ကယားပြည်နယ် ဝန်ကြီးချုပ်နှင့် လွှတ်တော် ဥက္ကဋ္ဌတို့အမှု အောက်တိုဘာ ၂၇ တွင် အပြီးသတ် ဆုံးဖြတ်ချက်ချမည်

ကယားပြည်နယ် ဝန်ကြီးချုပ်နှင့် လွှတ်တော် ဥက္ကဋ္ဌတို့အမှု အောက်တိုဘာ ၂၇ တွင် အပြီးသတ် ဆုံးဖြတ်ချက်ချမည်

အောက်တိုဘာ၊ ၂၀ ၊၂၀၂၀

ကယားပြည်နယ် ဝန်ကြီးချုပ်ဟောင်း ဦးအယ်လ်ဖောင်းရှိုနှင့် ကယားပြည်နယ် လွှတ်တော် ဥက္ကဋ္ဌ ဦးလှထွေးတို့၏ အမှုကို လာမည့် အောက်တိုဘာလ ၂၇  ရက်နေ့ နံနက် ၁၀ နာရီတွင် အပြီးသတ် ဆုံးဖြတ်ချက် ချမှတ်မည် ဖြစ်ကြောင်း နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာခုံရုံး အင်တာနက် စာမျက်နှာတွင် ယနေ့ သတင်းထုတ်ပြန်ထားသည်။  

ဝန်ကြီးချုပ်ဟောင်း ဦးအယ်ဖောင်းရှိုအနေဖြင့် နိုင်ငံတော် သမ္မတထံမှတဆင့် တိုင်ကြားထားသည့် နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပုဒ်မ ၂၆၃ အား အနက်အဓိပ္ပာယ် ဖွင့်ဆိုရန် လိုအပ်ခြင်း ရှိ၊ မရှိ အပါအဝင် အကြောင်း အရာ အချက် သုံးချက်တို့ကို အပြီးသတ် ဆုံးဖြတ်မည် ဖြစ်ကြောင်း သိရသည်။  

ယင်းအမှုကို အွန်လိုင်းမှတစ်ဆင့် e-Court စနစ်ဖြင့် ပြီးခဲ့သည့် အောက်တိုဘာလ ၆ ရက်နေ့က နှစ်ဖက် အပြန်အလှန် ကြားနာခဲ့သည်။ အမှုကြားနာမည် နေ့ရက်နှင့် အချိန်ကိုလည်း ကယားပြည်နယ် လွှတ်တော်သို့ အကြောင်းကြားထားပြီး ဖြစ်ကြောင်း သိရသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly