တရုတ် စစ်သည်တစ်ဦးကို လာဒက်မှာ ဖမ်းမိ၊ မကြာခင် ပြန်လွှတ်မည်

တရုတ် စစ်သည်တစ်ဦးကို လာဒက်မှာ ဖမ်းမိ၊ မကြာခင် ပြန်လွှတ်မည်
Indian army vehicles move along a highway leading to Ladakh, at Gagangeer some 81 kilometers from Srinagar, the summer capital of Indian Kashmir, 01 September 2020. Photo: EPA

အောက်တိုဘာ ၁၉၊ ၂၀၂၀

အိန္ဒိယနှင့် တရုတ်တို့ တင်းမာမှု မြင့်မားနေသည့် ကာလတွင် ယနေ့ အောက်တိုဘာလ ၁၉ ရက် နံနက်ပိုင်းက နယ်ခြားထိန်းချုပ်ရေးစည်း (LAC) ကို လမ်းမှားဖြတ်ကျော်လာသည့် တရုတ်စစ်သည်တစ်ဦးကို လာဒက်ဒေသ၊ ဒင်မ်ချောက်ဧရိယာတွင် ဖမ်းမိခဲ့ကြောင်း အိန္ဒိယစစ်တပ်က သတင်းထုတ်ပြန်သည်။

ဖမ်းမိသည့် တရုတ်စစ်သည် အမည်မှာ တပ်ကြပ် ဝမ်ယာလောင် ဖြစ်ကြောင်း အိန္ဒိယစစ်တပ်က ပြောသည်။

PLA (တရုတ်ပြည်သူ့ လွတ်မြောက်ရေး တပ်မတော်) မှ စစ်သည်ကို အောက်ဆီဂျင်အပါအဝင် ဆေးဝါးကုသမှု၊ အစားအစာနှင့် ရာသီဥတု ပြင်းထန်သော အခြေအနေနှင့် ပင်လယ်မျက်နှာပြင်အထက် အလွန်မြင့်သည့် နေရာဖြစ်သောကြောင့် ရာသီဥတု အပြောင်းအလဲမှ ကာကွယ်နိုင်ရန် အနွေးထည်များ ပေးထားကြောင်း အန္ဒိယစစ်တပ်၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

စစ်သည်တစ်ဦး ပျောက်ဆုံးနေသောကြောင့် သတင်းစုံစမ်းပေးရန် တရုတ်စစ်၏ အကြောင်းကြားချက်ကိုလည်း လက်ခံရရှိကြောင်း၊ သဘောတူထားသည့် လုပ်ထုံးလုပ်နည်းအတိုင်း တရုတ်အာဏာပိုင်များလက်သို့ ချုရှူး-မိုလ်ဒို အစည်းအဝေးတွင် ပြန်အပ်မည်ဖြစ်ကြောင်း အန္ဒိယစစ်တပ်က ပြောသည်။   

သိရသမျှ တရုတ်စစ်သည်ကို အိန္ဒိယဘက်ခြမ်းတွင် ဖမ်းမိခြင်း ဖြစ်ကာ လမ်းပျောက်ပြီး ရောက်သွားပုံရကြောင်း၊ အိန္ဒိယဘက်က အပြုသဘောဆောင် သဘောထားကြောင်း၊ ပျောက်ဆုံး စစ်သည်ကို တရုတ်ဘက်သို့ ပြန်ပို့ လိမ့်မည် ဖြစ်ကြောင်းနှင့် ဤကိစ္စကြောင့် တင်းမာမှုအသစ် ထပ်မဖြစ်သင့်ကြောင်း တရုတ်အစိုးရပိုင် ဂလိုဘယ်လ် တိုင်းမ် သတင်းစာက Twitter လူမှုကွန်ရက်တွင် ရေးသားထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly