အိန္ဒိယမှာ လေထုညစ်ညမ်းမှု ဆိုးနေ 

21 October 2020
အိန္ဒိယမှာ လေထုညစ်ညမ်းမှု ဆိုးနေ 

COVID-19 ကပ်ရောဂါဒဏ် အလူးအလဲရင်ဆိုင်နေရတဲ့ အိန္ဒိယနိုင်ငံကမြို့ကြီးတွေမှာ ကပ်ရောဂါ ထိန်းချုပ်ရေး ကန့်သတ်ချက်တွေကြောင့် ယာဉ်အသွားအလာကင်းပြီး လေထုသန့်စင်နေခဲ့ပါတယ်။ ဒါပေမယ့်လည်း ကန့်သတ်ချက်တချို့ ဖြေလျှော့ပေး လိုက်တဲ့အချိန်မှာပဲ နိုင်ငံမြောက်ပိုင်းတလျှောက် တောင်ယာမီးရှို့ကြ တာတွေကြောင့် မြို့ကြီးတွေမှာ လေထုညစ်ညမ်းမှု ပြန်ဖြစ်လာတာပါ။ ကပ်ရောဂါကူးစက်ခံရပြီး ညစ်ညမ်းလေထုပါရှုရှိုက်ရရင် အသက်ဆုံးရှုံးနိုင်တဲ့ လူနာတွေ တိုးလာနိုင်တယ်လို့ ကျန်းမာရေးပညာရှင်တွေက သတိပေးနေတာပါ။ ရိုက်တာသတင်းကို နန်းလောင်ဝ်က တင်ပြထားပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly