ဘန်ကောက်တွင် ရဲက တားမြစ်ထားသော နေရာကို ဆန္ဒပြသူများက ချိုးဖျက်ဝင်ရောက်နေရာယူ 

ဘန်ကောက်တွင် ရဲက တားမြစ်ထားသော နေရာကို ဆန္ဒပြသူများက ချိုးဖျက်ဝင်ရောက်နေရာယူ 

အောက်တိုဘာ ၁၅ ၊ ၂၀၂၀

ထိုင်းနိုင်ငံ ဘန်ကောက်မြို့တော်တွင် ဆန္ဒပြသူများသည် ရဲများကဝင်ခွင့်ပိတ်ပင်ထားသော လူကူးဂုံးကျော်တံတားပေါ်သို့ ချိုးဖျက်ဝင်ရောက်သွားကြသည်။ ဆီယမ်နှင့် ချစ်လုံ Skytrain ဘူတာများကို ဆက်သွယ်ထားသော ဂုံးကျော်တံတားများကို ယခုအခါ ရာနှင့်ချီသော လူအုပ်ကြီးက သိမ်းပိုက်ထားလိုက်ကြသည်။ 

အနီးအနားရှိ CentralWorld ကုန်တိုက်ကြီးမှာ အစောပိုင်းက ပုံမှန်အချိန် ည ၁၀ နာရီအထိ ဖွင့်မည်ဟု ကြေညာခဲ့သော်လည်း ကြာသပတေးနေ့ညက လူကြပ်သည်ကိုအကြောင်းပြ၍ တစ်နာရီစော၍ ပိတ်သွားသည်။ Big C ဆူပါမားကက်ကတော့ ညနေ ၆ နာရီမထိုးမီပင် ပိတ်သိမ်းသွားခဲ့သည်။ 

ယခင်ရက်များကတည်းက အစိုးရဆန့်ကျင်သော ဆန္ဒပြပွဲများဖြစ်ပေါ်နေ၍ အစိုးရက အရေးပေါ်အခြေအနေကြေညာထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly