သမ္မတ ဘိုင်ဒင်က အာရှအတွက် ဘယ်လိုလူဖြစ်မှာလဲ

သမ္မတ ဘိုင်ဒင်က အာရှအတွက် ဘယ်လိုလူဖြစ်မှာလဲ

အောက်တိုဘာ ၂၁ ၊ ၂၀၂၀

အိုဘားမား 2.0 လား၊  ထရမ့်အပျော့စား လား။ ဒါတွေကတော့ ပစိဖိတ်နှစ်ဘက်လုံးက မူဝါဒရေးဆွဲသူတွေ နိုဝင်ဘာ ၃ ရက် အမေရိကန်ရွေးကောက်ပွဲမတိုင်ခင် မေးနေကြတဲ့ မေးခွန်းတွေပဲဖြစ်ပါတယ်။  

 သမ္မတ ဘားရက်အိုဘားမားရဲ့ ဒုတိယသမ္မတ ဒီမိုကရက် ကိုယ်စားလှယ်လောင်း ဂျိုးဘိုင်ဒန်ဟာ သူ့ရဲ့ တစ်ကြိုခန့်မှန်းတွေမှာ ထိပ်ကပြေးနေတာကို အောင်မြင်မှုအဖြစ် ပြောင်းလဲနိုင်ခဲ့လို့ရှိရင် ပြီးခဲ့တဲ့ လေးနှစ်က သမ္မတ ဒေါ်နယ်ထရမ့်ရဲ့အာရှ-ပစိဖိတ်မှာ ကိုင်လှုတ်သွားခဲ့တဲ့ သက်ရောက်မှုကြီးကို ကိုင်တွယ်ရပါလိမ့်မယ်။
 

ထရမ့်အစိုးရဟာ ကုန်သွယ်ရေး၊ နည်းပညာနဲ့ ကိုရိုနာဗိုင်းရပ်(စ်) ကပ်ရောဂါကအစ တောင်တရုတ်ပင်လယ်နဲ့ ထိုင်ဝမ်အဆုံး အရာရာမှာ တရုတ်နဲ့ ထိပ်တိုက်တွေ့ခဲ့တာပါ။ ထရမ့်ဟာ မြောက်ကိုရီးယား ကင်ဂျုံအန်နဲ့ တိုက်ရိုက် ဆက်ဆံမှုတွေတည်ဆောက်ခဲ့ပြီး ဂျပန်နဲ့ တောင်ကိုရီးယားက အမေရိကန်စစ်တပ်တွေလျော့ချဖို့ ခြိမ်းခြောက်လို့ အာရှမဟာမိတ်တွေနဲ့လည်း တင်းမာမှုတွေဖြစ်စေခဲ့ပါတယ်။
 
တရုတ်ရဲ့ အဓိကနည်းပညာ ပလေယာတွေဖြစ်တဲ့ ဟွာဝေနည်းပညာနဲ့ တစ်တော့တို့ကို ဝါရှင်တန်က အပြစ်ပေးဒဏ်ခတ်တာတွေလုပ်လို့ တရုတ်နဲ့ ဘဏ္ဍာရေးနဲ့ နည်းပညာခွဲထုတ်လိုက်တာဟာတွေကလည်း အငြင်းပွားစရာ ဆက်ဖြစ်နေပါသေးတယ်။ ဘိုင်ဒန် အနေနဲ့ ဝယ်ယူရေးကတိတွေကို လိုက်နာဖို့ ခက်ခဲနေတဲ့ ပေကျင်းနဲ့ ကုန်သွယ်ရေး သဘောတူညီချက် Phase One နဲ့ Trans-Pacific Partnership ကနေ ထရမ့်  နှုတ်ထွက်တာကြောင့် လှုတ်ခတ်သွားတဲ့ အာရှနဲ့ ကုန်သွယ်မှုကို ဆက်ဆံရေးကို လက်ခံရမှာဖြစ်ပါတယ်။

မဲဆွယ်စည်းရုံးရေးလိုင်းအရ စကားစစ်ထိုးပွဲတစ်ခုမှာ ဘိုင်ဒန်က တရုတ်သမ္မတ ရှီကျင့်ဖျင်ကို “ရာဇဝတ်သား”လို့ ခေါ်ခဲ့ပုံအရ ဘိုင်ဒန်၏ ရပ်တည်မှုဟာ သူရဲ့ အထက်လူကြီးဟောင်းဖြစ်သူ အိုဘားမားထက် ထရမ့်နဲ့ ပိုနီး စပ်နေပါတယ်။ ထရမ့်ရဲ့ တရုတ်ကိုခပ်ကြမ်းကြမ်း tough-on-China ချဉ်းကပ်မှုဟာ ဒီမိုကရက်တစ်သမ္မတလက်အောင်မှာလည်း ဆက်လက်ရှိနေနိုင်တယ်လို့ လေ့လာဆန်းစစ်သူတွေက ယုံကြည်နေကြပါတယ်။

Neikkei Asia က ဘိုင်ဒန်ရဲ့ သမ္မတသက်တမ်းဟာ အာရှအတွက် ဘယ်လိုဘယ်ပုံရှိမယ်ဆိုတာ အပြည့်အဝလေ့လာထားပါတယ်။ အဓိကအချက်တွေကတော့
 
တရုတ်နှင့် နည်းပညာ

ဘိုင်ဒန် မဲဆွယ်စည်းရုံးမှုကန်ပိန်းက ပြောနေတာက ဒုတိယသမ္မတဟောင်းဟာ “တရုတ်နဲ့ အနာဂါတ်ပြိုင်ပွဲမှာ အနိုင်ရဖို့” အမေရိကကို ဦးဆောင်သွားမည်လို့ ဆိုပါတယ်။

၁၉၉၁ ကနေ ၂၀၁၆ အတွင်း တရုတ်ရဲ့ သုတေသနနှင့် ဖွံ့ဖြိုးရေးအသုံးစရိတ် အဆ ၃၀တိုးမြင့်လာတာကို ရည်ညွှန်းပြီး ဘိုင်ဒန်က သူ့ရဲ့ “Buy American” စီးပွားရေးအာဂျင်ဒါအရ နည်းပညာအသစ်တွေမှာ   ရင်းနှီးမြှုပ်နှံမှု အမြောက်အမြားလုပ်ဖို့ ကတိပြုထားပါတယ်။

အဲဒီအာဂျင်ဒါမှာ တရုတ်က တောက်လျောက်နာမည်ရနေတဲ့ နယ်ပယ်တွေဖြစ်တဲ့ လျှပ်စစ်ယာဉ်တွေနဲ့ ပေါ့ပါးတဲ့ ပစ္စည်းတွေကစလို့ 5G နဲ့ ဉာဏ်ရည်တု အဆုံး နည်းပညာသစ်အစားစားအတွက် အမေရိကန်ဒေါ်လာ ၃၀၀ ဘီလီယံသုံးစွဲဖို့ ပါဝင်ပါတယ်။

သူ့ရဲ မဲဆွယ်စည်းရုံးမှုမှာ ဟွာဝေးလို နာမည်ပျက်စာရင်းဝင် ကုမ္ပဏီတွေကို ထရမ့်ရဲ့ တင်းကြပ်တဲ့ ပိတ်ဆို့မှုတွေကို ဆက်လုပ်မှာ မလုပ်မှာအပါအဝင် တရုတ်ရဲ့ နည်းပညာကုမ္ပဏီတွေအပေါ် လုပ်ဆောင်မဲ့အသေးစိတ်အချက် တွေကိုတော့ နည်းနည်းပဲ ဖော်ပြထားပါတယ်။ ဒါပေမယ့်လည်း သူ့ အကြံပေးတွေကတော့ သဲလွန်စတွေ ချပြထားပါတယ်။  

သံတမန်ဟောင်း ကတ် ကင်းဘဲလ်နဲ့ ဘိုင်ဒန်ရဲ့ အကြံပေး အကြံပေး ဂျိုက်ဆူလီဗန်က ၂၀၁၉ နိုင်ငံခြားရေးမူဝါဒ အာဘော်ကဏ္ဍမှာ အမေရိကဟာ အမေရိက-တရုတ် ကုန်သွယ်မှုကို ရှေ့မတိုး နောက်မဆုတ်သာ ဖြစ်စေတဲ့ အဓိကအချက်တွေဖြစ်တဲ့ “၎င်း၏ နည်းပညာပိုင်းဆိုင်ရာ အရေးသာမှုများကို တရုတ်၏ ဉာဏပစ္စည်းခိုးယူခြင်း၊ ပစ်မှတ်ထားသော စက်မှုမူဝါဒများနှင့် စီးပွားရေးနှင့် လုံခြုံရေးကဏ္ဍ ပေါင်းစပ်မှုများအား ကာကွယ်ရန်” လိုအပ်တယ်လို့ ရေးသားထားပါတယ်။

သူတို့ဟာ  “ လားရာနှစ်ဘက်လုံးရှိ နည်းပညာ ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်မှု စီးဆင်းမှုအပေါ် တားမြစ်ချက်များကို တိုးမြှင့်ရန်” သဘောတူခဲ့ပေမဲ့ အမျိုးသား လုံခြုံရေးနဲ့ လူ့အခွင့်အရေးတွေအတွက် အရေးကြီးတဲ့ နည်း ပညာတွေကို “လက်ကားဝယ်ယူ”မဲ့ အစား ရွေးချယ်သင့်တယ်။ “သို့သော် နည်းပညာ တားမြစ်ချက်များအပေါ် အသာစီးရအောင်လုပ်ခြင်းသည် အခြားနိုင်ငံများအား တရုတ်ထံသို့ ရောက်စေနိုင်သည်” လို့ သူတို့က သတိပေး ထားပါတယ်။

အမေရိကန်အုပ်ချုပ်သူတွေဟာ  တရုတ်နည်းပညာတွေနဲ့ပတ်သက်ပြီး ပြတ်ပြတ်သားသား ဆန့်ကျင်ပြီးဖြစ်ပါတယ်။ ဝါရှင်တန် အခြေစိုက် မဟာဗျူဟာနဲ့ နိုင်ငံတကာလေ့လာမှုစင်တာက ဒီလ ထုတ်ဝေတဲ့ စစ်တမ်းမှာ ၇၁ရာ ခိုင်နှုန်းသော အမေရိကန်တိုဟာ ခေါင်းဆောင်များက ဟွာဝေးနဲ့ တရုတ်ကုမ္ပဏီတွေ အမေရိကန် 5G ဈေးကွက်မှာ ပါဝင်တာကို တားဆီးသင့်တယ်လို့ ယုံကြည်နေကြကြောင်း ဖော်ပြထားပါတယ်။ တစ်ဝက်နှင့်အထက်က ဝါရှင်တန်ဟာ သူတို့ဆီ တင်ပို့မှုတွေအကုန်လုံးကို ပိတ်သင့်တယ်လို့ ပြောကြပါတယ်။

CSISက  တရုတ် စီးပွားရေး အကြီးတန်း အကြံပေးနဲ့ အကြီးအကဲဖြစ်တဲ့ စကော့ ကနေဒီက  သူ့အနေနဲ့ ဘိုင်ဒန် အစိုးရအောက် တခြားအစိုးရတွေနဲ့  “ပိုမိုပူးပေါင်းညှိနှိုင်းဆောင်ရွက်မှုများပါဝင်သည့် ပူးပေါင်းမှုနှင့် ဖိအားများ ရောနှောမှု”ကို မျှော်လင့်တယ်လို့ ဆိုပါတယ်။

ဘိုင်ဒန်ဟာ ရင်းနှီးမြှုပ်နှံမှုတွေအပေါ် တားမြစ်တာနဲ့ ပို့ကုန် ထိန်းချုပ်မှုတွေစတဲ့ ထရမ့်အစိုးရ နည်းလမ်းတစ်ချို့ကို အသုံးပြုနိုင်ပေမဲ့ အကောင်အထည်ဖော်ဖို့တော့ တော်တော်ခက်လိမ့်မယ်လို့ ကနေဒီက ပြောပါတယ်။

“တရုတ်ရဲ့ လုပ်ရပ်ဟာ အမေရိကန်မူဝါဒအပေါ် အတော်လေးကို အကျိုးသက်ရောက်လိမ့်မယ်ဆိုတာ  လူအများ နားလည်ဖို့ လိုအပ်တယ်ဆိုတာရယ် တကယ်လို့ တရုတ်ဟာ အခုလက်ရှိ အကောင်အထည်ဖော်နေတဲ့ ငါးနှစ် စီမံကိန်းနဲ့  ၁၅နှစ် (သိပ္ပံနှင့် နည်းပညာ) စီမံကိန်းအတိုင်း မူဝါဒတွေကို ဆက်လုပ်ရင် အဲဒီမဟာဗျူဟာဟာ အမေရိကန်နဲ့ တစ်ခြားနိုင်ငံတွေကို ဆိုးရွားတဲ့ တုံ့ပြန်မှုတွေ ဖြစ်စေလိမ့်မယ်လို့ ” သူက ဆိုပါတယ်။
 
ကုန်သွယ်ရေး

ဘိုင်ဒန်ဟာ အမရိကန်မဟာမိတ်တွေနဲ့ လက်တွဲလို့ ပေကျင်းကို စုပေါင်းဖိအားပေးလိုတဲ့အကြောင်း ပြောပါတယ်။  ထရမ့်ရဲ့ တရုတ်နဲ့ ကုန်သွယ်ရေးစစ်ပွဲက ကမ္ဘာစီးပွားရေးမှာ ဒေါ်လာ ဘီလီယံ အများကြီး ကုန်ခဲ့ပါတယ်။ Phase One သဘောတူညီချက်ရှိပေမဲ့လည်း တရုတ်ရဲ့ သွင်းကုန်တွေအပေါ် အမေရိကန် အခွန်စည်းကြပ်မှုဟာ ပျမ်းမျှ ၁၉.၃ရာခိုင်နှုန်းရှိနေပြီး ၂၀၁၈ ပဋိပက္ခမဖြစ်ပေါ်ခင်ထက် ခြောက်ဆလောက်တက်နေတယ်လို့  ပီတာ ဆန် နိုင်ငံတကာ စီးပွားရေး သိပ္ပံ အရ သိရပါတယ်။ အမေရိကန်နဲ့ သွင်းကုန်တွေအပေါ် တရုတ်ရဲ့ အခွန်စည်းကြပ်မှုဟာ ပျမ်းမျှ ၂၀.၃ ရာခိုင်နှုန်းခန့်ရှိပါတယ်။

သူ့ရဲ့အစိုးရဟာ နိုင်ငံတကာသဘောတူညီချက်တွေ၊ မဟာမိတ်အဖွံတွေနဲ့ လက်တွဲလုပ်ဆောင်တာကို ရှောင်ဖယ်ခဲ့ပါတယ်။  Trans-Pacific Partnership၊ ပဲရစ် သဘောတူစာချုပ်၊ ကုလသမ္မဂ လူ့အခွင့်အရေးကောင်စီ၊ အီရန်နျူကလီးယားသဘောတူစာချုပ်တွေက နှုတ်ထွက်ခဲ့ပြီး ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့နှင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့များမှ ထွက်ခွါဖို့ ခြိမ်းခြောက်ခဲ့ပါတယ်။

 “ ဘိုင်ဒန် အစိုးရဟာ တရုတ်ပြဿနာကို ပိုအာရုံစိုက်ပြီး မဟာမိတ်တွေနဲ့ ပိုလက်တွဲလုပ်ကိုင်ပြီး ဘိုင်ဒန်ဟာ  အခွန်စည်းကြပ်တာကို ပိုသတိထားလိမ့်မယ်လို့ထင်တဲ့အကြောင်း ”  ကုန်သွယ်ရေးအထူးပြု နိုင်ငံခြားဆက်ဆံရေး ကောင်စီက အကြီးတန်းအရာရှိတစ်ဦးက ပြောပါတယ်။

“ ဒါပေမယ့် အခွန်စည်းကြပ်မှုတွေကို ချက်ချင်းဖြေလျော့ပေးမယ်လို့တော့ မဆိုလိုဘူး ” ဟု သူက ထပ်ပြောပါတယ်။

ဘိုင်ဒန်ဟာ ထရမ့်ရဲ့ ပေကျင်းနဲ့ Phase One သဘောတူညီချက်ဟာ ကုန်သွယ်ရေးမမျှတမှုတွေနဲ့ ဉာဏပစ္စည်းခိုးမှုတွေကို မဖြေရှင်းနိုင်သေးတာကြောင့် “ဗလာသက်သက်” လို့ ဘိုင်ဒန် မဲဆွယ်စည်းရုံးမှုကန်ပိန်းရဲ့ ဝက်(ဘ်) ဆိုက်အရ သိရပါတယ်။ သူကတော့ တရုတ်ရဲ့ အပြုအမူကို ပြောင်းလဲဖို့ အမေရိကန် မဟာမိတ်တွေနဲ့အတူ လုပ်ဆောင်ဖို့ ကတိပြုခဲ့ပါတယ်။

အမေရိကန်-တရုတ် ပြိုင်ဆိုင်မှုဟာ ရှောင်လွှဲလို့မရပေမယ့် အမေရိကန်အစိုးရရဲ့ ကိုင်တွယ်မှုဟာ ဆက်ဆံရေးကောင်းလာအောင် အထောက်အကူပြုနိုင်ဖို့ အဓိကသော့ချက်ဖြစ်တယ်လို့ ကျွမ်းကျင်သူတော်တော်များများက ယုံကြည်ကြပါတယ်။

 ကယ်လီဖိုးနီးယားတောင်ပိုင်းတက္ကသိုလ်က အမေရိကန်-တရုတ် အင်စတီကျုရဲ့ ဒါရိုက်တာ ကလေတန် ဒူဘီ က အောင်မြင်တဲ့ ချဉ်းကပ်မှုဟာ “လက်တွေ့ကျတဲ့ မူဘောင်” ပေါ်  မူတည်ရမှာဖြစ်လို့အမေရိကန်အနေနဲ့ တရုတ် ကို သူရဲ့အစိုးရ ပြောင်းလဲဖို့ တောင်းဆိုတာဟာ “မဖြစ်နိုင်တဲ့ ကိစ္စတွေပေါ်မှာ  အချိန်မကုန်သင့်တဲ့အကြောင်း” ပြောပါတယ်။

ယုံကြည်ရတဲ့ "မဟာမိတ်တွေနဲ့ ” လက်တွဲလုပ်ကိုင်ပြီး “ပြောင်းလဲမှုဟာ တရုတ်ကို အကျိုးရှိစေပြီး ပြောင်းလဲဖို့ မအောင်မြင်တာဟာ တရုတ်ကို ထိခိုက်စေတယ်”လို့  ပေကျင်းကို စုပေါင်းအားနဲ့ ပြသတာကို  အမေရိကန် ဦးဆောင်တာက ပေကျင်းကို လိုက်နာစေဖို့ ပိုဖြစ်လာနိုင်တယ်လို့ သူက ပြောပါတယ်။

ဒါပေမယ့်လည်း ဘိုင်ဒန်အစိုးရဟာ ရွေးကောက်ပွဲ အနိုင်ရခဲ့ရင် အမေရိကန်မပါတဲ့ အဖွဲ့ဝင် ၁၁ဦးရှိတဲ့ Trans-Pacific Partnership အတွက် ပြည့်စုံ တိုးတက်တဲ့ သဘောတူညီချက်ကို ချက်ချင်းလုပ်ဆောင်မယ်လို့တော့ အဓိပ္ပါယ်မထွက်ပါဘူး။  

ဘိုင်ဒန်ဟာ အိုဘားမားအစိုးရရဲ့ ဆက်ခံမှုဆိုပေမယ့် ဒီမိုကရက်တစ်ပါတီရဲ့ တိုးတက်ရေးအမြင်ရှိတဲ့ လက်ရုံး မီးစဖြစ်တဲ့ TPP နဲ့ပတ်သက်ရင် အတော်လေးကို တိတ်ဆိတ်နေခဲ့တာပါ။ သူဟာ  ကုန်သွယ်မှု သဘောတူညီချက် ကြီးကြီးမပြုခင်မှာ  ပြည်တွင်း ရင်းနှီးမြှုပ်နှံမှု လိုအပ်တဲ့အကြောင်း စကားအတိုက်အခံပြောခဲ့ပါသေးတယ်။

အာရှလူ့အဖွဲ့အစည်းမူဝါဒအင်စတီကျုရဲ့ ဒုတိယကျောင်းအုပ် အမေရိကန် ကုန်သွယ်ရေး လက်ထောက် ကိုယ်စားလှယ်ဟောင်း ဝမ်ဒီ ကတ်တလာက ဘိုင်ဒန်ဟာ အာရှမှာ ယုံကြည်မှု ပြန်လည်တည်ဆောက်ဖို့ လိုအပ်ကြောင်းနဲ့ အမေရိကန်အနေနဲ့ ကုန်သွယ်မှုမှာ ပူးပေါင်းပါဝင်လိုတဲ့အကြောင်းပြသဖို့လိုတယ်လို့ ဆိုပါတယ်။ သူက “ကြားဖြတ်ကဏ္ဍသဘောတူညီချက်တွေ”ဟာ ပြည်တွင်းနဲ့ ပြည်ပ အကဲဆတ်တာတွေကို  ရှောင်ရှားပြီး ချစ်ကြည်ရေးကို တည်ဆောက်နိုင်တဲ့အကြောင်း ထောက်ခံပြောဆိုခဲ့ပါတယ်။ ဒီဂျစ်တယ် ကုန်သွယ်မှု၊ ဆေးဝါးထုတ်ကုန်နဲ့ သဘာဝပတ်ဝန်းကျင်နဲ့ ရာသီဥတုဆိုင်ရာ ကိစ္စတွေဟာ  ဒီသဘောတူညီချက်တွေအတွက် အခြေခံဖြစ်နိုင်ပါတယ်။

အရာအားလုံးကို ပြန်လည်ပြင်ဆင့်မဲ့အစား ကပ်ရောဂါအစောပိုင်းကာလတွေက အမေရိကန်ရဲ့ ကိုယ်ပိုင်အကာအကွယ်ပေးတဲ့ ကိရိယာတွေမလုံလောက်တာကြောင့် ဆေးဝါးထုတ်ကုန်လို အရေးကြီးတဲ့ ထောက်ပံ့ရေး ကွင်း ဆက်တွေကို အမေရိကကို ရွှေ့လာချင်တယ်လို့ ဘိုင်ဒန်က ပြောပါတယ်။  အမေရိကန်ဟာ ထောက်ပံ့ရေးကွင်းဆက် အားနည်းချက်ပြဿနာကို CPTPP မှ ယုံကြည်ရတဲ့ မဟာမိတ်တွေနဲ့ လက်တွဲလုပ်‌ဆောင်လာနိုင်တယ် လို့ ကတ်တလာက ပြောပါတယ်။

တောင်တရုတ်ပင်လယ်

၂၀၁၄၆ ဩစတြေးလျခရီးစဉ်မှာ ဘိုင်ဒန်က အမေရိကန်ဟာ ပင်လယ်လမ်းကြောင်းတွေ လုံခြုံဖို့နဲ့ ကောင်းကင်တစ်ခွင်လုံး ပွင့်လင်းနေစေဖို့ အသေအချာလုပ်ဆောင်သွားမယ်လို့ ကတိပြုခဲ့ပါတယ်။

“အမေရိကန်ပြည်ထောင်စုက ဘယ်မှမသွားဘူး။ အမေရိကန်က ဒီပစိဖိတ်ဒေသမှာ နေပါမယ်”ဟု သူက ဆိုသည်။
 
မဲဆွယ်စည်းရုံးရေးလိုင်းတစ်လျောက်မှာ ဘိုင်ဒန်က အမေရိကန်ရဲ့ ဦးဆောင်မှုကို ပြန်လည်ရရှိရန် ဝါရှင်တန်ရဲ့ မဟာမိတ်တွေကို အင်အားပိုမိုကောင်းအောင် ပြုလုပ်တာရဲ့ အရေးပါမှုကို အလေးအနက်ထားပြောကြားထား ပါတယ်။

ဘိုင်ဒန်ရဲ့ ချဉ်းကပ်မှုဟာ “တရုတ်မူဝါဒနဲ့ ထိပ်တိုက်ရင်ဆိုင်ဖို့သာ မဟုတ်ပဲ မဟာမိတ်တွေ၊ ပါတနာတွေရဲ့ ဒေသတွင်း ပူပန်မှုတွေကိုပါ ဖြေရှင်းဖို့ ” အာရုံစိုက်လုပ်ဆောင်မယ်ဆိုတာဖြစ်ပြီး “အမေရိကန်-တရုတ် ပြိုင်ဆိုင်မှုကို အဆုံးသတ်သွားဖို့ ကြိုးစားမယ်”ဆိုတာဖြစ်တယ်လို့ ဝါရှင်တန်က ဟတ်ဆန်  အင်စတီကျုရဲ့ အာရှ-ပစိဖိတ် လုံခြုံရေး အကြီးအကဲ ပက်ထရစ် ခရိုနင်က ပြောပါတယ်။

အိုဘားမားလက်ထက် အရှေ့အာရှနဲ့ ပစိဖိတ်ဒေသဆိုင်ရာ လက်ထောက်အတွင်းရေးမှူးဖြစ်တဲ့ ဒန်နီယယ် ရပ်ဆဲလ် က ဘိုင်ဒန်ဟာ စကားမှားပြောမိတာကြောင့် စစ်ရေးအရှိန်မြင့်တက်လာတာကို ရှောင်ရှားဖို့ အဆင့်တွေ လုပ်ဆောင်မယ်လို့ ဆိုပါတယ်။ ဒါပေမယ့် ခြားနားမှုမှာ အရေးကြီးတဲ့အချက်ကတကယ်လို့ ဂျိုးဘိုင်ဒန် သမ္မတအဖြစ် ရွေးကောက်ခံရတယ်ဆိုရင် မူဝါဒချမှတ်တဲ့ သမ္မတတစ်ယောက် ရလာခြင်းဖြစ်တယ်” လို့ လက်ရှိမှာ အာရှအဖွဲ့အစည်းမူဝါဒအင်စတီကျုမှာ အလုပ်လုပ်နေတဲ့ ရပ်ဆဲလ်က ပြောပါတယ်။ ဒီနှစ်တွေအတွင်းမှာ တောင်တရုတ်ပင်လယ်က လွတ်လွတ်လပ်လပ် လှုပ်ရှားသွားလာခွင့်လိုဟာမျိုး အမေရိကရဲ့ အပြုအမူတွေဟာ ထရမ့်ဆီက လာတာမဟုတ်ဘဲ  နိုင်ငံခြားရေးဝန်ကြီးဌာနနဲ့ ပန်တဂွန်လို အေဂျင်စီတွေက လာတာဖြစ်တယ်လို့ သူက ဆိုပါတယ်။

 “စစ်သင်္ဘောတွေပဲ ပို့နေတာ မဟုတ်တဲ့ အမျိုးသားလုံခြုံရေး မဟာဗျူဟာရှိလိမ့်မယ်။ ၎င်းမှာ သံတမန်ရေး၊ ပူးပေါင်းလုပ်ဆောင်ခြင်း၊ အာဆီယံနှင့် ဒေသတွင်းဖိုရမ်တွေမှာ ပါဝင်တာတွေ ရှိလိမ့်မယ်” ဟု သူက ပြောပါတယ်။

ထိုင်ဝမ်

 ၂၀၀၁ မှာ ဘိုင်ဒန်က ဒေသတွင်း အမေရိကန်ရဲ့ ပါဝင်ပတ်သက်မှုအတွက် ပိုတင်းကြပ်တဲ့ ချဉ်းကပ်မှုကို ဖော်ပြထားတဲ့ “Not So Deft on Taiwan” ဆိုတဲ့ ထင်မြင်ချက်ကို ဝါရှင်တန် သတင်းစာမှာ ထုတ်ဝေခဲ့ပါတယ်။

ဒီနှစ်တွေအတွင်းမှာ သူဟာ တရုတ်အပေါ် ပိုတင်းမာလာပါတယ်။ ဟောင်ကောင်ဆန္ဒပြပွဲတွေအပေါ် ရှီကျင့်ဖျင်ကို ဝေဖန်ပြောပြီး အမေရိကန်-ထိုင်ဝမ် ဆက်ဆံမှုကို ပိုမာအောင်လုပ်ဆောင်ရင်း  ထိုင်ဝမ်သမ္မတ ဆိုင်ယင်ဝမ် ရွေးကောက်ပွဲအနိုင်ရတာကို ဂုဏ်ပြုပေးတဲ့ ပထမဆုံး ဒီမိုကရက်တစ် သမ္မတလောင်း ဖြစ်ပါတယ်။

တကယ်လို့ ဘိုင်ဒန်သာ ရွေးကောက်ပွဲမှာ အနိုင်ရရင် ထရမ့်အစိုးရရဲ့ ထိုင်ဝမ်ကို လက်နက်ရောင်းချတဲ့ မူဝါဒဟာ သူ့ကို ချည်နှောင်မှုလုပ်နိုင်မှာဖြစ်ပါတယ်။

အိုဘားမားဟာ ထိုင်ဝမ်အတွက် စွမ်းဆောင်ရည်မြင့် ကိရိယာအသစ်တွေ တရားဝင်ခွင့်မပြုခဲ့တဲ့ အကြောင်း နယူးယောက်တက္ကသိုလ်က အမေရိကန်-တရုတ် ဆက်ဆံရေး စင်တာ ဒါရိုက်တာ ဒေးဗစ် ဒန်နွန်းက ပြောပါတယ်။ “ဒါ့ကြောင့် ဘိုင်ဒန် အစိုးရဟာ ထိုင်ဝမ်ကို စစ်လက်နက်ပစ္စည်းတွေ တင်ပို့တာနဲ့ပတ်သက်ပြီး အခွင့်အလမ်း နည်းသွားနိုင်တယ်။ ”

 “တခြားတစ်ဖက်မှာတော့ ထိုင်ဝမ်ကွန်ဂရက်ဟာ ပါတီနှစ်ခု ထောက်ခံမှု အင်မတန် အားကောင်းတာကြောင့် သူဟာ ထိုင်ဝမ်နဲ့ အပြည့်အဝ ဖြတ်နိုင်မှာမဟုတ်ဘူး ” လို့ သူက ပြောပါတယ်။

ရန်း ရှိ အာရှပစိဖိတ်မူဝါဒစင်တာရဲ့ ဒါရိုက်တာ ရာဖစ် ဒေါ်စနီ က အမေရိကန်-ထိုင်ဝမ်ဆက်ဆံရေးကို မောင်းနှင်သူဟာ အမေရိကန်မဟုတ်ဘဲ ထိုင်ဝမ်ဖြစ်တယ်လို့ ပြောပါတယ်။

တကယ်လို့ ထိုင်ဝမ်နဲ့ ပြည်မကို အုပ်ချုပ်နေတဲ့ နိုင်ငံရေးပါတီတွေကြားမှာ ဆက်ဆံရေးက ပို ဆိုးရွားလာရင် “ ဘိုင်ဒန်က ထိုင်ဝမ်ကို ထောက်ခံပြီး တရုတ်ကို တင်းမာဖို့ မျှော်လင့်တယ်” လို့ ဒေါ်စနီ က ပြောပါတယ်။ “တစ်ဘက်က တကယ်လို့ ဆက်ဆံရေး တည်ငြိမ်လာရင် တရုတ်ရဲ့ စိုးရိမ်မှုတွေကို ဆွေးနွေးဖို့ နေရာရှိလာမှာပါ။”

အာရှရှိ မြောက်အမေရိကနှင့် အမေရိကန် တပ်များ

မြောက်ကိုရီးယားကို နျူကလိယဖယ်ရှားဖို့ ဖိအားပေးဖို့အတွက် ဂျပန်၊ တောင်ကိုရီးယားနဲ့ ဩစတြေးလျအပါအဝင် မဟာမိတ်နိုင်ငံတွေနဲ့ တရုတ်အပါအဝင် တခြားသော နိုင်ငံတွေနဲ့ အတူတူလုပ်ဆောင်လိုတယ်လို့ ဘိုင်ဒန် ကပြောပါတယ်။ ဒါ့အပြင် သူဟာ ရရှားနဲ့ ပူးပေါင်းဆောင်ရွက်ပြီးဒေသတွင်း လက်နက်ထိန်းချုပ်မှုကို တင်းကြပ်လိုနေပါတယ်။

အဲဒီကိစ္စဟာ သူနဲ့ အမျိုးသားလုံခြုံရေးအကြံပေးဟောင်း ဂျွန်ဘောလ်တန်နဲ့ များစွာသော အစီအရင်ခံစာတွေအရ အရှေ့မြောက်အာရှဒေသက ဝါရှင်တန်ရဲ့ အကြာဆုံးလက်တွဲလာတဲ့ မဟာမိတ်တွေဖြစ်တဲ့ ဂျပန်နဲ့ တောင်ကိုရီးယားတို့က အမေရိကန်ဒေါ်လာ ဘီလီယံနဲ့ချီတဲ့ထောက်ပံ့ကြေးတွေမပေးရင် အဲဒီနိုင်ငံက စစ်တပ်တွေ ပြန်လည်ရုတ်သိမ်းဖို့ ခြိမ်းခြောက်နေတဲ့ ထရမ့်နဲ့ ဆန့်ကျင်ဘက်ဖြစ်နေပါတယ်။  

“ ကျွန်တော်တို့နဲ့ တောင်ကိုရီးယားနဲ့ ဆက်ဆံရေးက ထိခိုက်နေပြီလို့ ထင်တယ်”ဟု ဟတ်ဆန် အင်စတီကျူရဲ့ ခရိုနင်က ပြောပါတယ်။

“ ဘိုင်ဒန်က အချက်ပြတာတွေ အများကြီး စောစောပေးနိုင်ပါလိမ့်မယ်။ သူရဲ့ အတွင်းရေးမှူးကို ဒေသတွင်း ချက်ချင်းပို့ပေးပြီးတော့ မတူကွဲပြားတဲ့ စကားကို ဆိုလိမ့်မယ်။” သူ့အနေနဲ့ ဘိုင်ဒန်ဟာ တောင်ကိုရီးယား၊ ဂျပန်နဲ့ ဆက်ဆံရေးကို တိုးတက်စေဖို့ နိုင်ငံရေးစိတ်ဆန္ဒတစ်ချို့ကို အသုံးပြုဖို့နဲ့ ရှေ့ဆက်ဖို့ ဆန္ဒရှိတယ်လို့ ပြောပါတယ်။

ပြီးခဲ့တဲ့အပတ်က မြို့တော်ခန်းမမှာ အေဘီစီသတင်းဌာန နဲ့ ထရမ့်ရဲ့ နိုင်ငံခြားရေး မူဝါဒနဲ့ပတ်သက်ပြီး သုံးမိနစ်အကဲဖြတ်တဲ့ အစီအစဉ်မှာ ဘိုင်ဒန်က “ဂျပန်၊ တောင်ကိုရီးယားတို့နဲ့ ဆန့်ကျင်ဘက်တွေလုပ်နေတယ်”ဟူသော အချက်ကို ပြောပြီး၊ သူရဲ့ အစိုးရဟာ ပြုပြင်ပြောင်းလဲမှုလုပ်သွားမယ်လို့ ဆိုပါတယ်။

ဒတ်မောက်ကောလိပ်က နိုင်ငံရေးသိပ္ပံပါမောက္ခ ဂျနီဖာလင်ဒ်က ဒုတိယသမ္မတဟောင်းဟာ ပြုံယမ်းနဲ့ပတ်သက်ရင် အရင်နည်းလမ်းဟောင်းတွေအတိုင်း ပြန်သွားနေတယ်လို့ မြင်တယ်လို့ဆိုပါတယ်။

“ဘိုင်ဒန်က မြောက်ကိုရီးယားအပေါ်မှာ အဟန့်အတားနဲ့ ရံဖန်ရံခါ ကြိုးပမ်းမှုတွေ ရောနေတဲ့ ကာလရှည်ကြာ အမေရိကန် ချဉ်းကပ်မှုအတိုင်း ဆက်သွားမယ်လို့ မျှော်လင့်တယ်”လို့ လင်းဒ် က ပြောပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required