ကယားတွင် ပထမဆုံး ကိုဗစ်-၁၉ ပိုးတွေ့လူနာတွေ့ရှိ

အောက်တိုလာ ၁၆

ကယားပြည်နယ် ပထမဦးဆုံး ကိုဗစ်-၁၉ ပိုးတွေ့လူနာ တစ်ဦး တွေ့ရှိကြောင်း ပြည်နယ်ပြည်သူ့ကျန်းမာရေးဌာန ဒေါက်တာ ဦးဌေးလွင်က မဇျွိမကို အတည်ပြု ပြောသည်။

" ရန်ကုန်ကနေ ၆ ရက်နေ့က ပြန်လာတဲ့ အမျိုးသမီး၊  အသက် ၃၅ နှစ် သူတယောက်တည်းကားငှားပြီးတော့လာပါတယ်။ ဝါရီကောခူ ဂိတ်( ရှမ်းကယားနယ် ) ကနေ ရွှေလွိုင်ကော် ပရဟိတ ကားနဲ့ ခေါ်လာပြီး ပညာရေး ကောလိပ်မှာ ကွာရန်တင်းဝင်နေတဲ့ တယောက်ဖြစ်ပါတယ်" ဟု ဆိုသည်။

သူ၏ နှာခေါင်းတို့ဘက်နမူနာကို တောင်ကြီးဓါတ်ခွဲဌာကို ယမန်နေ့ ပို့ဆောင်ခဲ့ရာ ပိုးတွေ့ကြောင်း အတည်ပြုပေးနိုင်ခဲ့သည်ဟု ဒေါက်တာဌေးလွင်က ဆက်ပြောသည်။

လူနာအနေဖြင့် ကျန်းမာရေးကောင်းမွန်ပြီး လွိုင်ကော်ပြည်သူ့ဆေးရုံကို ပြောင်ရွေ့ပြီး ကုသပေးဖို့ စီစဉ်ထားကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် အောက်တိုဘာလ ၁၅ ရက်နေ့ အထိ ကိုဗစ်-၁၉ အတည်ပြုလူနာ ၃၂၃၅၁ ဦးရှိပြီဖြစ်ပြီး ကယားပြည်နယ်မှာတော့ ဒီကနေ့ ပထမဆုံး အတည်ပြုလူနာတွေ့ရှိခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly