ရွေးကောက်ပွဲအပြီး မြန်မာနိုင်ငံအတွက် အိန္ဒိယ၏ အနာဂါတ်အတွက် မဟာဗျူဟာ ဆန်းစစ်လေ့လာချက်

ရွေးကောက်ပွဲအပြီး မြန်မာနိုင်ငံအတွက် အိန္ဒိယ၏ အနာဂါတ်အတွက် မဟာဗျူဟာ ဆန်းစစ်လေ့လာချက်

အောက်တိုဘာ ၁၄ 

နိုဝင်ဘာ ၈ရက်တွင်ကျင်းပမည့် မြန်မာနိုင်ငံ၏ ပါလီမန်နှင့် ပြည်နယ်လွှတ်တော်အသစ်များ ရွေးကောက်ခြင်းမတိုင်မီ ရက်သတ္တပတ်များအလိုတွင် အိန္ဒိယ၏ ကြည်းတပ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး မနုချ်ရှ် နာရာဗန်နီ နှင့် နိုင်ငံခြားရေးဝန်ကြီး ဟာ့ရှ် ဗာဒ့်ဟန် ရှရင်ဂလာ တို့သည် မြန်မာသို့ နှစ်ရက်တာ (အောက်တိုဘာ ၄-၅) သွားရောက် လည်ပတ်ခဲ့ကြသည်။ ၎င်းသည် အိန္ဒိယစစ်ဘက်နှင့် အရပ်ဘက်တို့ပူးတွဲသွားရောက်သည့်  ရှားရှားပါးပါးဖြစ်ရပ်တစ်ခုဖြစ်သည်။

နယူးဒေလီနှင့် နေပြည်တော်အကြား ပုံမှန် အဆင့်မြင့်ထိတွေ့ဆက်ဆံမှုများအကြား လိုက်လျောညီထွေဖြစ်စေရန် အိန္ဒိယကိုယ်စားလှယ်အဖွဲ့သည် မြန်မာနိုင်ငံ၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် တပ်မတော်ကာကွယ်ရေး ဦး စီးချုပ် ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင်တို့အား သွားရောက်တွေ့ဆုံဆွေးနွေးခဲ့သည်။ ဗိုလ်ချုပ် နာရာဗန်နီ သည် မြန်မာနိုင်ငံ ဒုတိယကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်ကြီးစိုးဝင်းနှင့် တွေ့ဆုံခဲ့ပြီး နိုင်ငံခြားရေးဝန်ကြီးသည် မြန်မာနိုင်ငံနိုင်ငံခြားရေးဝန်ကြီးဌာန၏ အမြဲတမ်းအတွင်းရေးမှူး ဦးစိုးဟန်နှင့်တွေ့ဆုံခဲ့သည်။

အိန္ဒိယအတွက် နှစ်နိုင်ငံဆက်ဆံရေးသည် အိမ်နီးချင်းကောင်းဆိုသည်ထက် ကျော်လွန်သော အကြောင်းပြချက်များအတွက် အရေးကြီးသည်။ ပထမတစ်ခုမှာ အိန္ဒိယ- မြန်မာ နယ်စပ်ဒေသသည် စစ်သွေးကြွများ/ သောင်းကျန် းသူအုပ်စုများအတွက် ဒုစရိုက်နယ်မြေဖြစ်ပြီး နှစ်နိုင်ငံလုံးအတွက် လုံခြုံရေးအတွက်စိုးရိမ်ပူပန်မှုများဖြစ်စေသည်။ ထိုစစ်သွေးကြွအုပ်စုများနှင့် အခြားကျူးလွန်သည့်အဖွဲ့များမှ မူးယစ်ဆေးဝါးနှင့် လက်နက်ငယ်များ မှောင် ခိုထုတ်ခြင်း၊ တင်သွင်းခြင်းနှင့် ပတ်သက်၍လည်း တူညီသော စိုးရိမ်မှုများရှိနေသည်။ ဒုတိယအချက်မှာ နယူးဒေလီအတွက် မြန်မာနိုင်ငံသည် ‘အိမ်နီးချင်းပထမမူဝါဒ’နှင့် ‘ အရှေ့မျှော်မူဝါဒ’ အရ ၎င်း၏ အရှေ့တောင်အာရှထိတွေ့မှု၏ဗဟိုချက်အကြား ဆက်သွယ်မှုလမ်းကြောင်းဖြစ်ခြင်းသာမက အိန္ဒိယအရှေ့မြောက်ဒေသများ ဖွံ့ဖြိုးရေးအတွက်လည်း သက်ဆိုင်သည်။

အလည်အပတ်
 
ခရီးစဉ်အတွင်း နှစ်ဖက်စလုံးမှ ဆက်လက်ဖြစ်ပွားနေသော ထိတွေ့ဆက်ဆံမှုနယ်ပယ်များကို ပြန်လည်သုံးသပ်ခဲ့သည်။ COVID-19 ကပ်ရောဂါကိုဖြေရှင်းရန်နှင့် နယူးဒေလီ၏ ခင်မင်ရင်းနှီးမှုကို ပြသရန် အိန္ဒိယကိုယ်စား လှယ်အဖွဲ့သည် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား ရမ်ဒက် ဆီဗျား Remdesivir ပုလင်း ၃၀၀၀ ခန့်အား လက်ဆောင်အဖြစ်ပေးအပ်ခဲ့သည်။ G-20 အကြွေး  ဆိုင်းငံ့ခြင်း ပဏာမခြေလှမ်းအရ ၂၀၂၀ ခုနှစ်အကုန်အထိ အကြွေး သက်သာစေရန် အိန္ဒိယကလုပ်ဆောင်ပေးသည့် ဆုံးဖြတ်ချက်ကို မြန်မာကကျေးဇူးတင်ရှိကြောင်းပြောကြားခဲ့သည်။
 
နှစ်ဘက်လုံးက အိန္ဒိယအကူအညီဖြင့်ဆောင်ရွက်သော သုံးနိုင်ငံအဝေးပြေးလမ်း (အိန္ဒိယ - မြန်မာ - ထိုင်း) အဝေးပြေးလမ်းမကြီး၊ သုံးနိုင်ငံမော်တော်ယာဉ်ဆိုင်ရာသဘောတူညီချက်၊ ကုလားတန် ဘက်စုံ သယ်ယူပို့ဆောင်ရေးစီမံကိန်း၊ ရခိုင်ပြည်နယ်ဖွံ့ဖြိုးရေးအစီအစဉ် (RSDP) ကဲ့သို့သော စီမံကိန်းများကို ပြန်လည်သုံးသပ်ခဲ့ကာ RSDP ၏ အဆင့် (၃) ကို အပြီးသတ်ခဲ့သည်။ အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်နှင့် မြန်မာနိုင်ငံချင်းပြည်နယ်များအကြား ကုန်သွယ်ရေးတိုးတက်စေရန် နယ်စပ်ဈေးများ ဆောက်လုပ်ရေးအတွက်ဒေါ်လာ နှစ်သန်းထောက်ပံ့ရန် နယူးဒေလီက ကတိပြုခဲ့သည်။ နှစ်ဘက်စလုံးမှ ရမည်းသင်း အမျိုးသမီးရဲဌာန၊ အခြေခံ နည်းပညာသင်တန်းကျောင်းနှင့် မြန်မာသတင်းအချက်အလက် နည်းပညာကျောင်းများ တိုးမြှင့်ခြင်းစသည့် အစီအစဉ်သစ်များကိုလည်း ဆွေးနွေးခဲ့ကြသည်။

ရခိုင်ပြည်နယ် စစ်တွေဆိပ်ကမ်းကို ၂၀၂၁ အစောပိုင်းတွင် စတင်လည်ပတ်နိုင်လိမ့်မည်ဟု မျှော်လင့်ရပြီး  မြစ်ကြီးနားရှိ ဆော့ဖ်ဝဲလ်ဖွံ့ဖြိုးတိုးတက်မှုနှင့် လေ့ကျင့်ရေးစင်တာကိုမူ ဖွင့်လှစ်လိုက်ပြီးဖြစ်သည်။ စွမ်းအင်ကဏ္ဍတွင် နှစ်ဖက်စလုံးအနေဖြင့် High Capacity High Voltage Grid Interconnection ဖြစ်နိုင်ချေကိုဆွေးနွေးခဲ့ကြသည်။ အိန္ဒိယနိုင်ငံက  ရန်ကုန်အနီးရှိ သန်လျင်တွင် ခန့်မှန်းခြေအမေရိကန်ဒေါ်လာ ၆ဘီလီယံ ကုန်ကျမည့် ရေနံချက်စက်ရုံတည်ဆောက်ရန်လည်း အဆိုပြုထားသည်။

အိန္ဒိယခရီးစဉ်ကိုဆန်းစစ်ခြင်း

အိန္ဒိယစစ်တပ်အကြီးအကဲနှင့် နိုင်ငံခြားရေးဝန်ကြီးဌာနတို့ ပူးပေါင်း၍ ပြည်ပသို့အလည်အပတ်ခရီးစဉ် သည်ရှားပါးဖြစ်စဉ်ဖြစ်သည်နှင့်အညီ ရည်ရွယ်ချက်သည် ဖွဲ့စည်းပုံသာမက အချိန်ကိုက် ဖန်တီးမှုလည်းဖြစ်သည်။

ပထမအချက်မှာ လာမည့်မြန်မာနိုင်ငံတွင် ကျင်းပမည့်ရွေးကောက်ပွဲသည် တိုင်းပြည်၏ ဒီမိုကရေစီ တည်ငြိမ်ရေးအတွက်သာမက အနာဂါတ် နိုင်ငံရေးလမ်းကြောင်းကိုရေးဆွဲရန် အတွက်လည်း အရေးကြီးသည်။

မြန်မာနိုင်ငံ၏ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် နိုင်ငံရေးမူဘောင်အရ ၂၀၂၀ နိုဝင်ဘာလ ပါလီမန်ရွေးကောက်ပွဲသည်မတ်လ ၂၀၂၁ သွယ်ဝိုက်သော သမ္မတရွေးကောက်ပွဲနှင့် နောက်အစိုးရ၏ ရွေးကောက်ပွဲများအတွက် အခြေခံဖြစ်သည်။
 
ဒုတိယအချက်မှာ မြန်မာနိုင်ငံ အမျိုးသားလွှတ်တော်နှင့် ပြည်နယ်လွှတ်တော်များ၏ လေးပုံတစ်ပုံမှာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်မှ အမည်စာရင်းတင်သွင်းသော လက်နက်ကိုင်တပ်ဖွဲ့များမှ ကိုယ်စားလှယ်များအတွက်ဖြစ်သည်။ အစိုးရအဖွဲ့၏ ကာကွယ်ရေး၊ ပြည်ထဲရေးနှင့် နယ်စပ်ရေးရာဝန်ကြီးများကိုလည်း တပ်မတော်ကခန့်အပ်သည်။ ပြည်နယ်၏အရေးကိစ္စများတွင် တပ်မတော်၏ လက်ရှိအခန်းကဏ္ဍသည် နိုဝင်ဘာတွင် ခွဲဝေလာမည့် လုပ်ပိုင်ခွင့်အာဏာအရ နောက်နှစ်အတွင်း သမ္မတရွေးချယ်တင်မြှောက်ခြင်းနှင့် အနာဂတ်ကိုပုံဖော်ရာ၌ စစ်တပ်၏ပါဝင်မှုအခန်းကဏ္ဍက အခရာကျနိုင်သည်။

တတိယအချက်မှာ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သော အစိုးရအဖွဲ့၏ ဆယ်စုနှစ်များစွာ ကြာမြင့်ခဲ့သော လူမျိုးရေးပဋိပက္ခကို ဖြေရှင်းရန်အစပျိုးလုပ်ဆောင်ခြင်းသည် အဓိပ္ပါယ်ရှိသော အဖြေရရန် အလှမ်းဝေးနေသေးသည်။ ထို့ကြောင့် လက်နက်ကိုင်အဖွ့ဲများနှင့် တိုင်းရင်းသားနိုင်ငံရေးအင်အားစုငယ်များသည် ရွေးကောက်ပွဲများကို အနီးကပ်စောင့်ကြည့်နေကြမည် ဖြစ်သည်။ ပါလီမန်ရွေးကောက်ပွဲများ၌ လုပ်ပိုင်ခွင့်အာဏာ ခွဲဝေထားခြင်း၌ တပ်မတော်သည် တိုင်းရင်းသားပြန်လည်ရင်ကြားစေ့ရေးနှင့် တိုင်းရင်းသားနိုင်ငံရေးသမားများပါ ဝင်ရေးတို့အတွက် အဓိကအခန်းကဏ္ဍမှ ပါဝင်နိုင်သည်။

စတုတ္ထအချက်မှာ အိန္ဒိယနိုင်ငံရှိလူအများစုအမြင်တွင် (မှန်ကန်သောအကြောင်းပြချက်များအရ) တရုတ်နှင့် အကြပ်အတည်းဖြစ်နေသော်လည်း နယူးဒေလီ၏ မြန်မာနှင့်ဆက်ဆံမှုအတွင် ယင်းလည်ပတ်မှုက နှစ်နိုင်ငံကြား ဆက်ဆံရေးခိုင်မာလာစေရန်ဖြစ်သည်။ ဆွေးနွေးပြီးသောကိစ္စရပ်များအရ အိန္ဒိယနှင့် မြန်မာနိုင်ငံ၏ဆက်ဆံရေးသည် ရိုးရာအစဉ်အလာများနှင့်သာ ကန့်သတ်ခြင်းမရှိတော့ဘဲ စစ်ရေးသံတမန်ရေး ပူးတွဲဆက်ဆံရေးပုံစံ ဖြစ်ပေါ်လာသည်။ မြန်မာနိုင်ငံဖြင့် ဤသို့သောချဉ်းကပ်မှုသည် နှစ်နိုင်ငံဆက်ဆံရေးကို အလားအလာရှိသော ပြည်တွင်းနိုင်ငံရေး အနှောင့်အယှက်များမှ ကင်းဝေးစေရုံမျှမက အနာဂတ်တွင် ဖြစ်လာနိုင်သော ပြင်ပရန်စွယ်များကိုတားဆီးရန် ရှိပြီးသားယန္တရားများကို စနစ်တကျ ဖွဲ့စည်းထားရန် အတွက်လည်းဖြစ်သည်။
 
စစ်အစိုးရလက်ထက်မကတည်းက နိုင်ငံတကာအသိုင်းအဝိုင်း အများစုသည် မြန်မာနိုင်ငံအပေါ် ဆန့်ကျင်သည့်အမြင်များသာရှိခဲ့ပြီး သူတို့ကြိုက်နှစ်သက်သော ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အာဏာရလာပြီး မကြာမီတွင် ရိုဟင်ဂျာအရေးနှင့် ပတ်သက်၍ ပြန်လည်ပေါ်ပေါက်လာသည့်အမြင်မှာ ပြောင်းလဲလာခဲ့သည်။

ဤနောက်ခံအခြေအနေအရ အောက်တိုဘာ ၁ ရက်တွင် ရှရင်ဂလာ နှင့် ဦးစိုးဟန်တို့အကြား နိုင်ငံခြားရေးရုံးညှိနှိုင်းမှုများအပြီး စစ်ရေးသံတမန်ရေးရာဆက်ဆံမှုသည် ရွေးကောက်ပွဲများအပြီးတွင်လည်း အိန္ဒိယ၏ နှစ်နိုင်ငံဆက်ဆံရေးအပေါ် ကတိကဝတ်များကို ထပ်လောင်းဖော်ပြရုံသာမက အရှေ့မြောက်အိမ်နီးချင်းနိုင်ငံအား တူညီသောပုံစံဖြင့် ဆက်လက်နေထိုင်ရန် အာမခံချက်လည်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required