အသင်းဝတ်စုံကို မှတ်ချက်ပေးလို့ နည်းပြကို အပြစ်ပေးလိုက်တဲ့  တရုတ်ပြည်တွင်းက စီးတီးပိုင် ကလပ်

အသင်းဝတ်စုံကို မှတ်ချက်ပေးလို့ နည်းပြကို အပြစ်ပေးလိုက်တဲ့  တရုတ်ပြည်တွင်းက စီးတီးပိုင် ကလပ်

တရုတ်ပြည်တွင်းက မန်ချက်စတာစီးတီးပိုင် ကလပ်အသင်းက နည်းပြချုပ်ဟာ အသင်းရဲ့ အပြာရောင်အဝေးကွင်းဝတ်စုံက ပိုပြီး ကံကောင်းစေတယ်လို့ ပြောဆိုမှုအတွက် သူ့ရဲ့ တစ်လ လုပ်ခလစာကို ဖြတ်တောက်ပြီး အလုပ်ကနေ တစ်ပတ် ဆိုင်းငံ့ခဲ့ပါတယ်။

နည်းပြ လီရီက အသင်းရဲ့ အဝါရောင် အိမ်ကွင်းဝတ်စုံမှာ ရုန်းကန်နေရပုံရတယ်လို့ ပြောဆိုပြီးနောက် တရုတ်ရဲ့ ဒုတိယတန်းမှာ တန်းဆင်းဇုံနားရပ်တည်နေတဲ့ စီချွမ်းဂျီနူအသင်းဟာ သူ့ကို အပြစ်ပေးခဲ့တာဖြစ်ပါတယ်။ 

"ကျနော်တို့ဟာ ပြီးခဲ့တဲ့နောက်ဆုံးပွဲစဉ်မှာ အပြာရောင်ဝတ်စုံ ဝတ်ဆင်ခဲ့ပြီး နိုင်ပွဲရခဲ့တယ်။ တစ်ခါတစ်လေ ကံတရားက တကယ်ကို အရေးကြီးပါတယ်။" 

ယခုရာသီ (၁၀)ပွဲကစားရာမှာ တစ်ပွဲသာ အနိုင်ရထားတဲ့ စီချွမ်းအသင်းဟာ တန်းမဆင်းရအရေး မျှော်လင့်ချက် မှေးမှိန်နေပါတယ်။

အဝါရောင်ဟာ အနောက်တောင်ပိုင်းပြည်နယ်မှာ ဘောလုံးနဲ့ ဆက်စပ်မှု ရှိခဲ့တာ ကြာမြင့်ပြီး ၁၉၉၀ ပြည့်လွန်နှစ်တွေဆီ ပြန်သွားတဲ့ အစဉ်အလာတစ်ခုလို့ နိုင်ငံပိုင်မီဒီယာက ဆိုပါတယ်။ 

ကမ္ဘာတစ်လှမ်းလုံးမှာ City Football Group (CFG) ပိုင်ဆိုင်ထားတဲ့ အသင်း (၁၀)သင်းအနက်မှ တစ်သင်းဖြစ်တဲ့ စီချွမ်းဂျီနူက "စီချွမ်းပရိသတ်တွေရဲ့ ခံစားချက်ကို ထိခိုက်စေတယ်။"လို့ ဗုဒ္ဓဟူးနေ့က စွပ်စွဲခဲ့ပါတယ်။ 

"လီရီကို တစ်လ လုပ်ခလစာကို ဖြတ်ပြီး တစ်ပတ်ခန့် အလုပ်ကနေ ရပ်နားထားဖို့ ကလပ်အသင်းက ဆုံးဖြတ်လိုက်တယ်။"

စီချွမ်းမှာ ဘောလုံးလောကရဲ့ "ကျော်ကြားတဲ့ သမိုင်း"ကို လေ့လာဖို့နဲ့ အဝါရောင်ဟာ ဘာကြောင့် အရေးကြီးလည်းဆိုတာ သင်ယူဖို့ လီဟာ အမိန့်ပေးခံခဲ့ရပါတယ်။ 

ကလပ်အသင်းဟာ CFG တည်ငြိမ်မှုရဲ့ တစ်စိတ်တစ်ပိုင်းအဖြစ် ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလမှာ ဖြစ်လာပြီး CFG အမှုဆောင်အရာရှိချုပ် ဖာရန်ဆိုရီယာနိုက "စီချွမ်းဂျီနူကို ကြီးထွားဖွံ့ဖြိုးဖို့နဲ့ တရုတ်ဘောလုံးအရည်အသွေး မြင့်မားလစေဖို့"လို့ ကတိပြုခဲ့ပါတယ်။

(AFP)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly