အရှေ့ ဂျိုဟိုးတွင် တရုတ် ငါးဖမ်းလှေ ၆စီးနှင့် လူ၆၀ဦးအား မလေးရှားဖမ်းဆီး

အရှေ့ ဂျိုဟိုးတွင် တရုတ် ငါးဖမ်းလှေ ၆စီးနှင့် လူ၆၀ဦးအား မလေးရှားဖမ်းဆီး

အောက်တိုဘာ ၁၃ 

မလေးရှားရေကြောင်းထိန်းသိမ်းရေးအာဏာပိုင်အဖွဲ့ (MMEA) သည် အရှေ့ ဂျိုဟိုး ရေပိုင်နက်တွင် တရားမဝင် တရုတ်ငါးဖမ်းလှေ ခြောက်စီးနှင့် လှေပေါ်ပါ လူ ၆၀ ဦးအား ဖမ်းဆီးထိန်းသိမ်းထားကြောင်းသိရသည်။
 
MMEAမှ Tanjung Sedili ဇုံ ဒါရိုက်တာ ဗိုလ်ကြီး Mohd Zaufadli Nayan က သောကြာနေ့ (အောက်တိုဘာ ၉) မနက် ၉နာရီဝန်းကျင်တွင် အေဂျင်စီစစ်ဆင်ရေးဆောင်ရွက်နေစဉ်အတွင်း တရုတ် Qinhuangdao မှ ငါးဖမ်းလှေများအား မတူညီသောနေရာနှစ်ခုတွင် တွေ့ရှိခဲ့ကြောင်း ပြောကြားခဲ့သည်။
 
“ကျူးကျော်ဝင်ရောက်လာသော လှေများအကြောင်းကို ဂျိုဟိုး ဆိပ်ကမ်း အာဏာပိုင်များဆီမှ သတင်းအရိပ်အမြွက်ကို အစောပိုင်းက လက်ခံရရှိခဲ့သည်။ ကင်းလှည့်အဖွဲ့က ရေမိုင် ၂.၁ မိုင်နှင့် ၂.၃မိုင်အကွာတွင် လှေများကို တွေ့ရှိခဲ့ပြီး ကျန်သောလှေ ၃စီးမှာ အနီးအနားတွင် ရပ်တန့်ထားသည်ကို တွေ့ရသည်။”ဟု သူက ပြောသည်။ လှေများပေါ်တွင် ရေယာဉ်မှူး ၆ဦးနှင့် အမှုထမ်း ၅၄ဦးပါလာကာ အကုန်လုံးသည် တရုတ်နိုင်ငံသားများဖြစ်ပြီး အသက်၃၁ မှ ၆၀ အကြားရှိသူများ ဖြစ်ကြသည်ဟု ထပ်မံပြောကြားထားသည်။  

Mr Zulfadli က မလေးရှားရေပိုင်နက်တွင် ကျောက်ချရန်နှင့် လုပ်ငန်းဆောင်တာများလုပ်ဆောင်ရန် အာဏာပိုင်များ၏ ခွင့်ပြုချက်စာရွက်စာတမ်းများ ထုတ်ပေးရန် ပျက်ကွက်သောကြောင့် ၆၀ဦးလုံးကိုဖမ်းဆီးကြောင်းနှင့် လှေများကိုလည်း Tanjung Sedili ရှိ MMEA တွင် စုံစမ်းစစ်ဆေးရန် ထိန်းသိမ်းထားကြောင်း ပြောကြားခဲ့သည်။
 
နိုင်ငံရေပိုင်နက်အတွင်းသို့ ဝင်ရောက်ခြင်းအတွက် ဌာနကို အကြောင်းကြားရန်ပျက်ကွက်မှုကြောင့် ငါးလုပ်ငန်းအက်ဥပဒေအရ အမှုကို စုံစမ်းစစ်ဆေးလျက်ရှိပြီး ဒဏ်ငွေ မလေးရှားရင်းဂစ် ခြောက်သန်း (အမေရိကန်ဒေါ်လာ ၂သန်းနီးပါး)နှင့် သင်္ဘောပေါ်ရှိ အမှုထမ်းတစ်ဦးချင်းစီသည် မလေးရှားရင်းဂစ် ၆၀၀,၀၀၀ ထက်မပိုသော ဒဏ်ငွေကို ပေးဆောင်ရမည်ဖြစ်သည်။

 Mr Zulfadi က အမှုသည် တရားမဝင်ကျောက်ချခြင်းအတွက် Merchant Shipping Ordinace ပုဒ်မ တစ်ခုအရ စုံစမ်းစစ်ဆေးနေဆဲဖြစ်ပြီး ပြစ်မှုထင်ရှားပါက မလေးရှားရင်းဂစ် ၁၀၀,၀၀၀ခန့် ငွေဒဏ်ဖြစ်စေ ၊ထောင်ဒဏ်ဖြစ်စေ သို့မဟုတ် နှစ်ခုလုံး ပေးဆောင်ရနိုင်ကြောင်း ထပ်မံပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly