တရုတ်၏ ဩဇာကို တန်ပြန်ရန် သီရိလင်္ကာနှင့် မော်လ်ဒိုက်သို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး သွားရောက်ရန် ရှိ

တရုတ်၏ ဩဇာကို တန်ပြန်ရန် သီရိလင်္ကာနှင့် မော်လ်ဒိုက်သို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး သွားရောက်ရန် ရှိ

အောက်တိုဘာ ၂၁

ဒေသတွင်း တရုတ်၏ ကြီးထွားလာနေသော ဩဇာကို တန်ပြန်နိုင်ရေး အမေရိကန်၏ ကြိုးပမ်းလျက်ရှိနေသည့် အချိန်၌ နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်ပဲယိုသည် သီရိလင်္ကာနှင့် မော်လ်ဒိုက်နိုင်ငံများသို့ လာရောက်လည်ပတ်မည်ဖြစ်ကြောင်း ယင်းနှစ်နိုင်ငံစလုံးမှ တာဝန်ရှိသူများက အောက်တိုဘာ ၂၀ ရက်တွင် ပြောသည်။

ပွန်ပဲယိုသည် အောက်တိုဘာ ၂၈ ရက်၌ ကိုလံဘိုတွင် နှစ်ဦးနှစ်ဖက် ဆွေးနွေးပွဲများ ကျင်းပမည်ဟု သီရိလင်္ကာနိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောခွင့်ရှိသူက ဆိုသော်လည်း အသေးစိတ် မထုတ်ပြန်ပေ။

ယင်းနေ့ တစ်ရက်တည်းမှာပင် မော်လ်ဒိုက်၏ မြို့တော် မာလေး၌ ပွန်ပဲယိုက အချိန်အတော်ကြာ လာရောက်ရန် ရှိနေသည်ဟု ခရီးစဉ်နှင့် နီးစပ်သူ နှစ်ဦးက ပြောသည်။

“တရားဝင် နိုင်ငံခြားကိုယ်စားလှယ်တွေရဲ့ အခု ခရီးစဉ်နဲ့ ပတ်သက်တဲ့ အစီအစဉ်ကို ကြေညာအတည်ပြုပေးပါမယ်။”ဟု မော်လ်ဒိုက်နိုင်ငံခြားရေးဝန်ကြီးရုံးက ထုတ်ပြန်ချက်တစ်ရပ်၌ ဆိုသည်။

ယခု လအတွင်းမှာပင် တရုတ် ထိပ်တန်းသံတမန် ယန်ကျဲ့ချီက မော်လ်ဒိုက်နိုင်ငံသို့ လာရောက်လည်ပတ်ထားသည်။ မကြာသေးသော နှစ်များအတွင်း တရုတ်နိုင်ငံသည် သီရိလင်္ကာနှင့် မော်လ်ဒိုက်နိုင်ငံတို့တွင် အရေးပါသော အခြေခံ အဆောက်အအုံများအတွက် ဘဏ္ဍာငွေ ထောက်ပံ့ပေးခြင်းနှင့် တည်ဆောက်ပေးခြင်းများ တိုးမြှင့်ပေးလာခြင်းကြောင့် ဒေသတွင်း အစဉ်အလာ အင်အားကြီးနိုင်ငံဖြစ်သည့် အိန္ဒိယအတွက် တပ်လှန့်သလို ဖြစ်ခဲ့သည်။

ယခုလအတွင်းမှာပင် ပွန်ပဲယိုသည် ကာကွယ်ရေးဝန်ကြီး မက် အက်စပါနှင့်အတူ အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီး ဆိုဘရာမာနီယမ်  ဂျဲရှင်းကဲ့နှင့် ကာကွယ်ရေးဝန်ကြီး ရာဂျီနက် ဆင်းချ်တို့နှင့် တွေ့ဆုံဆွေးနွေးရန် နယူးဒေလီသို့ လာရောက်ရန်ရှိကြောင်း အိန္ဒိယအစိုးရသတင်းရင်းမြစ်တစ်ရပ်က ပြီးခဲ့သည့် သီတင်းပတ်တွင် ပြောထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required