ယခုနှစ် ၃ လအတွင်း ပဋိပက္ခများကြောင့် မြန်မာ ကလေးငယ် ၁၀၀ ကျော် သေဆုံး၊ ဒဏ်ရာရ

ယခုနှစ် ၃ လအတွင်း ပဋိပက္ခများကြောင့် မြန်မာ ကလေးငယ် ၁၀၀ ကျော် သေဆုံး၊ ဒဏ်ရာရ
ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ နန်းရွှေဂူ ဘုန်းကြီးကျောင်းရှိ စစ်ဘေးရှောင်စခန်းတစ်ခုကို ၂၀၂၀ ပြည့်နှစ် မတ်လအတွင်းက တွေ့မြင်ရစဉ် (ဓာတ်ပုံ - EPA)

အောက်တိုဘာ ၂၂

မြန်မာတစ်နိုင်ငံလုံး အတိုင်းအတာရ စစ်ရေးပဋိပက္ခများကြောင့် ၂၀၂၀ ပြည့်နှစ် ပထမသုံးလအတွင်း သေကြေ၊ ဒဏ်ရာရသော ကလေးငယ် ၁၀၀ ကျော် ရှိကြောင်း ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (OCHA) မြန်မာက သတင်းထုတ်ပြန်ထားသည်။

ဤ ကလေးငယ်များ သေကြေ၊ ဒဏ်ရာရ ကိန်းဂဏန်း အရေးအတွက်သည် ၂၀၁၈ ခုနှစ်အတွင်းက စုစုပေါင်း အရေအတွက်ထက် သိသိသာသာ ကျော်လွန်နေသည့်အပြင် ၂၀၁၉ ခုနှစ်က စုစုပေါင်း ကိန်းဂဏန်း၏ ထက်ဝက်ကျော် ရှိနေကြောင်းလည်း OCHA ၏ အောက်တိုဘာလ ၂၁ ရက် ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယခု ရက်သတ္တပတ်အတွင်း ရခိုင်ပြည်နယ်တွင် တပ်မတော်နှင့် AA ရခိုင်လက်နက်ကိုင်တို့ အကြား တိုက်ပွဲများကြောင့် ရသေ့တောင်မြို့နယ်တွင် လူ ၁၀၀၀ ကျော် အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရကြောင်း၊ ပဋိပက္ခများကြောင့် လက်ရှိအချိန်တွင် လူပေါင်း ၉၀၀၀၀ နီးပါး ယာယီ စစ်ဘေးရှောင်စခန်းများတွင် နေထိုင်နေရကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ရခိုင်ပြည်နယ်အတွင်း ပြီးခဲ့သည့် သီတင်းပတ်အတွင်း အရပ်သား သုံးဦး သေဆုံးပြီး အခြား ခုနစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်းလည်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required