ဘဏ်လုပ်ငန်းခွင်အတွင်း ဘေးကင်းလုံခြုံရေးဆိုင်ရာ အစီအစဉ်

ဘဏ်လုပ်ငန်းခွင်အတွင်း ဘေးကင်းလုံခြုံရေးဆိုင်ရာ အစီအစဉ်

ဘဏ်လုပ်ငန်းခွင်အတွင်း ဘေးကင်းလုံခြုံရေးဆိုင်ရာ အစီအစဉ်များ - ကိုဗစ်-၁၉ ကာလအတွင်းမှာ Customer တွေနဲ့ လုပ်ဖော်ကိုင်ဖက်တွေရဲ့ လုံခြုံရေးအတွက် ကမ္ဘောဇဘဏ်၏ ဆောင်ရွက်ထားမှုများ
 
ကမ္ဘောဇဘဏ်ကနေ ‘20 in 2020’ ဆိုတဲ့ အကြောင်းအရာပေါင်း (၂၀) ပါဝင်တဲ့ အခန်းဆက် အစီအစဉ်တစ်ခုကို ဂုဏ်ယူစွာ တင်ဆက်လိုက်ပါတယ်။ ဒီအစီအစဉ်ကနေတဆင့် မြန်မာနိုင်ငံ တစ်ဝန်းမှာရှိတဲ့ လူမှုအသိုင်းအဝိုင်း တိုးတက်ဖွံ့ဖြိုးရေး အတွက် ကမ္ဘောဇဘဏ်နဲ့ KBZPay တို့ ထူးထူးခြားခြား ကြိုးပမ်းဆောင်ရွက်ခဲ့တာတွေကို အကြောင်းအရာပေါင်း (၂၀) ရွေးချယ်ထုတ်နှုတ်ပြီး ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။ ဒီတစ်ခေါက်မှာတော့ ကပ်ရောဂါ ဖြစ်ပွားနေတဲ့ အချိန်ကာလမှာ ကမ္ဘောဇဘဏ်ရဲ့ customer တွေ၊ လုပ်ဖော်ကိုင်ဖက်တွေ ဘေးကင်းလုံခြုံစေဖို့ ဘဏ်ခွဲကွန်ရက် တစ်ခုလုံးမှာ ကိုဗစ်-၁၉ ကြိုတင်ကာကွယ်မှုဆိုင်ရာ လုပ်ငန်းခွင် အစီအမံတွေ ဘယ်လို လုပ်ဆောင်ထားလဲဆိုတာ အသေးစိတ် တင်ပြပေးသွားပါမယ်။

မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ စတင်ဖြစ်ပွားချိန်ကတည်းက ကမ္ဘောဇဘဏ်က ဘေးကင်းလုံခြုံရေးဆိုင်ရာ အစီအစဉ်တွေ ချမှတ်လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။ အခုလို ခက်ခဲကြပ်တည်းနေတဲ့ ကာလအတွင်းမှာ customer တွေ နေ့စဉ် လိုအပ်တဲ့ ဘဏ်ဝန်ဆောင်မှုတွေကို လစ်ဟာမှုမရှိစေဘဲ ဆက်ပြီး ဝန်ဆောင်ပေးနိုင်အောင် ဘဏ်လုပ်ငန်းခွင် အဆက်မပြတ် လည်ပတ်နိုင်ရေးကိုပါ တိုးမြှင့်ဆောင်ရွက်ပေးခဲ့ပါတယ်။
 
Customer အများစုကတော့ ဒစ်ဂျစ်တယ် စီးပွားရေးစနစ်ဆီ မြန်မြန်ဆန်ဆန် ကူးပြောင်းနိုင်ခဲ့ပေမယ့် ဘဏ်ခွဲတွေက ပေးအပ်တဲ့ ဝန်ဆောင်မှုအပေါ် မှီခိုနေရတဲ့သူတွေလည်း ရှိနေပါသေးတယ်။ ဒီအချက်နဲ့အတူ နိုင်ငံရဲ့ စီးပွားရေးကဏ္ဍ အဆင်ပြေပြေ လည်ပတ်နိုင်ဖို့ ဘဏ်ခွဲတွေရဲ့ အရေးပါပုံကို ထည့်သွင်းစဉ်းစားပြီး တစ်နိုင်ငံလုံးမှာရှိတဲ့ ဘဏ်ခွဲတွေမှာ ကိုဗစ်-၁၉ ကာကွယ်ရေး အစီအစဉ်တွေကို ပုံစံအမျိုးမျိုးနဲ့ ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်ခဲ့ပါတယ်။ ဒီအစီအစဉ်တွေကတော့ -

  • •    Customer တွေနဲ့ လူကိုယ်တိုင်တွေ့ဆုံ ဝန်ဆောင်မှု ပေးနေတဲ့ ဝန်ထမ်းတွေနဲ့ ငွေသား ကိုင်တွယ်ရတဲ့ ဝန်ထမ်းတွေအတွက် တစ်ကိုယ်ရေ ကာကွယ်ရေးပစ္စည်း (PPE) အပါအဝင် နှာခေါင်းစည်း၊ လက်အိတ်နဲ့ လက်သန့်ဆေးရည်တွေ အလုံအလောက် ဖြန့်ဝေပေးထားပါတယ်။
  • •    ဝန်ထမ်းတွေရဲ့ နေ့စဉ် ကျန်းမာရေးအခြေအနေကို သတင်းပို့နိုင်ဖို့ ကျန်းမာရေးရာ ကြည့်ရှုစောင့်ရှောက်တဲ့ မိုဘိုင်း အက်ပလီကေးရှင်းတစ်ခုကို စတင် အသုံးပြုစေခဲ့ပါတယ်။
  • •    နိုင်ငံတစ်ဝှမ်းမှ ဘဏ်ခွဲအားလုံးမှာ ခန္ဓာကိုယ်အပူချိန် တိုင်းတာခြင်း၊ လက်ဆေးနိုင်တဲ့ နေရာတွေနဲ့ တစ်ကိုယ်ရေ သန့်ရှင်းရေးအကြောင်း စတဲ့ ပညာပေး ပိုစတာတွေကို ထားရှိပေးပါတယ်။
  • •    ဘဏ်ခွဲတွေမှာ မကြာခဏ ထိတွေ့နေရတဲ့ မျက်နှာပြင်တွေကို ပိုးသတ်၊ သန့်ရှင်းတဲ့ အကြိမ်ရေကိုလည်း တိုးမြှင့် လုပ်ဆောင်နေပါတယ်။
  • •    ဝန်ထမ်းတွေ အားလုံးအတွက် ကိုဗစ်-၁၉ အသိပညာပေးခြင်းနဲ့ စိတ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုရှိစေဖို့ webinars အွန်လိုင်း အခမ်းအနားတွေကို ပြုလုပ်ကျင်းပခဲ့ပါတယ်။ ဝန်ထမ်းတိုင်းရဲ့ လုပ်ငန်းစွမ်းရည် တိုးတက်မှု စစ်ဆေးတဲ့ လုပ်ငန်းစဉ်မှာလည်း ကိုဗစ်-၁၉ နဲ့ ပတ်သက်ပြီး အွန်လိုင်းကနေ လေ့လာဖို့၊ အွန်လိုင်းစာမေးပွဲတွေ မဖြစ်မနေ ပါဝင်ဖြေဆိုဖို့ ဆောင်ရွက်ခဲ့ပါတယ်။

“ကျွန်တော်တို့ ဘဏ်အနေနဲ့ မတ်လ အစပိုင်းကတည်းက ကိုဗစ်-၁၉ ကာကွယ်ရေးအတွက် ပြင်ဆင်မှုတွေ စတင်ခဲ့တာပါ။ ကူးစက်ရောဂါ ပျံ့နှံ့မှုကလည်း တဖြည်းဖြည်း တိုးပွားလာနေတဲ့အတွက် ကျွန်တော်တို့ customers တွ၊ ဝန်ထမ်းတွေနဲ့ လူမှုအသိုင်းအဝိုင်းရဲ့ ဘေးကင်းလုံခြုံရေးကို ရှေးရှုပြီး ဒီလုပ်ငန်းစဉ်တွေကို တိုးချဲ့ဆောင်ရွက် ခဲ့ပါတယ်။ ဗိုင်းရပ်စ်ကူးစက်ခံရနိုင်ခြေ အနည်းဆုံး ဖြစ်စေဖို့ ကျွန်တော်တို့ရဲ့ mobile banking နဲ့ KBZPay အက်ပလီကေးရှင်းတွေကို အသုံးပြုကြပါလို့ အင်တိုက်အားတိုက် တိုက်တွန်းနေပေမယ့်လည်း ဒီဝန်ဆောင်မှုတွေကို အားလုံး ရယူအသုံးပြုနိုင်သေးတာရော၊ တချို့ customer တွေအနေနဲ့ ဘဏ်ခွဲရှိတဲ့ နေရာကို သွားဖို့လိုအပ်တာရော စတဲ့ အခြေအနေတွေကို ကျွန်တော်တို့ နားလည်သဘောပေါက်ထားပါတယ်" လို့ ကမ္ဘောဇဘဏ်ရဲ့ Value Center General Manager ဖြစ်တဲ့ ဦးစိုးကိုကို က အခုလို ပြောပါတယ်။
 
ကိုဗစ်-၁၉ ဟာ မြန်မာနိုင်ငံက ပြည်သူတွေရဲ့ ဘဏ်ဝန်ဆောင်မှု ရယူတဲ့ပုံစံ၊ ဈေးဝယ်၊ ငွေချေတဲ့ ပုံစံတွေ အားလုံးကို ပြောင်းလဲပေးလိုက်ပြီး ဒစ်ဂျစ်တယ် စီးပွားရေးစနစ်တစ်ခု ကူးပြောင်းရေးကို အရှိန်အဟုန် မြှင့်ပေးလိုက်သလို ဖြစ်စေခဲ့ပါတယ်။ ကမ္ဘောဇဘဏ်အနေနဲ့လည်း ဒီပြောင်းလဲမှုကို လက်ခံကြိုဆိုပြီး customer တွေကို ATMs ၊  KBZPay မိုဘိုင်းပိုက်ဆံအိတ်၊ KBZ iBanking နဲ့ mBanking စတဲ့ တစ်ဦးနဲ့ တစ်ဦး ထိတွေ့မှု လုံးဝ မရှိတဲ့ ဒစ်ဂျစ်တယ် ဘဏ်ဝန်ဆောင်မှုတွေ ပြောင်းလဲအသုံးပြုကြဖို့ တိုက်တွန်းခဲ့ပါတယ်။ ဒီဝန်ဆောင်မှုတွေကို သုံးလိုက်မယ်ဆိုရင် ဘဏ်ခွဲတစ်ခုခုကို သွားစရာမလိုတော့ဘဲ ကိုယ့်ရဲ့ငွေကြေးတွေကို ဘေးကင်းလုံခြုံမှုရှိစွာ စီမံခန့်ခွဲနိုင်မှာ ဖြစ်ပါတယ်။

ဘဏ်ခွဲတစ်ခုကို သွားရတဲ့အခါ အခု ဥပမာပြထားတဲ့ ကာကွယ်ရေးအစီအစဉ်တွေကို တွေ့ရမှာပါ

ကမ္ဘောဇဘဏ်ရဲ့ ဘဏ်ခွဲတစ်ခုကို သွားဖို့ လိုအပ်လာပြီဆိုကြပါစို့။ အခု ဖော်ပြထားတဲ့ ကာကွယ်ရေးအစီအစဉ်တွေကို customer တိုင်း မဖြစ်မနေ ပူးပေါင်းပါဝင် ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။

  • •    ကိုဗစ်-၁၉ လူနာနဲ့ ထိတွေ့မှု ရှိ၊ မရှိ ဆိုတဲ့ ရာဇဝင်ကို သိရှိနိုင်ဖို့ ကိုယ်ရေးအချက်အလက် ပေးထားရပါတယ်။
  • •    ဘဏ်ခွဲကို မဝင်ခင် ဘေစင်မှာ လက်ဆေးတာ ဒါမှမဟုတ် လက်သန့်ဆေးရည်သုံးတာ လုပ်ဆောင်ဖို့ လိုပါတယ်။
  • •    နှာခေါင်းစည်း တပ်ဆင်ထားရပါမယ်။
  • •    တစ်ဦးနဲ့တစ်ဦး ခပ်ခွာခွာနေဖို့ ညွှန်ကြားထားတဲ့အတိုင်း customer တွေဟာ (၃) ပေကနေ (၆) ပေအတွင်း အချိန်တိုင်း ခွာနေဖို့ လိုပါတယ်။
  • •    ဘဏ်ခွဲထဲမှာ တစ်ကြိမ်ကို customer (၁၅) ဦးအထိ အများဆုံး ဝန်ဆောင်မှုပေးဖို့ သတ်မှတ်ထားတဲ့အတွက် တိုကင်ယူပြီး အပြင်မှာ စောင့်ဆိုင်းပေးရမှာ ဖြစ်ပါတယ်။

 
ကမ္ဘောဇဘဏ်အနေနဲ့ ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာ ဘဏ်ခွဲပေါင်း (၉၂) ဘဏ်ကို ဆက်လက် ဖွင့်လှစ်ပြီး ဝန်ဆောင်ပေးနေပါတယ်။ မြန်မာနိုင်ငံတစ်ဝန်း အခြားဘဏ်ခွဲတွေကတော့ ပုံမှန်အတိုင်း ဆက်ပြီး လည်ပတ်နေ ပါတယ်။ ဒီဘဏ်ခွဲတွေမှာ ပုံမှန်ဘဏ်လုပ်ငန်းချိန်ဖြစ်တဲ့ နံနက် (၉:၃၀) နာရီကနေ နေ့လယ် (၃) နာရီ အထိ ဆက်လက်ဖွင့်လှစ် ဝန်ဆောင်ပေးသွားမှာပါ။ ကိုဗစ်-၁၉ နဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်တွေကို customer တွေ ဝင်ရောက်ကြည့်ရှုနိုင်ဖို့ ကမ္ဘောဇဘဏ် ဝက်ဘ်ဆိုက် www.kbzbank.com/en/covid-19-newsletter-english/ မှာ အချိန်နဲ့တပြေးညီ တင်ပေးနေမှာ ဖြစ်ပါတယ်။ ထပ်မံပြီး customer တွေအနေနဲ့ အကူအညီ လိုအပ်တဲ့အခါ ဖုန်းနံပါတ် - ၀၉၉၅၁၀၁၈၅၅၅  ဒါမှမဟုတ် အီးမေးလ် - [email protected] ကို ဆက်သွယ်နိုင်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly