ကိုဗစ်ကာကွယ်ဆေးထိုးပြီး စာသင်ကျောင်းများကို ပြန်ဖွင့်ပေးတော့မယ်ဆိုတဲ့ သတင်းအမှား  

ကိုဗစ်ကာကွယ်ဆေးထိုးပြီး စာသင်ကျောင်းများကို ပြန်ဖွင့်ပေးတော့မယ်ဆိုတဲ့ သတင်းအမှား  

အောက်တိုဘာ ၂၀  

အခုအခါမှာတော့ ကိုဗစ်ကာကွယ်ဆေးထိုးပေးပြီး စာသင်ကျောင်းတွေကို ပြန်ဖွင့်ပေးတော့မယ်ဆိုတဲ့ သတင်းအမှားကိုပြောပြချင်ပါတယ်။  

အဲ့ဒီသတင်းထဲမှာတော့ ကိုဗစ်ကာကွယ်ဆေးထိုးပေးပြီး စာသင်ကျောင်းတွေကို ပြန်ဖွင့်ပေးတော့မည် 

ကလေးငယ်တွေ ရဲ့ပညာရေးအတွက် စဉ်းစားပြီးအကောင်းဆုံးဖြစ်စေနိုင်ဖို့အတွက် ကိုဗစ်ကာကွယ်ဆေးတွေကို သေချာစီစဉ်ပြီး ထိုးပေးသွားမှာပါ။ 

ကိုဗစ်ကာကွယ်ဆေးထိုးပြီးသွားမှသာ စာသင်ကျောင်းတွေကိုပြန်လည်ဖွင့်လှစ်နိုင်မှသာ တက္ကသိုလ်ဝင်စာမေးပွဲကို စစ်ဆေးပေးသွားမှာပါ။  

အားလုံးသေချာစီစဉ်ပြီး အားလုံးအတွက်စိတ်ချရမှသာ တက္ကသိုလ်ဝင်စာမေးပွဲတွေကိုပြုလုပ်သွားမှာဖြစ်တယ်လို့ အခြေခံပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်ကပြောပါတယ်။ အခြေခံပညာဦးစီးဌာန ဆိုပြီးပါရှိပါတယ်။  

ဒီသတင်းနဲ့ပတ်သက်လို့အချက်အလက်စစ်ဆေးကြည့်ရာမှာ ဒီသတင်းဟာ ဘယ်သတင်းဌာနကို ကိုးကားပြီး ဖော်ပြထားတာမရှိပါဘူး။  

လက်ရှိ အခြေခံပညာကျောင်းတွေရဲ့ ကျောင်းဖွင့်မဖွင့်အခြေအနေနဲ့ပတ်သက်လို့ မဇ္ဈိမကနေလည်း အခြေခံ ပညာတန်းများရဲ့ သင်ခန်းစာတွေကို ရုပ်မြင်သံကြား၊ အွန်လိုင်းနဲ့ ရေဒီယိုတွေက တစ်ဆင့် သင်ကြားပို့ချနိုင်ရန် အခြေခံပညာဦးစီးဌာန စီစဉ်နေဆိုတဲ့ သတင်းခေါင်းစဉ်နဲ့ အောက်တိုဘာ ၁၉ရက်နေ့က ဖော်ပြထားပါတယ်။  

အဲ့ဒီသတင်းထဲမှာတော့ အခြေခံပညာဦးစီးဌာနရဲ့ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာတင်မောင်ဝင်းက အွန်လိုင်းရနိုင်တဲ့နေရာတွေမှာ အွန်လိုင်းနဲ့၊ အွန်လိုင်းမရနိုင်တဲ့ မြို့နယ် ၂၀ မှာ လျှပ်စစ်မီးရှိရင် တီဗွီနဲ့၊ လျှပ်စစ်လည်းမရှိ တီဗွီလည်းမရှိတဲ့နေရာတွေမှာ ရေဒီယိုနဲ့ သင်ကြားပို့ချပေးသွားမယ်လို့လည်း ပြောသွားပါတယ်။  

ဒီသတင်းမှာအသုံးပြုထားတဲ့ပုံတွေဟာ ကိုဗစ်ပထမလှိုင်းအပြီးတုန်းက ကျောင်းတက်ခဲ့တဲ့ပုံတွေနဲ့ တရုတ်နိုင်ငံက ဓာတ်ပုံတစ်ပုံကို အသုံးပြုထားတာကိုလည်းတွေ့ရပါတယ်။  

ဒါနဲ့ပတ်သက်လို့ အခြေခံပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာတင်မောင်ဝင်းက ဒီသတင်းဟာ သတင်းအမှားဖြစ်တဲ့အကြောင်း ဖြေဆိုထားပါတယ်။ နားဆင်ကြည့်ကြတာပေါ့။

တင်ဆက် - ဆုမြတ်မေဇော်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required