အင်ဒိုနီးရှား၌ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးက ဟာလာနှင့် မညီမှာကို စိုးရိမ်ပူပန်မှုများ ရှိနေ

အင်ဒိုနီးရှား၌ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးက ဟာလာနှင့် မညီမှာကို စိုးရိမ်ပူပန်မှုများ ရှိနေ

အောက်ဆိုဘာ ၁၉ 

ကမ္ဘာ့အကြီးဆုံး မွတ်စလင်နိုင်ငံဖြစ်သည့် အင်ဒိုနီးရှားတွင် ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးက halal ဟာလာ (မွတ်စလင်ထုံးစံ) နှင့် ညီမညီ ပြည်သူများကြား စိုးရိမ်ပူပန်မှုများ ရှိနေ၍ သမ္မတ ဂျိုကိုဝီဒိုဒိုက ကာကွယ်ဆေး ဖြန့်ဝေထိုးနှံရေး လုပ်ငန်း စဉ်ကို အလျင်စလို မထုတ်လုပ်ရန် အောက်တိုဘာ ၁၉ ရက်တွင် တွန်းတွန်းပြောဆိုသည်။

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ဖြစ်ပွားသူ ၃၆၅၀၀၀ ကျော် ရှိပြီး သေဆုံးသူ ၁၂၀၀၀ ရှိနေပြီဖြစ်သည့် အင်ဒိုနီးရှားနိုင်ငံသည် ဗိုင်းရပ်စ် ကူးစက်ဖြစ်ပွားမှုအား ထိန်းချုပ်နိုင်ရေးအတွက် ရုန်းကန်နေရသည်။ အစိုးရအနေဖြင့်လည်း ကမ္ဘာတစ်ဝန်းတွင် စမ်းသပ်ထုတ်လုပ်နေဆဲအဆင့်မှာ ရှိနေသေးသည့် ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေး ထွက်ပေါ်လာပါက ဖြန့်ဝေပေးနိုင်ရေးအတွက် ကြိုးပမ်းလျက် ရှိနေသည်။

အရေးပေါ်ကာကွယ်ဆေး ခွင့်ပြုချက်ကို နိုဝင်ဘာအစောပိုင်းလောက်တွင် ချထားပေးနိုင်သည်ဟု အကြီးတန်းဝန်ကြီးများက အရိပ်အမြွက် ပြောထားသည်။

သို့ရာတွင် သမ္မတ ဂျိုကိုဝီက အဆိုပါ ကာကွယ်ဆေး လုပ်ငန်းစဉ်ကို အလျင်စလို မလုပ်ကြရန် သတိပေးပြီး အစ္စလာမ် ဘာသာရေးအရ သုံးစွဲနိုင်သော၊ ဟာလာနှင့် ညီသော ကာကွယ်ဆေး ဖြစ်သည် မဖြစ်သည် ဆိုခြင်းအား ပြည်သူအား ရှင်းရှင်းလင်း လင်း အသိပေးရန် တိုက်တွန်းကာ ပို၍ သတိထားချည်းကပ်ဖို့ ညွှန်ကြားခဲ့သည်။

“ဒါဟာ ခက်ခဲရှုပ်ထွေးတာကြောင့် ကာကွယ်ဆေးနဲ့ ပတ်သက်ပြီး အလျင်မလိုကြဖို့ ကျွန်တော် တိုက်တွန်းတယ်။”ဟု တံခါးပိတ်အစည်းအဝေးတစ်ရပ်၌ ဂျိုကိုဝီက ပြောသည်။

“ကောင်းကောင်း ပြင်ဆင်တာမျိုးကို ကျွန်တော် လိုချင်တယ်။ ပြည်သူတွေရဲ့ သဘောထားအရ ကာကွယ်ဆေးဟာ အထူးသဖြင့် ဟာလာနဲ့ ညီတာ၊ ပြီးတော့ သင့်တင့်တဲ့ ဈေးနှုန်း၊ ထိရောက်မှုရှိတဲ့ အရည်အသွေး စတာတွေအတွက်ပါ ထည့်သွင်းစဉ်းစားကြရမှာ ဖြစ်တယ်။”ဟု ၎င်းက ပြောသည်။

အင်ဒိုနီးရှားနိုင်ငံသည် လာမည့်နှစ်၌ လူပေါင်း သန်း ၁၀၀ ကျော်ကို ကာကွယ်ဆေး ထိုးနှံပေးမည်ဟု ယခင်က ကတိကဝတ် ပြုထားသော်လည်း ဂျိုကိုဝီက တနင်္လာနေ့က ပြောရာတွင် ပြည်သူ သန်း ၂၇၀ ရှိသော ကျွန်းစုနိုင်ငံအတွက် ကာကွယ်ဆေး ထိုးနှံပေးရေးမှာ စိန်ခေါ်မှုကြီးတစ်ရပ်ဖြစ်လိမ့်မည်ဟု ပြောခဲ့သည်။

ကျန်းမာရေးနှင့် ပတ်သက်သော ကာကွယ်ဆေးများသည် မွတ်စလင်ကျင့်ဝတ်ထုံးစံနှင့် ညီမညီ အငြင်းပွားမှုများက အင်ဒိုနီးရှားနိုင်ငံ၏ အများပြည်သူ ကျန်းမာရေး ဝန်ဆောင်မှုများအတွက် အနှောင့်အယှက်ဖြစ်ရမှုများ ယခင်ကလည်း ရှိဖူးသည်။ ၂၀၁၈ ခုနှစ်အတွင်းက ဘာသာရေးအဖွဲ့အစည်းတစ်ရပ်ဖြစ်သည့် Indonesian Ulema Council က ဝက်သက်ကာကွယ်ဆေးတစ်မျိုးကို အစ္စလာမ် ကျင့်ဝတ်နှင့် မညီဟုဆိုကာ ကြေညာချက် ထုတ်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly