အမျိုးသားရေးလှုပ်ရှားသူများက Project K အဖွဲ့ကို ရန်ကုန်လေဆိပ်ရှေ့တွင် ဆန္ဒပြ

အမျိုးသားရေးလှုပ်ရှားသူများက Project K အဖွဲ့ကို ရန်ကုန်လေဆိပ်ရှေ့တွင် ဆန္ဒပြ

ကိုးရီးယားနိုင်ငံတွင် ကျင်းပသည့် Asia song festival 2020 ဖျော်ဖြေပွဲတွင် ရွှေတိဂုံဘုရားပုံရိပ်ကို အောက်ခြေခင်းတွင် LED ဖြင့် ဖော်ပြပြီး ကပြဖျော်ဖြေခဲ့သော Project K အဖွဲ့ကို ကန့်ကွက်ရှုတ်ချကြောင်း အမျိုးသားရေး လှုပ်ရှားသူများက ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်ရှေ့တွင် အောက်တိုဘာလ ၁၃ ရက်နေ့ ညက ဆန္ဒဖော်ထုတ်ခဲ့သည်။

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ပြန်လည်ရောက်ရှိလာသည့် Project K အဖွဲ့ကို အမျိုးသားရေးလှုပ်ရှားသူ အင်အား ၁၀၀ ဝန်းကျင်လောက်က ရန်ကုန်လေဆိပ်ရှေ့တွင် စောင့်ဆိုင်းကာ ဆန္ဒဖော်ထုတ်ခဲ့ကြခြင်း ဖြစ်သည်။
Project K အဖွဲ့သည် Asia song festival 2020 ဖျော်ဖြေပွဲအတွက် စက်တင်ဘာလ လလယ်ပိုင်းကတည်းက ကိုးရီးယားနိုင်ငံတွင် သွားရောက်လေ့ကျင့်နေခြင်းလည်း ဖြစ်သည်။

ရွှေတိဂုံဘုရားပုံရိပ်ကို အောက်ခြေ LED ဖြင့် ပြသနေသည်ကို ဖျော်ဖြေပွဲပြီးမှ သိရှိကြောင်းနှင့် ယခုလို လွဲချော်မှုဖြစ်ခဲ့သည့်အတွက် တောင်းပန်ကြောင်း Project K က ၎င်းတို့၏ ဖေ့စ်ဘွတ်စာမျက်နှာပေါ်တွင် ရေးသားထားသည်။

ရိုက်ကူး /တည်းဖြတ် - နောင်နောင်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly