ပါရီတိုက်ခိုက်မှု အလိုရှိသူတစ်ဦးဓာတ်ပုံကို ရဲက ထုတ်ပြန်ကာ အန္တရာယ်ရှိသူအဖြစ် ကြေညာထား

ပါရီတိုက်ခိုက်မှု အလိုရှိသူတစ်ဦးဓာတ်ပုံကို ရဲက ထုတ်ပြန်ကာ အန္တရာယ်ရှိသူအဖြစ် ကြေညာထား

ပြင်သစ်နိုင်ငံတွင် လူပေါင်း ၁၂၉ ဦးသေဆုံးခဲ့သည့် ပါရီမြို့တိုက်ခိုက်မှုများတွင် ပါဝင်သူ ပြင်သစ်နိုင်ငံသားတစ်ဦး၏ ဓာတ်ပုံကို ရဲက ထုတ်ပြန်ထားသည်။

ဆာလက်ရှ်အက်ဘ်ဒီစလမ်ဟု အမည်ရ အသက် ၂၆ ရှိ ယင်းအမျိုးသားကို အန္တရာယ်ရှိသူအဖြစ် သတ်မှတ်ကြေညာထားသည်။

၎င်းသည် အခြားသူနှစ်ဦးနှင့် အတူ ကားတစ်စီးဖြင့် ဘယ်လ်ဂျီယမ်နယ်စပ်အနီးတွင် ရဲက တားဆီးခံရကြောင်း၊ ၎င်းက တိုက်ခိုက်မှုများတွင် ကားလိုက်မောင်းပို့သူဖြစ်ကြောင်း သတင်းများတွင်   ဖော်ပြသည်။

၎င်း၏ သက်သေခံကတ်ပြားကို စစ်ဆေးပြီးနောက် တာဝန်ရှိသူများက သွားခွင့်ပြုမည့်ခြင်းဖြစ်သည်။

ပါရီမြို့တိုက်ခိုက်သူများတွင် ဘယ်လ်ဂျီယမ်နေ နှစ်ဦးအပါအဝင် ခုနစ်ဦးသေဆုံးကြောင်း တာဝန်ရှိသူများက ပြောသည်။

အစွန်းရောက်တိုက်ခိုက်ခံရသည့် ပြင်သစ်နိုင်ငံက ဆီးရီးယားတွင် လေကြောင်းထိုးစစ်များကို ဆက်လက်ဆင်နွှဲကာ ပါရီတိုက်ခိုက်မှုကို နောက်ကွယ်က ဖန်တီးခြင်းဖြစ်သည်ဟု ကြေညာထားသည့် အိုင်အက်စ်တို့ အမာခံနယ်မြေ ရတ်ကာကို နိုဝင်ဘာ ၁၅ ရက်တွင် လေကြောင်းတိုက်ခိုက်ခဲ့သည်။

သမ္မတဖရန့်စွာအော်လန်းက နိုဝင်ဘာ ၁၃ ပါရီတိုက်ခိုက်မှုက စစ်ပွဲတစ်ရပ်ပင်ဖြစ်ကြောင်း၊ ပြင်သစ်နိုင်ငံအနေဖြင့် ပြင်းထန်ကြမ်းတမ်းစွာ တုံ့ပြန်သွားမည်ဖြစ်ကြောင်း ကတိပြုပြောကြားခဲ့သည်။

Ref ; BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly