေးများအတွက် အပြန်အလှန် ပူးပေါင်းချိတ်ဆက်သောလှုပ်ရှားမှုများအပေါ်မှီခိုနေကြောင်း ဖော်ပြပါရှိသည်။ ရည်မှန်းချက်မှာ ကမ်းခြေ ကာကွယ်‌ရေးကို ထိုးဖောက်ဝင်ရောက်ရန် သို့မဟုတ် ရှောင်တိမ်းသွားရန်၊ ကမ်းခြေစခန်းတစ်ခု တည်ဆောက်ရန်၊ ထိုင်ဝမ်အနောက်ဘက် ကမ်းရိုးတန်း၏ တောင်ဘက် သို့မဟုတ် မြောက်ဘက်ရှိ သတ်မှတ်ထားသော ဆင်းသက်နေရာများသို့ အမှုထမ်းများနှင့် ပစ္စည်းကိရိယာများ ပို့ဆောင်ရန်နှင့် ကျွန်းတစ်ခုလုံး သို့မဟုတ် အဓိကပစ်မှတ်နေရာများကို တိုက်ခိုက်သိမ်းယူရန်တို့ဖြစ်သည်။

 အကြီးစား ကုန်းလမ်း ရေလမ်း ကျူးကျော်မှုသည် အရှုပ်ထွေးဆုံးနှင့် အခက်ခဲဆုံး စစ်ရေးလှုပ်ရှားမှုများမှ တစ်ခုဖြစ်သည်။ အောင်မြင်မှုသည် လေကြောင်းနှင့် ရေကြောင်း အားသာမှု၊ ကုန်းတွင်းရှိ ထောက်ပံ့‌ရေးများကို အလျှင်အမြန် ပေးနိုင်မှုနှင့် ကြာရှည်စွာ ပေးနိုင်မှု နှင့် မပြတ်တောက်သော အထောက်အပံ့ ပေါ်တွင် မူတည်သည်။ အောင်မြင်သော ဆင်းသက်မှုနှင့် သိမ်းယူမှုဖြစ်နိုင်ကြောင်း ယူဆထားလျှင်ပင် တရုတ်၏ စစ်တပ်အင်အား တစ်စတစ်စ အားယုတ်လာမှုနှင့် မြို့ပြစစ်ဆင်ရေးနှင့် ပြန်လည်ပုန်ကန်သောင်းကျန်းသူ အရှုပ်အထွေးများ အပါအဝင် ၎င်းဖိအားများက ထိုင်ဝမ်အား ကုန်းလမ်း ရေလမ်း ကျူးကျော်မှုသည် နိုင်ငံရေးနှင့် စစ်ရေးအရ စွန့်စား မှုတစ်ရပ်ဖြစ်နေစေသည်။
   
ရှီ ၏ သတိပေးချက်များ၊ အငြိမ်းစား PLA အရာရှိများ၏ ရန်လိုသော သတင်းစာခေါင်းကြီးပိုင်းများနှင့် စစ်ရေးလေ့ကျင့်မှုများသည် ထိုင်ဝမ်ကို တိုက်ရိုက်ရည်ရွယ်နေသောကြောင့် ကွန်မြူနစ်ပါတီ CPP အတွက် သူတို့၏ ပိုမိုတန်ဖိုးကို အကဲဖြတ်ရန်လိုအပ်သည်။ ထို့အပြင် ဝါဒဖြန့်ချိရေးနယ်ပယ်တွင် ပါဝင်သည့်အချက်များမှာ တရုတ်ပြည်သူလူထုကို အဓိက ရည်ရွယ်သည်။ ထိပ်တိုက်ရင်ဆိုင်သည့် မဟာဗျူဟာသို့ ပြောင်းခြင်းနှင့် ပတ်သတ်၍ ထိုင်ဝမ်ဗဟိုပြု ဒီမိုကရက်တစ်တိုးတက်ရေးပါတီမှ ဆိုင်ယင်ဝမ်ရွေးကောက်ခံရချိန် ၂၀၀၆ ခုနှစ်မှစ၍ ထိုင်ဝမ်သည် ပေကျင်းအပေါ် အလွန်အမင်းစိတ်ပျက်နေကြောင်း ‌‌ဖော်ပြခဲ့သည်။

ထိုင်ဝမ်နှင့် ငြိမ်းချမ်းသောပေါင်းစည်းခြင်းဖြစ်ရန် ပေကျင်း၏မျှော်လင့်ချက်သည် ပေကျင်းနှင့် ရင်းနှီးသော ကူမင်တန် ( ကေအမ်တီ) ၏ မာယင်းဂျောင်၏ ရှစ်စ်တာ အုပ်ချုပ်မှု (၂၀၀၈-၂၀၁၆)အတွင်း ဖြစ်နိုင်ချေရှိခဲ့ပြီး သမိုင်းဝင် သင်္ကတအဖြစ် ၂၀၁၅ စင်္ကာပူ ထိပ်သီးအစည်းအ‌ဝေးတွင် အအောင်မြင်ဆုံးဖြစ်ခဲ့သော်လည်း ယခုအခါ လုံးဝ ပျက်စီးသွားပြီဖြစ်သည်။ ထိုင်ဝမ်အား နိုင်ငံတကာမှ သီးသန့်ဖယ်ထုတ်ရန် ကြိုးပမ်းမှုနှင့်အတူ စီးပွားရေးမက်လုံးအမျိုးမျိုးနှင့် အထက်တန်းလွှာများအား ဆွဲဆောင်ရန်နည်းများဖြင့် ထိုင်ဝမ်လူထုအား ဝယ်ယူရန်ကြိုးပမ်းမှုများသည် ထိုင်ဝမ်ပြည်သူလူထုအား ဒီမိုကရေစီနှင့် ဘဝနေထိုင်မှုပုံစံကို ပိုမို အားပေးလာ စေရန်သာ ဖြစ်စေခဲ့သည်။ ဟောင်ကောင်မှ မကြာသေးမီက အကျပ်အတည်းသည် လွတ်လပ်ရေးအတွက် ခံစားချက်ကို ပိုမိုနက်ရှိုင်းစေပြီး ဆွေးနွေးမှုမှ တစ်ခုတည်းသောကမ်းလှမ်းချက် ဖြစ်နေဆဲဖြစ်သော“ တစ်နိုင်ငံ၊ စနစ်နှစ်ခု” အယူခံကို လုံးဝငြင်းပယ်ခဲ့သည်။ ၂၀၂၀ ဇန်နဝါရီရွေးကောက်ပွဲတွင် ပြန်လည်ရွေးကောက်ခံရသော သမ္မတ ဆိုင်ယင်ဝမ်၏ စံချိန်တင် ဆန္ဒမဲအရေအတွက်အပါအဝင် COVID-19 ကပ်ရောဂါကို အောင်မြင်စွာ ကိုင်တွယ်နိုင်မှုနှင့် နိုင်ငံတကာ အသိုင်းအဝိုင်းနှင့် ဆက်ဆံရေးများ ကြီးထားလာခြင်းသည် ပေကျင်းအား ၎င်း၏ ကာလရှည်ကြာမဟာဗျူဟာ ကျဆုံးပြီဆိုသော ခါးသီးသည့်အဖြစ်မှန်ကို သိစေခဲ့သည်။
   
ထို့ကြောင့် အမေရိကန် အကြီးတန်း အရာရှိ ကိုယ်စားလှယ်အဖွဲ့များ၊ ဂျပန်ဝန်ကြီးချုပ်ဟောင်းနှင့် ချက်သမ္မတနိုင်ငံမှ ကိုယ်စားလှယ်များသည် ပေကျင်း၏ သတိပေးချက်များကို ဆန့်ကျင်ပြီး ထိုင်ဝမ်နှင့် အပြန်အလှန် ဆက်သွယ်ကြပြီး ပြီးခဲ့သောနှစ် အမေရိကန်မှ လက်နက်‌ရောင်းချရန် ကြေငြာချက်များနှင့်အတူ ပေကျင်းအား တုံ့ပြန်စေရန် အတင်းအကြပ်လုပ်ခဲ့သည်။ ပြင်းထန်သော PLA လှုပ်ရှားမှုများက မီးမောင်းထိုးပြသည့် စစ်ရေး လုပ်ဆောင်မှု ခြိမ်းခြောက်မှုများသည် ပေကျင်း၏ အလိုမကျမှုကို ဖော်ပြရန် နှင့် ထိုင်ဝမ်လူထုအပေါ်တွင် စိတ်ပိုင်းဆိုင်ရာသက်‌ရောက်မှုရှိစေရန် ရည်ရွယ်ချက်ဖြင့် အသုံးပြုခြင်းဖြစ်သည်။ (သို့သော် သက်ရောက်မှုသည် လုံးဝ ဆန့်ကျင်ဘက်ဖြစ်သည်) တိုက်ခိုက်ခြင်းနှင့် တန်ပြန်တိုက်ခိုက်ခြင်း သံသရာစက်ဝန်းကို ဖန်တီးနေသော PLA၏ လုပ်ဆောင်ချက်များကို ကိုယ်ပိုင်နည်းလမ်းများဖြင့် တန်ပြန်နိုင်သော အမေရိကန်စစ်တပ် ဒေသအတွင်း ရှိနေခြင်းကို တုံ့ပြန်ရန် အဓိကမဟုတ်သော အခြားနည်းလမ်းဖြင့် စဉ်းစားဆင်ခြင်ရန်လိုအပ်သည်။

 CPP အတွက် ပိုမိုအရေးကြီးစဉ်းစားရမည်မှာ ၎င်းနှင့် ၎င်းတစ်ခုတည်းသာ ထိုင်ဝမ်ရေလက်ကြား တိုက်ပွဲရလဒ်ထိန်းချုပ်နိုင်သည့် အရည်အချင်းရှိကြောင်း ထုတ်‌ဖော်ပြသနိုင်ရန်ဖြစ်သည်။ ၎င်း၏ ထိုင်ဝမ်မဟာဗျူဟာ ကျဆုံးခြင်းကို အကျွင်းမဲ့ အသိအမှတ်ပြုသော်လည်း CCP သည် နိုင်ငံရေးသဘောတရား အကြောင်းပြချက်များကြောင့် တရုတ်ပြည်သူလူထုထံ မဝန်ခံနိုင်ပေ။ ရှီ ၏ ပုံစံသည် ထိုကဲ့သို့ အုပ်ချုပ်မှုကို လက်သင့်ခံနိုင်ခြင်း မရှိပေ။  ဆန့်ကျင်ဘက်အားဖြင့် ထိုင်ဝမ်ခွဲထွက်ရေးသမား အနည်းစုနှင့် သူတို့၏ နိုင်ငံခြားမဟာမိတ်တွေသည် ရှေ့မတိုး နောက်မဆုတ်သာအခြေအနေအတွက် တာဝန်ရှိကြောင်းနှင့် ပေကျင်းသည် ရွေးချယ်ပါက ၎င်းအရေး အား တစ်ခါတည်းနှင့်အပြီးဖြေရှင်းနိုင်ကြောင်း ထုတ်ဖော်ပြသနိုင်ကြောင်းပြောဆိုပြီး မဟာဗျူဟာသည် သက်သေအထောက်အထားများကို ငြင်းပယ်၍ ဆက်လက်လုပ်ဆောင်နေသည်။

ဝါဒဖြန်ချိရေးတွင် တရုတ်သည် သမိုင်းလမ်းကြောင်းများကို တွန်းလှန်နေသော အကျိုးအကြောင်းမသင့်သော အင်အားစုများကြောင့် ခုခံကာကွယ်နေကြောင်းနှင့် CPP သည် အကြောင်းပြချက်နှင့် နိုင်ငံ၏ ဂုဏ်သိက္ခာကို ကာကွယ်ရန် အင်အားကို ခြိမ်းခြောက်ရန် ဖိအားပေးခံရကြောင်းပါဝင်သည်။ နောက်စကားစပ်တွင် ထိုင်ဝမ်တစ်ဝိုက် တိုးများလာသော တက်ကြွစစ်တပ်များနှင့် အစိုးရက ထိန်းချုပ်ထားသော မီဒီယာများတွင် ပါရှိသော အချက်ပြမှုများသည် ခေါင်းမာသော အိမ်နီးချင်းနှင့် ကျရောက်လုဆဲဆဲ စစ်ပွဲအတွက် ပြင်ဆင်မှုများထက် စိတ်ဓာတ်ဆိုင်ရာစစ်ဆင်ရေးနှင့် ဝါဒဖြန့်ချိရေး ကြိုးပမ်းအားထုတ်မှု၏ တစ်စိတ်တစ်ပိုင်းဖြစ်ကြောင်း အငြင်းပွားဖွယ်တွေ့ရသည်။
 
ပေကျင်းတွင် အကျိုးအကြောင်းသင့် ဆုံးဖြတ်ချက်ချမှတ်ရန် ခန့်မှန်းထားသော်လည်း ဤအရာအားလုံးသည် အဓိက သတိပေးချက်များပါဝင်သည်။ (ဤအရေးတွင် အဲလစ်ဆင် နှင့် ဇလီကောင် ၏ ဂန္ဓဝင် Essence of Decision  သည် မရှိမဖြစ် လမ်းညွှန်ဖြစ်သည်။) အခြားနည်းဖြင့်ဆိုရလျှင် CCP သည် မဆင်မခြင်ပြုမူသောအပြုအမူကို ဆန့်ကျင်ပြီး ၎င်း၏လုပ်ရပ်များအတွက် ဆုံးရှုံးနိုင်ချေနှင့် အကျိုးအမြတ်ကို တွက်ချက် နှိုင်းယှဉ်နေ သည်ဟု ယူဆရသည်။ အကယ်၍ ၎င်းက ပြဿနာမဟုတ်ခဲ့လျှင်ကော။ တရုတ်၏ တံခါးပိတ်နိုင်ငံရေးစနစ်နှင့် မီဒီယာ အပေါ် တင်းကြပ်စွာ ထိန်းချုပ်မှုနှင့် ပြင်းထန်သော ဆင်ဆာဖြတ်တောက်မှုများကြောင့် COVID-19 ကပ်ရောဂါကာလအတွင်း နိုင်ငံတွင်း မတည်ငြိမ်မှု လက်ရှိအခြေအနေများကို သိရန်ခက်ခဲသည်။ အကယ်၍ ပြင်းထန်ပါက မခိုင်ခံ့သော CPP အား အန္ဒိယနယ်စပ်တစ်လျောက်၊ တောင်တရုတ်ပင်လယ် သို့မဟုတ် တရုတ်အမျိုး သားရေးဝါဒီများ စုဝေးရာ မိခင်ဖြစ်သည့် ထိုင်ဝမ်၏ မပြီးဆုံးသေးသော ဇာတ်လမ်းအပြင် ပြင်ပ အနှောင့်အယှက်များကို ဖြစ်စေနိုင်သည်။
     
ဤအကြောင်းပြချက်ကြောင့် တရုတ်သည် ထိုင်ဝမ်အားကျူးကျော်ရန် အမှန်တကယ် ပြင်ဆင်နေကြောင်း အနာဂါတ်တွင် နည်းပါသော်လည်း ဖြစ်နိုင်ချေရှိသည့်အတိုင်း ထိုင်ဝမ်နှင့် မဟာမိတ်များသည်လည်း အသင့်ပြင်ဆင် ထားရမည်။ (ထိုင်ဝမ်၏ ဝေးလံသောကျွန်းများ သို့မဟုတ်‌ တောင်တရုတ်ပင်လယ်အတွင်း ပိုင်ဆိုင်မှုများကို ကန့်သတ် ကုန်းလမ်း ရေလမ်းမှ တိုက်ခိုက်သော ပုံစံဖြစ်လာနိုင်သည်) ယခုအချိန်တွင် ထိုင်ဝမ်အား သိမ်းယူရန် မကြိုးပမ်းသေးသော်လည်း ကြိုတင်ပြင်ဆင်မှုမရှိခြင်းသည် ကျွန်းနိုင်ငံနှင့် လူများအပေါ် အကြီးအကျယ် သက်ရောက်နိုင်သည့်အတွက် ထိုင်ဝမ်သည် စိတ်အေးလက်အေးမနေနိုင်ပေ။ ကျဆင်းလာသော စီးပွားရေး၊ သူ၏ မာနကြောင့် အပြစ်တင်ခဲ့သော ပိုဆိုးလာသည့် နိုင်ငံတကာအသိုင်းအဝန်းထံမှ ပိုမိုများပြားသော စိန်ခေါ်မှုများကို တန်ပြန်တိုက်ပွဲဝင်ရမည့် ရှီ တို့ကြောင့် သူ၏ တရားဝင်မှုအား လျော့ကျစေသည်ဟု ယူဆသော CPP သည် မကျေနပ်ချက်ကို ပြုပြင်ရန်နှင့် ပြည်တွင်းရန်သူများကို ဖယ်ရှားနိုင်ရန် အမျိုးသားရေးစိတ်ဓာက်ကို လှုံ့ဆော်ရန် ကြံစည်နိုင်သည်။ ၎င်းအခြေအနေမျိုးတွင် အစိုးရသည် အကျိုးအကြောင်းမသင့်ပဲ လိုအပ်သည့်အကျိုးအတွက် ဆန့်ကျင်ဘက်ဖြစ်စေသည့် အပြုအမူကို လုပ်ဆောင်ရန် ဆွဲဆောင်ခံရနိုင်သည်။

ဒုတိယကမ္ဘာစစ်အကြိုတွင် ဂျပန်သည်အမေရိကန်နှင့် ကြာရှည်ဖြစ်ပွားခဲ့သောစစ်ပွဲတွင်  အနိုင်ရမည် မဟုတ်ကြောင်း ကောင်းစွာ သတိပြုမိသော်လည်း ဝါရှင်တန်အား ဂျပန်လိုအပ်ချက်များဖြင့် ဆွေးနွေးနိုင်ရန်ထိ တွန်းအားပေးနိုင်သော ကြီးကြီးမားမားသက်ရောက်မှု ရှိနိုင်သည်ဟူသော မျှော်လင့်ချက်ဖြင့် ပုလဲဆိပ်ကမ်းကိုတိုက်ခိုက်ခဲ့ခြင်းသည် သမိုင်းသာဓကပင်ဖြစ်သည်။
အမေရိကန်သည် ထိုတိုက်ခိုက်မှုကို ခံယူခဲ့ရခြင်း၊ ပြင်ဆင်ခြင်းမရှိခဲ့ခြင်း၊  စိတ်ပိုင်းဆိုင်ရာဖိအား၊ ကြောက်ရွံ့မှုနှင့် ဂုဏ်သိက္ခာကိုနားမလည်နိုင်ခဲ့ခြင်းတို့သည် တိုကျိုတွင် ဆုံးဖြတ်ချက်ပြုခြင်း၏ ခိုင်မာသည့်အချက်ဖြစ်သည်။ ပိုနေမြဲကျားနေမြဲအခြေအနေသည် မတည်မငြိမ်ဖြစ်လာသောအခါ အကျိုးအကြောင်းမသင့်တော်ပဲ အန္တရာယ်များသည့်အပြုအမူများကို အစိုးရသည် လုပ်ဆောင်နိုင်ကြောင်း မြောက်ကိုရီးယားက ဥပမာပြသွားသည်။

 အချို့သော အခြေအနေများအောက်တွင် ရှီ နှင့် CPP တို့အနေဖြင့် ထိုင်ဝမ်ကို ပိုမိုမျက်နှာသာပေးသော တိုးတက်မှုများကြောင့် သူတို့၏ ဂုဏ်သိက္ခာသည် လက်မခံနိုင်လောက်အောင် ကျဆင်းနေပြီဖြစ်ကြောင်း ခံစားရနိုင်သည်။ တရုတ်လူမျိုးများအား အခြေအနေကို ထိန်းချုပ်နိုင်သည်ဟု အလိမ်အညာများစွာပြောကြားခဲ့ပြီး ထိုင်ဝမ်ကို လက်လွှတ်သင့်သည်ဟူသော အမျိုးသားဝါဒီ၏ တန်ပြန်မှုကို ကြောက်ရွံ့နေရခြင်းများကြောင့် နောက်မကျရန် အရေးယူဆောင်ရွက်ရန် ခေါင်းဆောင်က ဆုံးဖြတ်နိုင်သည်။ ထိုသို့ဖြစ်နိုင်ချေရှိသောအခြေအနေမျိုးတွင် ပေကျင်းရှိ ပုံမှန်မဟုတ် အန္တရာယ်ကျရောက်နိုင်သော အစိုးရသည် ဂျပန်သည် ၁၉၄၁ ခုနှစ်တွင် အမေရိကန် ရေတပ်တပ်များအား ရင်ဆိုင်သကဲ့သို့ ထိုင်ဝမ်အပေါ် အလားတူ နည်းလမ်း အထူးသဖြင့် အမေရိကန်သည် ထိုင်ဝမ်အတွက် တရုတ်နှင့် စစ်ဖြစ်ပြီး စွန့်စားရန် ဆန္ဒမရှိပါက သို့မဟုတ် နိုဝင်ဘာရွေးကောက်ပွဲရလဒ်အပေါ် အခြေခံဥပဒေ အကျပ်အတည်းကို အကျိုးအကြောင်းသင့် တုံပြန်ညှိနှိုင်းရန် လွန်စွာအလုပ်ရှုပ်နေပါက အသုံးပြုနိုင်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly