ဂျီ၂၀ ထိပ်သီးအစည်းအဝေးတွင် ပါရီတိုက်ခိုက်မှုအတွက် ၀မ်းနည်းခြင်း အထိမ်းအမှတ်အဖြစ် တစ်မိနစ်ငြိမ်သက်

ဂျီ၂၀ ထိပ်သီးအစည်းအဝေးတွင် ပါရီတိုက်ခိုက်မှုအတွက် ၀မ်းနည်းခြင်း အထိမ်းအမှတ်အဖြစ် တစ်မိနစ်ငြိမ်သက်

တူရကီနိုင်ငံ အန်တဲယာပင်လယ်ကမ်းခြေ အပန်းဖြေမြို့တွင် ကျင်းပသည့် ဆယ်ကြိမ်မြောက် ဂျီ၂၀ ထိပ်သီးအစည်းအဝေး နိုဝင်ဘာ ၁၅ ရက်က စတင်ကျင်းပသည်။

စီးပွားရေးအဓိကထိပ်သီးအစည်းအဝေးဖြစ်သော်လည်း လက်တလောတိုက်ခိုက်ခံထားရသည့် ပါရီမြို့ အကြမ်းဖက်မှုက အစည်းအဝေးတွင် အဓိကဆွေးနွေးသည့်လုပ်ငန်းစဉ်ဖြစ်ခဲ့သည်။

လူပေါင်း ၁၂၉ ဦးသေဆုံးခဲ့သည့် ပါရီတိုက်ခိုက်မှုအတွက် ဂျီ၂၀ ထိပ်သီးအစည်းအဝေးတွင် ဝမ်းနည်းခြင်းအထိမ်းအမှတ်အဖြစ် တစ်မိနစ် ငြိမ်သက်နေခဲ့သည်။

ကမ္ဘာ့ခေါင်းဆောင်များ အများအပြားတက်ရောက်ကြသည့် ယင်းအစည်းအဝေးသို့ တက်ရောက်လာသည့် စင်ကာပူဝန်ကြီးချုပ် လီရှန်လွန်းက "ပြင်သစ်ပြည်သူများနဲ့အတူ အစွန်းရောက် အကြမ်းဖက်မှုများ ချေမှုန်းရေးအတွက် ပါဝင်ပါမယ်။ စင်ကာပူကလည်း ပြင်သစ်ပြည်သူများနဲ့ တစ်သားတည်းတည်ရှိ ရပ်တည်ပါမယ်။"ဟု ပြောကြားခဲ့သည်။

တူရကီသမ္မတ အာဒိုဂန်က ပါရီတိုက်ခိုက်ခံရမှု အောင်းမေ့ဖွယ်အဖြစ် တစ်မိနစ် ငြိမ်သက်ရန် တောင်းဆိုခဲ့ခြင်းဖြင့် ယခုကမ္ဘာ့ခေါင်းဆောင်များ ထိပ်သီးအစည်းအဝေးတွင် ပါရီမြို့တိုက်ခိုက်မှုအတွက် တစ်မိနစ်ငြိမ်သက်ကာ ဝမ်းနည်းကြောင်း ထုတ်ဖော်ပြသခဲ့ကြခြင်းဖြစ်သည်။

Ref ; CNA

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly