အသက်၆၀ကျော်အရွယ်တွေ ကြိုတင်မဲပေးမယ့်ကိစ္စဟာ UECနဲ့ NLDပူးပေါင်းပြီး မဲလိမ်ဖို့လုပ်တာဆိုပြီး စွပ်စွဲထားတဲ့ သတင်းအမှား

14 October 2020
အသက်၆၀ကျော်အရွယ်တွေ ကြိုတင်မဲပေးမယ့်ကိစ္စဟာ UECနဲ့ NLDပူးပေါင်းပြီး မဲလိမ်ဖို့လုပ်တာဆိုပြီး စွပ်စွဲထားတဲ့ သတင်းအမှား

Misinformation Busters Episode 25 Segment 3

အခုချိန်ဟာ ကိုဗစ်ကာလဖြစ်တဲ့အပြင် ရွေးကောက်ပွဲကျင်းပမယ့်အချိန်ကလည်း တဖြေးဖြေးနီးကပ်လာပါပြီ။

ဒီလိုအချိန်မှာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က အသက်၆၀ ကျော်အရွယ် မဲဆန္ဒရှင်တွေအတွက် ထည့်သွင်းစဉ်းစားပြီး လာမည့် နိုဝင်ဘာ ၈ရက်နေ့မှာပြုလုပ်မယ့် ပါတီစုံ အထွေထွေရွေးကောက်ပွဲအတွက် သူတို့ကို ကြိုတင်မဲပေးဖို့ စီစဉ်ပေးသွားမယ်လို့ သိရပါတယ်။

ထိုသတင်းကို ကိုးကားပြီး facebook ဂရုတစ်ခုမှာ သတင်းအမှား တစ်ခုပျံ့နှံ့လျက်ရှိပါတယ်။

အဲ့ဒါကတော့ USDPသို့ အထူးသတိပေးခြင်းဆိုတဲ့ခေါင်းစဉ်နဲ့အတူ လာမည့်ရွေးကောက်ပွဲဟာ တရားမျှတမှုရှိပါက USDPပါတီအနေဖြင့် မဲနိုင်ခြေများတယ်ဆိုပြီး ပြည်သူများကယုံကြည်ထားကြောင်း၊ သို့သော် UEC မှ NLD၏ ညွှန်ကြားမှုအတိုင်း ဆောင်ရွက်နေရသည့်အတွက် ကလိမ်ကကျစ်လုပ်ခဲ့ရင် USDP ရှုံးသွားနိုင်ကြောင်း၊ UEC သည် ဆေးရုံတက်နေသူများ ၊Q ဝင်နေသူများ၊အသက် ၆၀ ကျော်သူများအား ကြိုတင်မဲ ပေးရန် လုပ်ဆောင်သည့် လုပ်ရပ်သည် မဲမသမာမှု လုပ်ရန် ရည်ရွယ်လုပ်ဆောင်ခြင်းဟု ယူဆနိုင်ကြောင်း၊ ကြိုတင်မဲဖြင့် USDP ကို ပေးထားသောမဲများအား NLDမဲများအဖြစ် လဲလှယ်ရန် ကြံစည်လုပ်ဆောင်မှု ဟု သတင်းများ ပေါ်ထွက်လာ ကြောင်း၊ အမှန်တကယ်လည်း #မဲကလိမ်ကကျစ် လုပ်မည်ဟု သိထားကြောင်း၊ UEC နှင့် NLD ပူးပေါင်းပြီး ကြိုတင်မဲဖြင့် USDP ကို အနိုင်ယူရန် အကြံအစည်ရှိသည်ကို အတွင်းသတင်း ရရှိထားကြောင်း စသဖြင့် ရေးသားထားပါတယ်။
ဆုမြတ်မေဇော်က ဆက်လက်တင်ဆက်ပေးမှားပါ။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required