သင်းခွေချပ်ကြေးခွံများကို ရိုးရာဆေးပညာတွင် အသုံးပြုရန် တရုတ်က ဆက်လက်ခွင့်ပြုလျက်ရှိ

သင်းခွေချပ်ကြေးခွံများကို ရိုးရာဆေးပညာတွင် အသုံးပြုရန် တရုတ်က ဆက်လက်ခွင့်ပြုလျက်ရှိ
Pangolins are the most illegally trafficked mammal in the world. Photograph: Manan Vatsyayana/AFP/Getty Images

အောက်တိုဘာ ၁၄

 နှိမ်နင်းမည်ဟု ကတိပေးထားသော်လည်း နိုင်ငံအနေဖြင့် ကုန်သွယ်ရေးကို အပြည့်အထ ထိန်းချုပ်ရန် ပျက်ကွက်ခဲ့ကြောင်း အစီရင်ခံစာက ဖော်ပြနေသည်။

တရုတ်အစိုးရသည် ကမ္ဘာတစ်ဝှမ်းတရားမဝင် ကူးသန်းရောင်းဝယ်မှုအများဆုံးဖြစ်သည့် နို့တိုက်သတ္တဝါများ ကုန်သွယ်မှုကို နှိမ်နင်းမည်ဟု ကတိများထားရှိသော်လည်း သင်းခွေချပ်ကြေးခွံများကို ရိုးရာဆေးပညာတွင်အသုံးပြုခြင်းကို ဆက်လက်ခွင့်ပြုထားဆဲပင်ဖြစ်သည်။

 ပတ်ဝန်းကျင်ဆိုင်ရာ စုံစမ်းစစ်ဆေးရေး အေဂျင်စီ(EIA)၏ အစီရင်ခံစာတွင် eBay နှင့် Taobao ကဲ့သိုသော အွန်လိုင်းအရောင်းအဝယ်ပလက်ဖောင်းများတွင် သင်းခွေချပ် ထုတ်ကုန်များကို ဆက်လက်ကြော်ငြာနေပြီး the leading China Beijing Tong Ren Tang Group အပါအဝင် အဓိက ဆေးဝါးကုမ္ပဏီကြီးများဖြစ်သည်လည်း အလားတူပစ္စည်းများကို ၎င်းတို့ဝဘ်ဆိုဒ်တွင် ရောင်းချနေကြောင်း ဖော်ပြထားသည်။

 Smoke and Mirrors အစီရင်ခံစာမှ သုတေသီများသည် ကုမ္ပဏီပေါင်း ၂၂၁ခုခန့်သည့် သင်းခွေချပ်ကြေးခွံပါဝင်သော ပစ္စည်းများ ရောင်းချခွင့် လိုင်စင်ရထားကာ ၆၄ခုခန့် မတူညီသော ထုန်ကုန်များတွင် ပါဝင်ပစ္စည်းအဖြစ်ပါဝင်ကြောင်းကို ရှာဖွေတွေ့ရှိခဲ့သည်။

 စောင့်ကြည့်လေ့လာရေးအဖွဲ့သည် အစိုးရအနေဖြင့် မျိုးသုဉ်းရန်အန္တရာယ်ရှိ တောရိုင်းသတ္တဝါများကို ကာကွယ်ရန် အလေးအနက်ထားပါက တရုတ်၏ စည်းမျဉ်းများမှ အဓိက လစ်ဟာချက်များကို ပြုပြင်ရန် လိုအပ်ကြောင်း ပြောသည်။

 ကြေးခွံပါဝင်သော ဟင်းရည်သည် ဆေးပညာအရ သက်သေပြထားခြင်းမရှိသည့် နို့ရည်မထွက်သော အမျိုးသမီးများအတွက် အထောက်အကူဖြစ်သည်ဆိုသော အယူအပါအဝင် ဆေးပညာဆိုင်ရာ အရည်အသွေးများရှိသည်ဟူသော အယူအဆများကြောင့် သင်းခွေချပ်များသည် တရုတ်နိုင်ငံတွင် ပျောက်ကွယ်လုနီးပါး ဖြစ်နေသည်။

 အာရှတွင် နှစ်စဉ် ခန့်မှန်းခြေ သင်းခွေချပ် ၂၀၀,၀၀၀ ခန့်စားသုံးကြပြီး တရုတ်ရိုးရာဆေးပညာသည် အဓိက ကြိုးကိုင်သူဖြစ်သည်။ ကုလသမ္မဂ မူးယစ်ဆေးဝါးနှင့် ရာဇဝတ်မှုရုံး၏ နောက်ဆုံးထုတ်ပြန်သော ကမ္ဘာ့တောရိုင်းတိရစ္ဆာန် ရာဇဝတ်မှု အစီရင်ခံစာတွင် သင်းခွေချပ်ကြေးခွံဖမ်းဆီးမှု၏ ၇၁ရာခိုင်နှုန်းသည် တရုတ်နိုင်ငံအတွက်ဖြစ်ကြောင်း ဖော်ပြထားသည်။ ဗီယက်နမ်သည် အခြား အဓိက ဈေးကွက်ဖြစ်သည်။

 ယခုနှစ် နွေရာသီတွင် ကမ္ဘာလုံးဆိုင်ရာ ဇီဝမျိုးကွဲများ ထိပ်သီးအစည်းအဝေးကို လက်ခံကျင်းပရန်စီစဉ်ထားသော တရုတ်အစိုးရ၏ ရိုးရာဆေးဗေဒတွင် အတည်ပြုထားသော ပါဝင်ပစ္စည်းများ၏ တရားဝင်စာရင်းမှ သင်းခွေချပ်ကြေးခွံကို ဖယ်ရှားလိုက်သည်ဟူသောအပြောသည် ပြောင်းလဲမှုအတွက် မျှော်လင့်ချက်များကို ဖြစ်ပေါ်လာစေသည်။

 ၎င်းသည် နိုင်ငံတကာတွင် ဂုဏ်တက်စေခဲ့ပြီး တရုတ်သမ္မတ Xi Jingping၏ ကာဗွန်ထုတ်လွှင့်မှုကို ပိုမိုများပြားစွာလျော့ချမည်ဟူသော ကြေငြာချက်က တရုတ်သည် ဒေါ်နယ်ထရမ့်အောက်ရှိ အမေရိကန်၏ ပေါ့ဆမှုနှင့် ဆန့်ကျင်ဘက်ဖြစ်ကာ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ဦးဆောင်မှုကဏ္ဍကို ယူရန်အဆင့်သင့်ဖြစ်နေပြီဖြစ်ကြောင်း အကောင်းမြင်မှုကို ဖြစ်ပေါ်စေခဲ့သည်။

သို့သော် EIAအစီရင်ခံစာတွင် တရုတ်၏အကောင်အထည်ဖော်ရာတွင် ကြီးမားသော ကွာဟချက်များရှိကြောင်း ဖော်ပြနေသည်။ အစိုးရသည် ဆေးဝါးကုမ္ပဏီများအား “လျို့ဝှက်ဖုံးကွယ်ထားကာ ဘယ်တော့မှ ကုန်နိုင်ပုံမပေါ်သော” အမျိုးသားသိုလှောင်ရုံမှ သင်းခွေချပ်ကြေးခွံများကို အသုံးပြုရန် ဆက်လက်ခွင့်ပြုလျက်ရှိသည်။ ယခုနှစ်အစောပိုင်းထုတ်ပြန်သော အစီရင်ခံစာတွင် တရုတ်၏ဆေးဘက်ဆိုင်ရာအာမခံစနစ်သည် သင်းခွေချပ်ပါဝင်သော ရိုးရာကုထုံးအသုံးပြုသူများကို ကုန်ချစရိတ်များ ဆက်လက်ပြန်ပေးနေလျက်ရှိပြီး တရားမဝင်ကုန်သွယ်မှုကိုလျော့ချမည့် ပိုမိုကြီးမားသည့် ရည်မှန်းချက်ကို လျော့ကျစေကြောင်း ဖော်ပြထားသည်။

“တရုတ်သည် ဆေးဝါးတွင် သင်းခွေချပ်အသုံးပြုမှုကို ပိတ်ပင်ရန် အပြည့်အဝမဟုတ်သေးပဲ တစ်ဝက်ခန့် လုပ်ဆောင်မှုများပြုပြီးဖြစ်ကြောင်း” EIA မှ အကြီးတန်း သင်းခွေချပ်ဆိုင်ရာ စည်းရုံးလှုံ့ဆော်သူ Chris Hamley ကပြောသည်။

“ကြီးမားတဲ့ တရားမဝင်ကုန်သွယ်မှုနဲ့ ပြည်တွင်း အားနည်းနေသော စည်းမျဉ်းများအရ ဆေးဝါးကုမ္ပဏီများက တရားမဝင် ကြေးခွံတွေကို ဆက်လက်အသုံးပြုနေပုံပေါ်တယ်။ ကျွန်တော်တို့ အစီအရင်ခံစာမှာ အဲဒီလိုမျိုးတွေ အများကြီးတွေ့ရတယ်”။

သူသည် တရုတ်နိုင်ငံ၏ တောရိုင်းတိရစ္ဆာန်ကာကွယ်ရေးဥပဒေကို ပြန်သုံးသပ်သည့်အခါ လစ်ဟာချက်များကိုပြုပြင်ရန် အမျိုးသားပြည်သူ့ကွန်ဂရက်အား တောင်းဆိုခဲ့သည်။ ကုမ္ပဏီနှင့် သူတို့၏ ဥရောပ ရင်းနှီးမြှုပ်နှံသူများသည် သင်းခွေချပ်ကြေးခွံများအစား အခြားသော ဆေးဖက်ဝင်ပစ္စည်းများကို အသုံးပြုရန် ကြေငြာချက် ထုတ်ပြန်နိုင်သည်။ နိုင်ငံတကာ အသိုင်းအဝိုင်းအနေဖြင့် နိုင်ငံများသည် ပြည်တွင်းဈေးကွက်များကို ထိန်းညှိနိုင်ရန် ပိုမိုတင်းကြပ်သည့် အရေးယူဆောင်ရွက်ချက်များ ပြုလုပ်နိုင်ရန် တောရိုင်းတိရစ္ဆာန်များနှင့် သစ်ပင်ပန်းမန်မျိုးစိတ်များ အပြည်ပြည်ဆိုင်ရာကုန်သွယ်ရေး သဘောတူစာချုပ်ကို အသုံးပြုနိုင်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly