ယူရို ၈၉.၇ သန်း အရှုံးပေါ်ခဲ့တဲ့ ဂျူဗင်တပ်စ်

ယူရို ၈၉.၇ သန်း အရှုံးပေါ်ခဲ့တဲ့ ဂျူဗင်တပ်စ်
Photo: AFP

ဂျူဗင်တပ်စ်အသင်းဟာ ဇွန်လ ၃၀ ရက်အထိ ဘဏ္ဍာရေးနှစ်အတွက် ယူရို ၈၉. ၇ သန်း (ဒေါ်လာ ၁၀၅ သန်း) စံချိန်တင် အရှုံးပေါ်ခဲ့တယ်လို့ အီတလီလိဂ်ချန်ပီယံက ကြာသပတေးနေ့မှာ ကြေညာခဲ့ပါတယ်။ 

ကလပ်အသင်းဥက္ကဋ္ဌ အန်ဒရီယာ အဂ္ဂါနယ်လီက ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါကြောင့် တူရင်မှာ သာမန် ရှယ်ယာရှင် (Ordinary Shareholders)တွေနဲ့ အစည်းအဝေးကို ဗီဒီယိုကွန်ဖရင့်မှတဆင့် ဦးဆောင်ပြုလုပ်ခဲ့ပါတယ်။ 

ပြီးခဲ့တဲ့ ဘဏ္ဍာရေးနှစ်မှာ စီးရီးအေ (၉)ကြိမ်ဆက် ချန်ပီယံရဲ့ အရှုံးဟာ ယူရို ၃၉.၉ သန်းရှိခဲ့ပါတယ်။ 

"ရှယ်ယာပရီမီယံအရံငွေကို အသုံးပြုခြင်းမှ အကျုံးဝင်တဲ့ ယူရို ၈၉.၇ သန်း (၂၀၁၈-၂၀၁၉ မှာ ယူရို ၃၉.၉ သန်းနဲ့ နှိုင်းယှဉ်လျှင်) အရှုံးပေါ်ကြောင်း ၂၀၂၀ ခုနှစ်၊ ဇွန် ၃၀ ရက်အရ ဘဏ္ဍာရေးရှင်းတမ်းကို Ordinary Shareholders အစည်းအဝေးမှာ အတည်ပြုခဲ့တယ်။"လို့ ဂျူဗင်တပ်စ်က ကြောချက်မှာ ဖော်ပြထားပါတယ်။ 

ဒါ့အပြင် ချယ်ရီဘီနီဟာ ဘောလုံးဒါရိုက်တာအသစ်အနေဖြင့် တာဝန်ယူမှုနဲ့အတူ ဖွဲ့စည်းမှုပုံစံအသစ်ကိုလည်း တူရင်အသင်းကြီးက ကြေညာခဲ့ပါတယ်။ 

ဂျူဗင်တပ်စ်ရဲ့ "ဖွဲ့စည်းတည်ဆောက်ပုံအသစ်ဟာ ကလပ်အသင်းလှုပ်ရှားမှုတွေရဲ့ အာရုံစူးစိုက်မှုအဖြစ် မက်ခရိုဖွဲ့စည်းပုံ နှစ်ခုဖြစ်တဲ့ ဘောလုံးနယ်ပယ်နဲ့ စီးပွားရေးနယ်ပယ်တို့ကို မျှော်မှန်းထားပါတယ်။။" 

"ချယ်ရီဘီနီက ဘောလုံးဒါရိုက်တာရဲ့ အခန်းကဏ္ဍာကို ယူပြီး ပထမအသင်းကြီးရဲ့ တာဝန်ကို ယူထားတဲ့ ပါရာတီစီဆီ တိုက်ရိုက်သတင်းပေးပို့ပါတယ်။"လို့ အသင်းက ထည့်သွင်း ဖော်ပြခဲ့ပါတယ်။

(AFP)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly