ကျားခေါင်းပါတီ မဲဆွယ်ရေး ကားတစ်စီး ရွှေလီမြစ်ထဲ အရှိန်လွန်ထိုးကျ၊ လူ ၃ ဦး ပျောက်နေ

ကျားခေါင်းပါတီ မဲဆွယ်ရေး ကားတစ်စီး ရွှေလီမြစ်ထဲ အရှိန်လွန်ထိုးကျ၊ လူ ၃ ဦး ပျောက်နေ

အောက်တိုဘာ ၁၈၊ ၂၀၂၀

ကျားခေါင်းပါတီဟု လူသိများသည့် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ၏ မဲဆွယ်ယာဉ်တစ်စီး အရှိန်လွန်ကာ ရွှေလီမြစ်အတွင်း ထိုးကျခဲ့ကြောင်း သိရသည်။

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြိုနယ် မဲဆွယ်စည်းရုံးရေးတွင် ပါဝင်သော ကျားခေါင်းပါတီ ကားတစ်စီး ယနေ့ အောက်တိုဘာ ၁၈ ရက် မနက် ၁၀ နာရီခန့်က ရွှေလီမြစ်ကူးရန် ကမ်းနားသို့ အဆင်းတွင် အရှိန်လွန်ပြီး မြစ်ထဲသို့ ထိုးကျခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ကျားခေါင်းပါတီ မဲဆွယ်စည်းရုံးရေးခရီးစဉ်သည် မူဆယ်မှ မန့်ဟျိုး (မန့်ဟီးရိုး) သို့ သွားရန်ဖြစ်ပြီး ရွှေလီမြစ်အတွင်းသို့ ထိုးကျသည့်ကားသည် ရေစီးနဲ့အတူ မျောပါသွားကာ လူ သုံးဦး ပျောက်ဆုံးနေကြောင်းလည်း သိရှိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required