ဝက်စ်ဟမ်းအသင်း ကံကောင်းခြင်းနဲ့ ထိုက်တန်ခဲ့တယ် - မော်ရင်ဟို

ဝက်စ်ဟမ်းအသင်း ကံကောင်းခြင်းနဲ့ ထိုက်တန်ခဲ့တယ် - မော်ရင်ဟို
Photos: EPA

တနင်္ဂနွေနေ့က ဝက်စ်ဟမ်းယူနိုက်တက်အသင်းဟာ တော့တင်ဟမ်ကို ၃-၃ ဂိုးနဲ့ သရေကျဖို့ ၃ ဂိုးပြတ် ရှုံးနိမ့်ရာကနေ ပြန်လာနိုင်ပြီးနောက် သူတို့ဟာ ကံကောင်းမှုနဲ့ ထိုက်တန်ခဲ့တယ်လို့ ဟိုဆေး မော်ရင်ဟိုက ပြောပါတယ်။ 

စပါးအသင်းဟာ ပွဲချိန် ၁၆ မိနစ်အပြီးမှာ ၃-၀ ဂိုးပြတ်နဲ့ ဦးဆောင်ခဲ့ပေမယ့် ကစားပွဲကို သတ်လိုက်ဖို့ ပျက်ကွက်ခဲ့တာဖြစ်ပါတယ်။ 

ဒေးဗစ် မိုယက်စ်ရဲ့ အသင်းဟာ ပွဲချိန်နောက်ဆုံး ၁၀ မိနစ်အတွင်း ၃ ဂိုးသွင်းယူနိုင်ခဲ့ပြီး မော်ရင်ဟိုက ဧည့်သည်အသင်းကို မျှော်ချက်ပေးခဲ့တာကြောင့် သူ့ရဲ့ အသင်းကို အပြစ်တင်ခဲ့ပါတယ်။ 

သူက "ကျနော့်အနေနဲ့ ဝက်စ်ဟမ်းကို ချီးကျူးဖို့ အရမ်းလွယ်လွယ်လေးပါ။ သူတို့ဟာ အဓိကပွဲကြီးမှာ ၃-၀ ဂိုးပြတ်နဲ့ ရှုံးနေခဲ့တယ်။ ပွဲက ထိန်းချုပ်ခံထားတယ်။ သူတို့ဟာ အခွင့်အရေးတွေ မရှိခဲ့ဘူး။ ပြီးတော့ ကစားပွဲရဲ့ နောက်ပိုင်းအချိန်တွေမှာ သူတို့ ဂိုးသွင်းပြီး သူတို့ရဲ့ယုံကြည်မှုကို မြှင့်တင်ခဲ့တယ်။"လို့ ပြောပါတယ်။

"သူတို့ ကံကောင်းခဲ့တယ်။ ဒီကံကောင်းမှုအတွက် သူတို့ ထိုက်တန်ခဲ့တာလည်းဖြစ်ကောင်းဖြစ်နိုင်တယ်။ ကျနော်တို့ ကံမကောင်းခဲ့ဘူး။ ဒါပေမယ့် အဲဒါနဲ့ ထိုက်တန်ခဲ့လို့ပဲဖြစ်နိုင်တယ်။ 

"ဟယ်ရီကိန်းက တိုင်ထိခဲ့တယ်။ ဒါက ၄-၀ ဂိုးဆိုတဲ့ ရလဒ်ဖြစ်စေနိုင်တယ်။ ဘေးလ်လည်း ၄ ဂိုးမြောက်ကို သွင်းယူနိုင်ရမှာပါ။ ဒါက ပွဲစဉ်ကို သတ်နိုင်ပါတယ်။ ပြီးတော့ အခြေအနေအလွတ်တည်ကန်ဘောတွေ၊ second ဘောတွေပေါ် အခြေပြုခဲ့ပြီး သူတို့ဟာ ပုံစံတစ်ခုကို ရှာတွေ့ခဲ့တယ်။

"ကျနော်တို့ ပိုပြီးသန်မာမှုရှိသင့်တယ်။ ဒုတိယပိုင်းမှာ သူတို့ဟာ အတော်အတန် စွန့်စားခဲ့တယ်။ ဖိအားပေးပြီး ကျနော်တို့ကို နေရာလွတ်ပိုပေးခဲ့တယ်။ ကျနော်တို့ ပွဲကို အနိုင်ရဖို့ အခွင့်အခါကို ရယူသင့်တယ်။ 

"ပွဲစဉ်အတွင်းမှာ အပိုလှုံ့ဆောင်မှု သူတို့ ရရှိအောင် ကျနော်တို့ လုပ်ဆောင်ခဲ့တာ ဟုတ်မဟုတ် ကျနော် မသိပါဘူး။ ကျနော် လေ့လာမှုတွေ လုပ်ခဲ့တယ်။ တစ်ချို့အရာတွေက ဆက်စပ်စဉ်းစားလို့ကို မရဘူး။" 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly