မြန်မာမဲဆန္ဒရှင်များ နိုင်ငံအတွက် အကောင်းမြင် ၂၀၁၅ အထွေအထွေရွေးကောက်ပွဲ မတိုင်မီကိစ္စရပ်များ

မြန်မာမဲဆန္ဒရှင်များ နိုင်ငံအတွက် အကောင်းမြင် ၂၀၁၅ အထွေအထွေရွေးကောက်ပွဲ မတိုင်မီကိစ္စရပ်များ

 

အောက်တိုဘာ ၁၄ရက်မှ ၃၁ ရက်အတွင်း ပြုလုပ်သော စစ်တမ်းတစ်ခုအရ မဲဆန္ဒရှင်အများစုမှာ နိုင်ငံအတွက် အကောင်းမြင်သော်လည်း ယင်းအကောင်းမြင်မှုမှာ လွန်ခဲ့သည့် တစ်နှစ်အကျော်အတွင်း သိသိသာသာ ကျဆင်းခဲ့သည်။

နိုင်ငံအတွက် ယေဘုယျအမြင်အားဖြင့် နိုင်ငံသည် မှန်ကန်သည့် လားရာဘက်သို့ သွားနေသည်ဟုဖြေဆိုသူ ၆၂ရာခိုင်နှုန်းကယုံကြည်ကြသည်။ ယင်းအပြုသဘောဆောင်သော အမြင်ကို လူထုလူတန်းစား အသီးသီးတွင် တွေ့မြင်နိုင်သည်။

 

 

အပြုသဘောဆောင်သောအမြင်၏နောက်တွင် ထိန်းချုပ်ထားသည့် အချက်များစွာရှိသည်။ အဓိကအချက်များတွင် စီးပွားရေးနှင့် အခြေခံအဆောက်အအုံ ဖွံ့ဖြိုးတိုးတက်မှု (၄၂ရာခိုင်နှုန်း)၊ ပိုမိုကြီးမားလာသည့် ဒီမိုကရေစီနေရာ (၁၆ရာခိုင်နှုန်း)၊ ပညာရေးတိုးတက်လာမှု(၉ရာခိုင်နှုန်း) ၊ ကောင်းမွန်သောအုပ်ချုပ်မှု(၈ရာခိုင်နှုန်း) ၊ ပြုပြင်ပြောင်းလဲမှုများ (၇ရာခိုင်နှုန်း)နှင့် အလုပ်အကိုင်အခွင့်အလမ်းများပိုမိုရရှိလာမှု(၄ရာခိုင်နှုန်း)တို့ပါဝင်သည်။

ယင်းကဲ့သို့ အပြုသဘောဆောင်သောအမြင်များအားကောင်းသော်လည်း ၂၀၁၄ ဖေဖော်ဝါရီက ပြုလုပ်ခဲ့သောစစ်တမ်းနှင့် စာလျင် အားနည်းနေသေးသည်။ ၂၀၁၄ ဖေဖော်ဝါရီစစ်တမ်းတွင် ဖြေကြားသူ ၈၈ရာခိုင်နှုန်းက နိုင်ငံသည် မှန်ကန်သည့် လားရာဦးတည်ဘက်သို့ သွားနေသည်ဟုယူဆကြသည်။ ထို့ကြောင့် ၂၆ရာခိုင်နှုန်း ကျဆင်းသွားခဲ့သည်။

 

 

နိုင်ငံအပေါ် ယေဘုယျအမြင်နှင့် ပတ်သက်၍ ဖြေဆိုသူအချို့က သတိရှိနေသည်ကို ပြသခဲ့ကြပြီး ဖြေဆိုသူ ၄၄ ရာခိုင်နှုန်းက ၎င်းတို့၏ အိမ်ထောင်စုဝင်ငွေသည် လွန်ခဲ့သည့် နှစ်နှစ်ကနှင့် အတူတူပင်ဖြစ်ကြောင်း ဖြေဆိုခဲ့ပြီး ၂၁ ရာခိုင်နှုန်းကမူ အဆိုးဆုံးဟု ဖြေကြားသည်။ ၃၄ ရာခိုင်နှုန်းကသာ ၎င်းတို့၏ အိမ်ထောင်စုဝင်ငွေ အကောင်းဆုံးဟ ဖြေကြားခဲ့သည်။

 

 

နိုင်ငံရေးသိမြင်မှု အဆင့်နိမ့်ခြင်း

ယခုစစ်တမ်း၏ နောက်ထပ်စိတ်ဝင်စားဖွယ်ကောင်းသည့် တွေ့ရှိချက်တစ်ခုမှာဖြေဆိုသူအများစုကိုလွှမ်းခြုံကြည့်ပါက နိုင်ငံရေးသိမြင်မှုမရှိခြင်းပင်ဖြစ်သည်။ ၂၉ ရာခိုင်နှုန်းကသာ ၎င်းတို့နယ်မြေတွင် ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်များကို သိကျွမ်းမှုရှိသည်ဟု ပြောကြားခဲ့ပြီး ၄၃ ရာခိုင်နှုန်းက နိုင်ငံရေးပါတီများကို သိကျွမ်းသည်ဟု ပြောကြားခဲ့သည်။

 

 

ယခုကိန်းဂဏန်းများအရ ဖြေဆိုသူများသည် မိမိတို့နယ်မြေတွင် ဝင်ရောက်အရွေးခံမည့် ကိုယ်စားလှယ်လောင်းများထက် နိုင်ငံရေးပါတီများကိုသာ ပိုမိုသိရှိလို သည်ကို တွေ့ရသည်။ ၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် စံချိန်တင် ကိုယ်စားလှယ်လောင်း ၆,၀၇၄ ဦးက ဝင်ရောက်ယှဉ်ပြိုင် အရွေးခံကြမည်ဖြစ်သည်။

ယခုကဲ့သို့ များပြားလှသည့် ကိန်းဂဏန်းများက ၎င်းတို့၏ သက်ဆိုင်ရာ ကိုယ်စားလှယ်လောင်း အသီးသီးကို သိရှိရေးမှာ ဖြေဆိုသူမဲဆန္ဒရှင်များ အတွက် ကြီးမားသည့် စိန်ခေါ် မှုဖြစ်နိုင်သည်။

ထို့အပြင် ယခုစစ်တမ်းသည် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က တရားဝင်ကိုယ်စားလှယ်လောင်းစာရင်း ထုတ်ပြန်ပြီးနောက် သီတင်းပတ်အနည်း ငယ်ကြာမှ ပြုလုပ်ခဲ့ခြင်းဖြစ် သည်။ ထို့ကြောင့် ဖြေကြားသူအများစုက ကိုယ်စားလှယ်လောင်းများကို မသိသေးခြင်း ဖြစ်နိုင်သည်။

မဲဆန္ဒရှင်အများစုမှာ ၎င်းတို့၏နယ်သို့ ဝင်ရောက်ယှဉ်ပြိုင်မည့် နိုင်ငံရေးပါတီများကို မသိရခြင်း၏ အကြောင်းမှာပါတီသစ် အများအပြား ပေါ်ပေါက်လာခြင်းကြောင့်လည်း ဖြစ်နိုင် သည်။

ဖြေဆိုသူ ၄၃ရာခိုင်နှုန်းက ပြည်ထောင်စုကြံံခိုင်ရေးနှင့် ဖွင့်ဖြိုးရေးပါတီ၊ NLD ကဲ့သို့ ပါတီကြီးများကို ရည်ညွှန်းလျက် နိုင်ငံရေးပါတီများကို သိကျွမ်းသည်ဟု ဖြေဆိုခဲ့သည်။

 

 

စစ်တမ်းက မဇ္ဈိမမီဒီယာအုပ်စုက ဦးဆောင်သည့် အဖွဲ့က ပြုလုပ်စေခဲ့ပြီး Merdeka Center for Opinion Research (Malaysia) က နည်းပညာအကြံပေးအဖြစ် ဆောင်ရွက်ခဲ့သည်။ စစ်တမ်းကို အကောင်အထည်ဖော်သူမှာ Myanmar Survey Research (MSR) ဖြစ်သည်။

အရွယ်ရောက်ပြီးသူ မြန်မာနိုင်ငံသား ၁,၂၀၀ ကို မျက်နှာချင်းဆိုင် တွေ့ဆုံမေးမြန်းခဲ့ခြင်းဖြစ်သည်။ ဖြေကြားသူများကို အဆင့်အမျိုးမျိုးမှ စီစဉ်တကျ မဟုတ်သော နမူနာကောက်ခြင်းအပေါ် အခြေခံ၍ ရွေးချယ်ခဲ့သည်။ တွေ့ဆုံမေးမြန်းမှုများကို မြန်မာလိုပင် ပြုလုပ်ခဲ့ပြီး တိုင်းရင်းသားလူနည်းစုဒေသများတွင် စကားပြန်များက ကူညီခဲ့ကြသည်။

စစ်တမ်းကို ရေကြီးမှုကြောင့် အင်တာဗျူး မလုပ်နိုင်သော ချင်ပြည်နယ်မှ လွဲ၍ ကျန်ပြည်နယ်နှင့် တိုင်းဒေသကြီးများမှ လူများ ပါဝင်ခဲ့သည်။ စစ်တမ်းသည် တစ်နိုင်ငံလုံး လူဦးရေကို ရောင်ပြန်ဟပ်ရန် မဲတင်းထားသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags