အနိုင်ရရှိတဲ့ အမျိုးသမီးအမတ်များ

အနိုင်ရရှိတဲ့ အမျိုးသမီးအမတ်များ

(နိုဝင်ဘာလ ၉ ရက်မှ ၁၃ ရက်၊ ညနေ ၃ နာရီထိ ထုတ်ပြန်ချက်)

ရွေးကောက်ပွဲမှာ လွှတ်တော်သုံးရပ်အတွက် အနိုင်ရရှိသွားတဲ့ ကိုယ်စားလှယ်တွေစာရင်းကို ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ပြီးခဲ့တဲ့ တနင်္လာနေ့ နိုဝင်ဘာ ၉ ရက်ကစပြီး ထုတ်ပြန်ပေးခဲ့ တာဖြစ်ပါတယ်။ အခုတစ်ပတ် သောကြာနေ့ နိုဝင်ဘာ ၁၃ ရက်နေ့ ညနေ ၃ နာရီထုတ်ပြန်ချက်ပြီးတဲ့အထိ ရရှိထားတဲ့ အနိုင်ရကိုယ်စားလှယ်စားရင်းမှာ အမျိုးသမီးတွေ အများအပြား ပါဝင်လာပါ တယ်။ ပြည်နယ်နဲ့တိုင်းအလိုက် အနိုင်ရရှိနေတဲ့ အမျိုးသမီးကိုယ်စားလှယ်လောင်း အနေအထားကို စုစည်းဖော်ပြပေးလိုက်ပါတယ်။

ကချင်ပြည်နယ်မှာ ပါဝင်ယှဉ်ပြိုင်တဲ့သူ ၇၁ ဦး၊ အနိုင်ရရှိသူ ၈ ဦး။
ကယားပြည်နယ်မှာ ပါဝင်ယှဉ်ပြိုင်တဲ့သူ ၂၂ ဦး၊ အနိုင်ရရှိသူ ၆ ဦး။
ကရင်ပြည်နယ်မှာ ပါဝင်ယှဉ်ပြိုင်တဲ့သူ ၃၅  ဦး၊ အနိုင်ရရှိသူ၇ ဦး။
ချင်းပြည်နယ်မှာ ပါဝင်ယှဉ်ပြိုင်တဲ့သူ ၂၃  ဦး၊ အနိုင်ရရှိသူ ၃ ဦး။
မွန်ပြည်နယ်မှာ ပါဝင်ယှဉ်ပြိုင်တဲ့သူ ၅၂  ဦး၊ အနိုင်ရရှိသူ ၁၂ ဦး။
ရခိုင်ပြည်နယ်မှာ ပါဝင်ယှဉ်ပြိုင်တဲ့သူ ၂၁  ဦး၊ အနိုင်ရရှိသူ ၂ ဦး။
ရှမ်းပြည်နယ်မှာ ပါဝင်ယှဉ်ပြိုင်တဲ့သူ ၁၃၅  ဦး၊ အနိုင်ရရှိသူ ၁၃ ဦး။
ရန်ကုန်တိုင်းဒေသကြီးမှာ ပါဝင်ယှဉ်ပြိုင်တဲ့သူ ၁၄၄  ဦး၊ အနိုင်ရရှိသူ ၂၉ ဦး။
ဧရာဝတီတိုင်းဒေသကြီးမှာ ပါဝင်ယှဉ်ပြိုင်တဲ့သူ ၆၆  ဦး၊ အနိုင်ရရှိသူ ၁၅ ဦး။
ပဲခူးတိုင်းဒေသကြီးမှာ ပါဝင်ယှဉ်ပြိုင်တဲ့သူ ၇၆  ဦး၊ အနိုင်ရရှိသူ ၁၆ ဦး။
မကွေးတိုင်းဒေသကြီးမှာ ပါဝင်ယှဉ်ပြိုင်တဲ့သူ ၃၅  ဦး၊ အနိုင်ရရှိသူ ၁၁ ဦး။
မန္တလေးတိုင်းဒေသကြီးမှာ ပါဝင်ယှဉ်ပြိုင်တဲ့သူ ၅၂  ဦး၊ အနိုင်ရရှိသူ ၇ ဦး။
စစ်ကိုင်းတိုင်းဒေသကြီးမှာ ပါဝင်ယှဉ်ပြိုင်တဲ့သူ ၄၆ ဦး၊ အနိုင်ရရှိသူ ၁၄ ဦး။
တနင်္သာရီတိုင်းဒေသကြီးမှာ ပါဝင်ယှဉ်ပြိုင်တဲ့သူ ၁၈  ဦး၊ အနိုင်ရရှိသူ ၄ ဦး။
 

ဒါကတော့ နိုဝင်ဘာ ၁၃ ရက် ညနေ ၃ နာရီထိ ထုတ်ပြန်ကြေငြာချက်ကို ထုတ်နှုတ်တင်ပြပေးလိုက်တာ ဖြစ်ပါတယ်။ ကျန်ရှိနေသေးတဲ့ အနိုင်ရအမျိုးသမီးလွှတ်တော် ကိုယ်စားလှယ်စာရင်း ကိုနောက်တစ်ပတ်မှာ ဆက်လက်တင်ပြပေးမှာ ဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly