ဘုတ်ပြင်းမြို့နယ်တွင် နှင်းဆီ ပါတီဝင်များ ပြည်ခိုင်ဖြိုးကို ထောက်ခံသွားမည်ဟုဆို

ဘုတ်ပြင်းမြို့နယ်တွင် နှင်းဆီ ပါတီဝင်များ ပြည်ခိုင်ဖြိုးကို ထောက်ခံသွားမည်ဟုဆို
ဓာတ်ပုံ - ဒီမိုးသွေး (မြိတ်)

အောက်တိုဘာ (၂၁)

ဘုတ်ပြင်းမြို့နယ်တွင် အင်အား တစ်သောင်းကျော်ခန့်ရှိသည့် နှင်းဆီပါတီဟုလူသိများသော ညီညွတ်သောဒီမိုကရက်တစ်ပါတီ (UDP)ဝင်များ အနေဖြင့် လာမည့် ရွေးကောက်ပွဲတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ (USDP) ကို ထောက်ခံသွားမှာဖြစ်ကြောင်း ဖျက်သိမ်းလိုက်ခံရသော နှင်းဆီပါတီ၏ ဘုတ်ပြင်းမြို့နယ် စည်းရုံးရေးမှူး ဦးတင်ကျော်ခိုင်က ပြောဆိုသည်။

“ကျွန်တော်တို့ ပါတီကို ပယ်ဖျက်ခံလိုက်ရပြီး ဆိုတော့ ရွေးကောက်ပွဲမှာ ဝင်ပြိုင်လို့ မရတော့ပါဘူး၊ ဒီ အတွက် အကြောင်း ပါတီဝင်တွေရဲ့ သဘော ဆန္ဒ အရ နှင်းဆီ အနေနဲ့ ပြည်ခိုင်ဖြိုးပါတီ ထောက်ခံ အားပေး ဝိုင်းရံ သွားဖို့ပဲ ရှိတာပါ၊ ပါတီ ကူးပြောင်း တာတော့ မဟုတ်ဘူး”ဟု ဦးကျော်တင်ခိုင်က ပြောသည်။

 

ဓာတ်ပုံ - ဒီမိုးသွေး (မြိတ်)

နှင်းဆီ ပါတီ အနေဖြင့် အတိုက်အခံပါတီဖြစ်သော ပြည်ခိုင်ဖြိုး၏ မူဝါဒများ၊ ဘာသာရေး၊ လူမှုရေးနှင့် ပရဟိတပိုင်း ဆိုင်ရာ လုပ်ငန်းများကို ကြိုက်နှစ်သက်၍ ဝန်းရံခြင်း ဖြစ်သည်ဟု ၎င်းကပြောသည်။

သို့သော် ပါတီဝင်ဟောင်းများသည် ရွေးကောက်ပွဲ နောက်ပိုင်းကာလတွင် ပရဟိတ လုပ်ငန်းများကို လုပ်ဆောင်သွားရန် အစီအစဉ် ရှိနေသည့် အပြင် အခြားနိုင်ငံရေးပါတီတစ်ခု ထူထောင် ဖွဲ့စည်းသွားရန်ရှိကြောင်း ဦးကျော်တင်ခိုင်က ထပ်လောင်း ပြောသည်။

ရွေးကောက်ပွဲတွင် ဝန်းရံ ထောက်ခံ အားပေးရန်အတွက် အောက်တိုဘာလ ၂၀ ရက်နေ့တွင် မြို့နယ်ပြည်ခိုင်ဖြိုးပါတီ တာဝန်ရှိသူများနှင့် သွားရောက် တွေ့ဆုံခဲ့ကြောင်းသိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required