တရုတ် “သူလျှို”များအား အမေရိကန်တရားရေးဌာန ဖမ်းဆီးပြီးနောက် အပြစ်မဲ့ အမေရိကန်များအား ဖမ်းဆီးထိန်းသိမ်းရန် တရုတ် ခြိမ်းခြောက်

တရုတ် “သူလျှို”များအား အမေရိကန်တရားရေးဌာန ဖမ်းဆီးပြီးနောက် အပြစ်မဲ့ အမေရိကန်များအား ဖမ်းဆီးထိန်းသိမ်းရန် တရုတ် ခြိမ်းခြောက်

အောက်တိုဘာ ၁၉ ၊ ၂၀၂၀

တရုတ်အစိုးရသည် တရုတ်စစ်တပ်နှင့်စပ်ဆက်နေသော ပညာရှင်များအပေါ် တရားရေးဌာန၏ စွဲချက်များကို လက်တုံ့ပြန်သည့်အနေဖြင့် တရုတ်နိုင်ငံတွင်း အပြစ်မဲ့ အမေရိကန်နိုင်ငံသားများအား ဖမ်းဆီးထိန်းသိမ်းရန် ခြိမ်းခြောက်နေသည်ဟု Fox News အကြီးတန်း မဟာဗျူဟာ လေ့လာဆန်းစစ်သူ ဗိုလ်ချုပ် ကိန်းက က တနင်္ဂနွေနေ့တွင် သတိပေးပြောကြားခဲ့သည်။

“တရုတ်က လက်တုံ့ပြန်ချင်နေတယ်”ဟု ကိန်းက “Fox & Friends” သို့ပြောကြားခဲ့သည်။ “သူတို့က ဒီလိုလက်တုံ့ပြန်မှုမျိုးကို ကနေဒါနိုင်ငံသားတွေအပေါ်လည်း ပြုလုပ်ခဲ့တယ်။ အခုတော့ နှစ်ယောက်က ဖမ်းဆီးခံထား ရတယ်။ ပြီးတော့ သူတို့က ဩစတြေးလျနဲ့ ဆွီဒင်လူမျိုးတွေကိုလည်း ဒီလို လုပ်ပြီးပြီ။ ကွာခြားတာက ငါတို့က သူလျှိုတွေကို ဖမ်းနေတာ။ တရုတ်က ဘာမှ မကျူးလွန်ထားတဲ့ အမေရိကန်တွေကို ဖမ်းဆီးထိန်းသိမ်း ချင်နေပုံပဲ။ သူတို့က ဘာအပြစ်မှ မရှိဘူး” ဟု ဆက်လက်ပြောကြားထားသည်။

အရေးကိစ္စနှင့် ရင်းနှီးကျွမ်းဝင်သူတို့နှင့် စကားပြောခဲ့သည့် ဝေါ်လ်စထရိဂျာနယ် အဆိုအရ တရုတ်အရာရှိများသည် အမေရိကန် အစိုးရကိုယ်စားလှယ်များအား ပေကျင်းရှိ အမေရိကန်သံရုံးနှင့် အခြားလမ်းကြောင်းများ မှတစ်ဆင့် များစွာသော လက်တုံ့ပြန်မှု သတိပေးချက်များအား တရားဝင်ပေးပို့ခဲ့သည်။

 “လူတွေက အမေရိကန်အနေနဲ့ အမေရိကန်တရားရုံးရှိ တရုတ်ပညာရှင်များ၏ စွပ်စွဲချက်တွေကို ရုတ်သိမ်ပေးရမယ် သို့မဟုတ် တရုတ်မှာရှိတဲ့ အမေရိကန်တွေအနေနဲ့ တရုတ်ဥပဒေချိုးဖောက်ရာ ရောက်တယ်ဆိုတဲ့ တရုတ်ရဲ့ သတင်းစကားက တုံးတယ်လို့ ပြောကြတယ်”ဟု ဝေါ်လ်စထိရီဂျာနယ်အရ သိရသည်။

အမေရိကန်တက္ကသိုလ်များတွင် သုတေသနပြုလုပ်ရန် လာရောက်နေသော တရုတ်သိပ္ပံပညာရှင်များအား အမေရိကန်မှ ဖမ်းဆီးပြီးနောက် တရုတ်သည် ယခုနွေရာသီတွင် သတိပေးချက်များ စတင် ထုတ်ပြန်ခဲ့သည်။

သူတို့သည် ပြည်သူ့လွတ်မြောက်ရေးတပ်မတော်နှင့်  သူတို့၏ဆက်နွယ်မှုကို အမေရိကန် လူဝင်မှုကြီးကြပ်ရေးအာဏာပိုင်များကိုမပြောဘဲ ဖုံးကွယ်ထားသည့်အတွက် တရားစွဲဆိုခံရကြောင်း ဂျာနယ်က စနေနေ့က ဖော်ပြခဲ့ သည်။
 
တရုတ်သည် ရွေးကောက်ပွဲကို ဝင်ရောက်စွက်ဖက်နိုင်သည်ဟု ကိန်းက သတိပေး
တရုတ်အာဏာပိုင်များသည် သူ့အနေဖြင့် “ဓားစာခံ” သံတမန်ရေးရာဟု ဝေဖန်သည့် နိုင်ငံခြားသားများအား ဖမ်းဆီးထိန်းသိမ်းသည့် သမိုင်းကြောင်းရှိကြောင်း ကိန်း က ဆိုသည်။

“ဒါက ဆိုဗီယက်ပြည်ထောင်စုနဲ့ စစ်အေးတိုက်ပွဲလို ကျွန်တော်တို့က သူတို့ သူလျှိုကို ဖမ်းတယ်။ သူတို့က ကျွန်တော်တို့ လူကို ဖမ်းတယ်။ ပြီးတော့ တစ်ချိန်ကျ ပြန်လဲကြတယ်ဆိုတာမျိုး မဟုတ်ဘူး” ဟု သူက ရှင်းပြသည်။

“အဲဒီတော့ ဓားစာခံဆိုတာကပဲ တရုတ်ကလုပ်ဖို့ရည်ရွယ်ထားတာအတွက် သင့်လျော်တဲ့ ဖော်ပြချက်ဖြစ်တယ်”

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly