နိုင်ငံအတွက်ဆိုးကျိုးဖြစ်စေမယ့်ရည်ရွယ်ချက်မှန်သမျှ အမြစ်ပြတ်ချေမှုန်းသွားမယ်လို့ ထိုင်းဝန်ကြီးချုပ်ပြော 

နိုင်ငံအတွက်ဆိုးကျိုးဖြစ်စေမယ့်ရည်ရွယ်ချက်မှန်သမျှ အမြစ်ပြတ်ချေမှုန်းသွားမယ်လို့ ထိုင်းဝန်ကြီးချုပ်ပြော 
Photo - AFP

အောက်တိုဘာ ၂၀  

ထိုင်းဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာဟာ အောက်တိုဘာ ၂၀ ရက်မှာပြုလုပ်တဲ့ ကက်ဘိနက်အစည်းအဝေးအပြီးမှာ နိုင်ငံအတွက် ဆိုးကျိုးဖြစ်စေမယ့်ရည်ရွယ်ချက်မှန်သမျှအားလုံးကို အမြစ်ပြတ်ချေမှုန်းဖို့က သူ့ရဲ့တာဝန်ဖြစ်တယ်လို့ မျိုးချစ်စိတ်ဖော် ကျူးတဲ့ မိန့်ခွန်းကို ပြောဆိုလိုက်ပါတယ်။

ပရာယွတ်က “မျိုးချစ်စိတ်ဓာတ်ရှင်သန်ထက်မြက်စေတဲ့သီချင်းနားထောင်ပြီးရင် ခင်ဗျားတို့ တစ်စုံတစ်ရာခံစားမိပါသလား။ ကျွန်တော်တို့ဟာ ထိုင်းမျိုးရိုးက ဆင်းသက်လာတဲ့ ထိုင်းပြည်သူတွေဖြစ်ပါတယ်။ သစ္စာရှိစွာနဲ့နေထိုင်ပါ။ သစ္စာစောင့်သိစွာနဲ့သေဆုံးပါ။ ဒါဟာ ထိုင်းပြည်သူပြည်သားတွေအားလုံးနဲ့ အစိုးရရဲ့ တာဝန်ပဲဖြစ်ပါတယ်” 

“ကျွန်တော်နဲ့ ပြည်သူတွေအားလုံးရဲ့တာဝန်က နိုင်ငံတော်အတွက် မကောင်းမှုနဲ့ဆိုးကျိုးတွေဖြစ်စေမယ့် ရည်ရွယ်ချက်တွေအားလုံးကို အမြစ်ပြတ်ချေမှုန်းပြီး ကာကွယ်ရမှာဖြစ်ပါတယ်။ နိုင်ငံအတွင်းမှာ သဘောထားကွဲလွဲမှုနဲ့ ပရမ်းပတာအခြေအနေတွေဖြစ်အောင်လုပ်တာတွေ၊ မငြိမ်သက်မှုတွေကို ဖြစ်အောင်ဖန်တီးလှုံ့ဆော်တဲ့ ကြိုးပမ်းအားထုတ်မှုတွေကို  ခွင့်ပြုမှာမဟုတ်ပါဘူး” 

“မမှန်ကန်တဲ့ သတင်းအချက်အလက်အမှားတွေကို အမြဲတစေ ထုတ်ပြန်နေတဲ့ တချို့မီဒီယာတွေကလွဲလို့ မီဒီယာလွတ်လပ်ခွင့်အရေးကြီးမှုကို ကျွန်တော်တို့အစိုးရက အလေးထားဦးစားပေးပါတယ်” လို့ပြောခဲ့ပါတယ်။  

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly