နယူးယော့ခ်ကော့စမိုအသင်းနှင့် ဖလားရပြီးနောက် ကစားသမားဘဝမှ ရာအူးလ်အနားယူ

နယူးယော့ခ်ကော့စမိုအသင်းနှင့် ဖလားရပြီးနောက် ကစားသမားဘဝမှ ရာအူးလ်အနားယူ

နိုဝင်ဘာ ၁၆၊ နယူးယော့ခ် ။           ။ အော့တာဝါဖူရီအသင်းကို ၃-၂ ဂိုးဖြင့်အနိုင်ရပြီး နယူးယော့ခ်ကော့စမိုအသင်းနှင့်အတူ NASL ဖလားရပြီးနောက် ရီးယဲလ်မက်ဒရစ်ကစား သမားဟောင်းနှင့် စပိန်ဂန္ထဝင်ကစားသမား ရာအူးလ်သည် ကစားသမားဘဝမှ အနားယူသွားပြီဖြစ်သည်။

ရာအူးလ်သည် ရီးယဲလ်မက်ဒရစ်အသင်းတွင် ၁၆ နှစ်ကြာကစားပြီးနောက် ၂၀၁၄ ရာသီကုန်တွင် ကော့စမိုအသင်းသို့ မပြောင်းမီ ဘွန်ဒက်စ် လီဂါကလပ် ရှော်လ်ကေး၊ ကာတာကလပ် အယ်ဆတ်အသင်း များတွင် ကစားခဲ့သေးသည်။

နယူးယော့ခ်ကော့စမိုအသင်းနှင့်ဖလားရရှိခြင်းမှာ အသက် ၃၈ နှစ်အရွယ်ကစားသမားအတွက် ကစားသမားဘဝနှစ်ပေါင်း ၂၁ နှစ်အတွင်း ၂၂ လုံးမြောက် ဆုဖလားရရှိခြင်းလည်းဖြစ်သည်။
တနင်္ဂနွေညက ကစားခဲ့သောပွဲအပြီးတွင် ကော့စမိုနည်းပြ ဆာဗာရီဆီက ရာအူးလ်ကိုအသင်း၏ သံတမန်တစ်ဦးသဖွယ် ချီးကျူးခဲ့သည်။

"ကျွန်တော်တို့အသင်းမှာ ရာအူးလ်ကိုသံတမန်တစ်ယောက်အဖြစ်ပိုင်ဆိုင်ရတာ ဂုဏ်ယူစရာပါ။ သူက ကွင်းတွင်းမှာရော ကွင်းပြင်မှာ စံနမူနာ ကောင်းတစ်ယောက်ဖြစ်ပါတယ်။ အမေရိကန်မှာ ရာအူးလ် ကကျော်ကြားပါတယ်။ ကစားသမားအနည်းငယ်လောက်သာ ရာအူးလ်လို လေးစားခံရတာပါ။ အနားယူပြီးနောက်မှာ သူ့စိတ်တိုင်းကျသူလုပ်ပါလိမ့်မယ်။ သူဖြစ်ချင်တာလဲ ဖြစ်လာလိမ့်မယ်။

ဘယ်လမ်းကိုပဲရွေးရွေး ပရော်ဖက်ရှင်နယ်တစ်ယောက်အဖြစ် အောင်မြင်ဖို့အဆင်သင့်ဖြစ်နေပါလိမ့်မယ်။ အားကစားလောကမှပဲ သူဆက်ရှိ နေမယ်ဆိုတာ ကျွန်တော်သံသယ မရှိပါဘူး။ ဘောလုံးနဲ့အမြဲ ပတ်သက်နေမှာ သေချာတယ်"ဟု ဆာဗာရီဆီက ပြောသည်။

Ref; Daily Mail

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly