တရုတ်၏ ဒီဂျစ်တယ်ပိုက်ဆံ ဒေါ်လာ ၁.၅သန်း ပေးကမ်းမှုသည် လေ့လာဆန်းစစ်သူများကို အံ့အားသင့်စေ၊ ဈေးဝယ်သူများကတော့ သိပ်မကြိုက်လှ

တရုတ်၏ ဒီဂျစ်တယ်ပိုက်ဆံ ဒေါ်လာ ၁.၅သန်း ပေးကမ်းမှုသည် လေ့လာဆန်းစစ်သူများကို အံ့အားသင့်စေ၊ ဈေးဝယ်သူများကတော့ သိပ်မကြိုက်လှ

အောက်တိုဘာ ၂၀

တရုတ်၏ ရှန်ဇန် မြို့သားများအား စမ်းသပ် ဒီဂျစ်တယ် ယွမ် အမေရိကန်ဒေါ်လာ ၁.၅သန်း (ပေါင် ၁.၁၆ သန်း) ပေးဝေခြင်းသည် တနင်္ဂနွေနေ့တွင် ငွေကြေးဆိုင်ရာ လေ့လာဆန်းစစ်သူများထံမှ ချီးကျူးခြင်းခံခဲ့ရပြီး အချို့သောအသုံးပြုသူများ၏ သံသ ယများကမူ နေရာအနှံ့ရှိ  Alipay app ကဲ့သို့ ရှိနေပြီးသား ဈေးဝယ်ပစ္စည်းများကို ပိုမိုသဘောကျကြောင်းဆိုသည်။

တစ်ပတ်တာ အစီအစဉ်အရ တရုတ်ပြည့်သူ့ဘဏ် (PBOC) သည် နိုင်ငံ၏ ငွေကြေးလက်ဆောင်ပေးခြင်းဓလေ့ကို ထင်ဟပ်သည့် ဒီဂျီတယ် “အနီရောင်စာအိတ်” များကို မဲဖောက်ရွေးချယ်ထားသော သုံးစွဲသူ ၅၀၀၀၀ အား ယွမ် ၂၀၀ (အမေရိကန်ဒေါ် လာ ၂၉.၇၅) အား ပေးခဲ့သည်။

အွန်လိုင်းပိုက်ဆံအိတ်သည် ဘဏ်တွင် အကောင့်ရှိစရာမလိုဘဲ အက်ပလီကေးရှင်းတစ်ခုမှတစ်ဆင့် အသုံးပြုနိုင်ပြီး တရုတ်၏ စတုတ္ထအကြီးဆုံးမြို့ရှိ  ဇိမ်ခံပစ္စည်းရောင်းချသူများမှအစ မုန့်ဆိုင်များအဆုံး မြို့လယ်ဆိုင်များတွင် စမတ်ဖုန်း scan များမှတစ်ဆင့် ငွေပေးချေမှု ပြုလုပ်နိုင်သည်။
 
ကမ္ဘာ့ဒုတိယအကြီးမားဆုံး စီးပွားရေးတွင် ယနေ့အထိ အကြီးဆုံး စမ်းသပ်မှုသည်  ကမ္ဘာ့ ဗဟိုဘဏ်များအကြား ပထမဆုံး ဒစ်ဂျစ်တယ်ငွေကြေး ဗဟိုဘဏ်ဖြစ်လာသောကြောင့် လေ့လာဆန်းစစ်သူများသည် ပေကျင်းအတွက် ရှေ့ဆက်ရန်ခြေ လှမ်းကို ဂုဏ်ပြုခဲ့ကြသည်။

“ပြီးခဲ့တဲ့အပတ်က ဖြစ်ရပ်က ဒီဂျီတယ်ယွမ်က အတွင်းပိုင်း သီအိုရီပိုင်းဆိုင်ရာစမ်းသပ်မှုကနေ တစ်ကယ့်‌အပြင်မှာ သုံးလို့ရသွားကြောင်းကို ပြတယ်”ဟု ခရစ်တိုပိုက်ဆံ ကုန်သွယ်ရေး ပလက်ဖောင်း HKbitEX ကို တွဲဖက်တည်ထောင်သူ ရှီဘင်း က ဆိုသည်။

သို့သော် ၎င်းသည် နိုင်ငံခြားစောင့်ကြည့်လေ့လာသူများကို ကြောက်ရွံ့စေခဲ့သည်။ Swift ကဲ့သို့ လက်ရှိရှိနေပြီးဖြစ်သော ဘဏ္ဍာရေးဆိုင်ရာအဆောက်အဦ ပြင်ပတွင် လုပ်ဆောင်သော ဒီဂျစ်တယ်ယွမ်သည် နိုင်ငံတကာအားဆွဲဆောင်နိုင်လျင် ကမ္ဘာ့ငွေပေးချေမှုစနစ်တွင် အမေရိကန်ဒေါ်လာ၏ လွှမ်းမိုးမှုကို ထိခိုက်စေလိမ့်မည်။

PBOC သည် ရှန်ဇန် ရှေ့ပြေးအစီအစဉ် ဘယ်လိုဖြစ်သွားလဲဆိုသော ရိုက်တာ၏ မေးခွန်းကို ချက်ချင်းတုံ့ပြန်မှုမပေးခဲ့ပါ။
 
ယခုလအစောပိုင်းတွင် အမေရိကန်၊ ဗြိတိန်နှင့် ဂျပန်အပါအဝင် ဗဟိုဘဏ်များသည် ဒီဂျစ်တယ်ငွေကြေးလုပ်ဆောင်ရန် အဓိကစည်းမျဉ်းများ ချမှတ်ခဲ့သည်။

ANZ မှ တရုတ်စီးပွားရေးပညာရှင် အကြီးအကဲ ရေမွန် ယွန်း က ဒီဂျီတယ်ယွမ်သည် အာဏာပိုင်များအား ငွေကြေးလှည့်လည်စီးဆင်းပုံကို ပိုမို အနီးကပ် စောင့်ကြည့်ခွင့်ပြုခြင်းအားဖြင့် ပြည်တွင်းတွင် ပိုမိုကောင်းသော ရလဒ်များရလာပြီး ငွေကြေးခဝါချမိုကို ကာကွယ်နိုင်လိမ့်မည်ဟု ပြောသည်။ ၎င်းသည် ပိုမို ရည်မှန်းထားသော ငွေကြေးမူဝါဒကိုနိုင်သည်။ သို့မဟုတ် အဆုံးစွန်ဆိုရလျင် ငွေသားအပေါ် အနှုတ်အတိုးနှုန်းကို စည်းကြပ်နိုင်မည်ဖြစ်သည်။

သူက သာမာန်လူများအနေဖြင့် WeChat သို့မဟုတ် Alipayကဲ့သို့ မိုဘိုင်းဖုန်းအခြေခံ ငွေပေးချေမှုပလက်ဖောင်းများအစား ဒီဂျစ်တယ်ယွမ်နှင့် ဈေးဝယ်ကြမည်လား ဆိုသည်မှာ ရောင်းချသူက ၎င်းကို အသုံးပြုရန် အားပေးလှုုံ့ဆော်သော မက်လုံးများပေါ်မူတည်ကြောင်း ပြောသည်။

e-commerce ကုမ္ပဏီကြီးဖြစ်သော Alibaba Group Holding Ltd ၏ တွဲဖက်ကုမ္ပဏီမှ လုပ်ကိုင်သော Alipay နှင့် Tencent Holding Ltd ၏ WeChat Pay အက်ပလီကေးရှင်းများသည် ဈေးကွက်ကို လွှမ်းမိုးလျက်ရှိပြီး တရုတ်အား ကမ္ဘာ့ အဆင့်အမြင့်ဆုံး ငွေပေးချေမှုဈေးကွက်တွင် တစ်ခုအပါအဝင်ဖြစ်လာစေသည်။

 ရှန်ဇန်းတွင် Dolce & Gabbana မှအစ စူပါမားကတ်များအဆုံး ဆိုင်ပေါင်း ၃၀၀၀ကျော်ခန့်သည် မိုဘိုင်းအက်ပလီကေးရှင်းတွင် ထည့်သွင်းထားသော QRကုဒ်များကို scanဖတ်ရန် အထူးကိရိယာများကို တစ်စိတ်တစ်ပိုင်း သို့မဟုတ် အပြည့်အဝအသုံးပြုနိုင်ရန် ကုန်ပစ္စည်းများအတွက် ဒီဂျစ်တယ်ယွမ်ဖြင့် ငွေပေးချေမှုကို ပြီးခဲ့သော အပတ်က လက်ခံခဲ့သည်။ စုစုပေါင်း ပေးဝေမှုမှ မည်မျှ သုံးစွဲခဲ့သည် မည်သည့်နေရာတွင် သုံးစွဲခဲ့သည်ဆိုသည်မှာ ချက်ချင်း မရှင်းလင်းခဲ့ပါ။
 
ပေးဝေမှုကို လက်ခံရရှိသည့် အခြားစနစ်ဖြင့် ကုန်ပစ္စည်းများအတွက် ဖုန်းများဖြင့် scan ဖတ်ပြီး ငွေပေးချေမှုကို အသားကျနေသည့် Shenzhenလူများအကြား မယုံကြည်သော တုံ့ပြန်မှုများက ဗဟိုဘဏ်နှင့် အစိုးရသည် ဗဟိုဘဏ်က ထောက်ပံ့ထားသော ဒီဂျစ်တယ်ယွမ်၏ အကျိုးကျေးဇူးများကို သုံးစွဲသူများ လက်ခံလာစေရန် လုပ်ဆောင်နေကြောင်း ပြသနေသည်။

 “Alipay နဲ့ WeChat Payက ရှိနေတာကြာပြီ” ဟု မျိုးရိုးအမည် Zhong အမည်ရှိ ဈေးဝယ်သူတစ်ဦးကပြောသည်။ “ဒီဂျစ်တယ်ငွေကြေးအသစ်က ထိုအရာတွေနဲ့ ဆင်တူပြီးတော့ အခုမှ စမ်းသပ်ဖို့ကတော့ တော်တော်နောက်ကျနေပြီ”ဟု စာရင်းကိုင်လုပ်ခဲ့သူ Zhong က ဆိုသည်။
 
Zhong သည် အဆင်ပြေမှုနှင့် လုံခြုံမှုအပေါ်မူတည်၍ အနာဂါတ်တွင် ငွေကြေးအသစ်ကို ပြောင်းသုံးရန် စဉ်းစားနိုင်ကြောင်း ပြောသည်။

အသုံးပြုသူများကို ဆွဲဆောင်ရန်မှာ အခြေခံကုန်ပစ္စည်းများမှအစ ရှုပ်ထွေးသောငွေကြေး ထုတ်ကုန်များအဆုံး အရာရာကို Alipay သို့မဟုတ် WeChat Pay နှင့် အသားကျနေသော ဈေးဝယ်သူများကိုပေးနိုင်သော မက်လုံးများအပေါ်တွင် များစွာ မူတည်နေသည်ဟု PwC China မှ အကြီးတန်း စီးပွားရေးပညာရှင် G.Bin က ဆိုသည်။

သူက ပေကျင်းအနေဖြင့် ၎င်းကို ထောက်ပံ့ငွေများ၊ ပင်စင်ငွေစာရင်းများ သို့မဟုတ် ပြည်နယ်ကဏ္ဍလစာများနှင့် ပေါင်းနိုင်သောလည်း “ဒီဂျစ်တယ်ယွမ်အား ကျယ်ကျယ်ပြန့်ပြန့်လက်ခံလာနိုင်ရန် ဘဏ်နှင့် အခြားအဖွဲ့အစည်းများသည် အက်ပလီကေးရှင်းများ ဈေးကွက်ရှာခြင်နှင့် ပညာရေးတွင် များစွာ ရင်းနှီးမြှုပ်နှံ့ရန် လိုအပ်ကြောင်း” ဆိုသည်။

အသုံးပြုသူများကို ဆွဲဆောင်ရန်မှာ အခြေခံကုန်ပစ္စည်းများမှအစ ရှုပ်ထွေးသောငွေကြေးထုတ်ကုန်များအဆုံး အရာရာကို Alipay သို့မဟုတ် WeChat Pay နှင့် အသားကျနေသော ဈေးဝယ်သူများကိုပေးနိုင်သော မက်လုံးများအပေါ်တွင် များစွာ မူတည်နေသည်ဟု PwC China မှ အကြီးတန်း စီးပွားရေးပညာရှင် G.Bin က ဆိုသည်။

သူက ပေကျင်းအနေဖြင့် ၎င်းကို ထောက်ပံ့ငွေများ၊ ပင်စင်ငွေစာရင်းများ သို့မဟုတ် ပြည်နယ်ကဏ္ဍလစာများနှင့် ပေါင်းနိုင်သောလည်း “ဒီဂျစ်တယ်ယွမ်အား ကျယ်ကျယ်ပြန့်ပြန့်လက်ခံလာနိုင်ရန် ဘဏ်နှင့် အခြားအဖွဲ့အစည်းများသည် အက်ပလီကေးရှင်းများ ဈေးကွက်ရှာခြင်နှင့် ပညာရေးတွင် များစွာ ရင်းနှီးမြှုပ်နှံ့ရန် လိုအပ်ကြောင်း” ဆိုသည်။
 
အခြားသော Shenzhen မြို့ထဲမှ အွန်လိုင်းပိုက်ဆံအိတ်အသုံးပြုသူ မျိုးရိုးအမည် Yuan အမည်ရှိသူသည် သူ၏ ဒီဂျစ်တယ်ငွေကြေးလက်ဆောင်ကို အသုံးပြုခြင်းသည် လက်ရှိရှိနေသော ရွေးချယ်စရာများလောက် အဆင်မပြေကြောင်း ထိုအယူအဆနှင့် နည်းတူစွာ ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly