'မက်ဆီက ဆုဖလားတွေ ရယူပေးခဲ့တာပါ။ ဂွာဒီယိုလာ မဟုတ်ပါဘူး။' - မန်ချက်စတာစီးတီးနည်းပြရဲ့ နည်းဗျူဟာတွေကို ဝေဖန်လိုက်တဲ့ မာဂတ်

'မက်ဆီက ဆုဖလားတွေ ရယူပေးခဲ့တာပါ။ ဂွာဒီယိုလာ မဟုတ်ပါဘူး။' - မန်ချက်စတာစီးတီးနည်းပြရဲ့ နည်းဗျူဟာတွေကို ဝေဖန်လိုက်တဲ့ မာဂတ်
Photos: EPA

ဘာစီလိုနာအသင်းဟာ လီယွန်နယ် မက်ဆီရဲ့ အထူးတောက်ပမှုကြောင့်သာ ပက် ဂွာဒီယိုလာလက်အောက်မှာ ချန်ပီယံလိဂ်ဖလား နှစ်ကြိမ်ဆွတ်ခူးရယူခဲ့တာဖြစ်တယ်လို့ ဘိုင်ယန်မြူးနစ်နည်းပြဟောင်း ဖလစ် မာဂတ်အရ သိရပါတယ်။ 

ကတ်တလန်တို့ဟာ ဂွာဒီယိုလာရဲ့ ပထမဆုံးကိုင်တွယ်တဲ့ ရာသီဖြစ်တဲ့ ၂၀၀၈-၀၉ ရာသီမှာ သူတို့ တစ်ပြိုင်နက် ဖလားသုံးလုံး မရဖူးသေးတဲ့ လာလီဂါ၊ စပိန်ဘုရင့်ဖလားနဲ့ ချန်ပီယံလိဂ်ဖလားတွေကို သိမ်းပိုက်နိုင်ခဲ့ပါတယ်။ 

သူတို့ဟာ နောက်နှစ်နှစ်အကြာမှာ ဗိုလ်လုပွဲမှာ မန်ချက်စတာယူနိုက်တက်ကို အနိုင်ယူပြီး ဥရောပဖလားကို ထပ်မံအောင်ပွဲခံနိုင်ပါတယ်။ ဒါဟာ ကလပ်သမိုင်းမှာ အကောင်းဆုံးအချိန်ကာလာထဲက တစ်ခုအဖြစ် အမှတ်ရစေပါတယ်။ 

အဓိကဆုဖလား ၁၄ လုံး ဆွတ်ခူခဲ့ပြီးနောက် ၂၀၁၂ ခုနှစ်မှာ အသင်းကနေ ထွက်ခွာခဲ့တဲ့ ဂွာဒီယိုလာဟာ အဲဒီနောက်ပိုင်း ဥရောပရဲ့ ထိပ်တန်းကလပ်ပြိုင်ပွဲမှာ အောင်မြင်မှု မရခဲ့ပါဘူး။ 

သူဟာ ဘိုင်ယန်မြူးနစ်နဲ့အတူ ဘွန်ဒစ်လီဂါဖလား သုံးကြိမ်ရရှိခဲ့ပေမယ့်လည်း ချန်ပီယံလိဂ်မှာ ရီးယဲလ်မက်ဒရစ်၊ ဘာကာနဲ့ အက်သလက်တီကို မက်ဒရစ်တို့ကို ဆီမီးဖိုင်နယ်မှာ သုံးကြိမ်ဆက်တိုက် ရှုံးနိမ့်ခဲ့ပါတယ်။ 

အလားတူပဲ သူဟာ မန်ချက်စတာစီးတီးနဲ့အတူ ပရီးမီးယားလိဂ်ဖလား နှစ်ကြိမ်၊ အက်ဖ်အေဖလား တစ်ကြိမ်နဲ့ လိဂ်ဖလား သုံးကြိမ်ရရှိကာ ပြည်တွင်းအောင်မြင်မှုများစွာ ရရှိခဲ့ပေမယ့် သူဟာ ဥရောပမှာ ကွာတားဖိုင်နယ်အဆင့်ကို ကျော်ပြီး စီးတီးကို ဦးဆောင်နိုင်ခြင်း မရှိသေးပါဘူး။ 

မာဂတ်က ဂွာဒီယိုလာရဲ့ ဘောလုံးပိုင်ဆိုင်မှု အသားပေး အခြေပြုတဲ့ နည်းစနစ်ကို မေးခွန်းထုတ်ခဲ့ပြီး ဒီစနစ်ဟာ ဘာကာမှာ "ပွဲကို အဆုံးအဖြတ်ပေးနိုင်တဲ့ လီယွန်နယ် မက်ဆီကြောင့်သာ "အလုပ်ဖြစ်ခဲ့တယ်လို့ ဝေဖန်သွားပါတယ်။

"မက်ဆီက ဆုဖလားတွေကို ဆွတ်ခူးပေးထားနိုင်ခဲ့တာပါ။ ဂွာဒီယိုလာ မဟုတ်ဘူး။"လို့ သူက Sport Bild ပြောကြားခဲ့ပါတယ်။ "မက်ဆီ မရှိရင် ဒီစနစ်(ကစားကွက်)က ဂွာဒီယိုလာအတွက် အောင်မြင်မှာမဟုတ်သလို ဘယ်တော့မှ အလုပ်ဖြစ်မှာ မဟုတ်ပါဘူး။ တကယ်လို့သာ အလုပ်ဖြစ်ခဲ့ရင် သူဟာ ဘိုင်ယန် ဒါမှမဟုတ် မန်ချက်စတာစီးတီးနဲ့အတူ ချန်ပီယံလိဂ်ဖလားကို ဟိုအရင်းကတည်းက ရယူပြနိုင်ခဲ့မှာပါ။" 

"Tiki-taka ကစားဟန်ဟာ သူတို့ရဲ့ ပြိုင်ဘက်တွေထက် ခင်ဗျားမှာ နည်းစနစ်ပိုင်းအရ သာလွန်တဲ့ ကစားသမားတွေရှိနေမှသာ အလုပ်ဖြစ်နိုင်တာပါ။ ပွဲကြည့်ပရိသတ်တစ်ဦးအနေနဲ့ ပြောရမယ်ဆိုရင် ဘောလုံးကိုင် ကစားလွန်းတာက ပျင်းရိစရာကောင်းလှပါတယ်။ ထိပ်တန်းအသင်းတစ်သင်းဟာ ဒါကို လုပ်ပြဖို့ တကယ် မလိုအပ်ပါဘူး။" 

"ကျနော့် ထင်မြင်ချက်အရဆိုရင် ဂွာဒီယိုလာဟာ ပွဲတစ်ပွဲမစတင်မှာ ယေဘုယျအားဖြင့် အနိုင်ယူဖို့ ကြိုးစားရမှာ မကြာခဏဆိုသလို ပျောက်ဆုံးနေပါတယ်။ ဒီနည်းဗျူဟာက အောင်မြင်မှုကို အဟန့်အတားဖြစ်စေတဲ့ ဆုံးဖြတ်ချအမှားတွေနဲ့ မကြာခဏ အဆုံးသတ်စေပါတယ်။"

စီးတီးရဲ့ ပရီးမီးယားလိဂ်ချန်ပီယံဆုကို ပြီးခဲ့တဲ့ ရာသီက လီဗာပူးလ်အသင်းရဲ့ လွဲပြောင်းရယူခြင်း ခံခဲ့ရပါတယ်။ လီဗာပူးလ်ဟာ ယာဂန် ကလော့ပ်ရဲ့ လေးရာသီမြောက် ကိုင်တွယ်တဲ့ ရာသီမှာ နှစ်ပေါင်း ၃၀ အကြာ ပထမဆုံးအကြိမ်အဖြစ် အင်္ဂလန်ရဲ့ ချန်ပီယံဖြစ်လာတာပါ။ မာဂတ်က ကြိုးကြာနီတို့ရဲ့ အောင်မြင်မှုဟာ ကလော့ပ်ရဲ့ စနစ်ထက် အပြောင်းအရွှေ့စျေးကွက်မှာ လိမ္မာပါးနပ်တဲ့ လုပ်ဆောင်မှုတွေက အရေးသာခဲ့တယ်လို့ ယုံကြည်နေပါတယ်။ 

"ယာဂန် ကလော့ပ်ဟာ ကစားသမားတွေနဲ့ ပတ်သက်တဲ့ သူ့ရဲ့ ဆုံးဖြတ်ချက်တွေကြောင့် စနစ်ကို အောင်မြင်အောင်လုပ်ခဲ့တယ်။ နည်းဗျူဟာကြောင့်တော့ မဟုတ်ဘူး။"လို့ သူက ပြောပါတယ်။ 

"လီဗာပူးလ်ဟာ ငွေကြေး မသုံးစွဲပဲ ဂိုးသမား အလီဆန်အတွက် ယူရိုသန်း ၆၀၊ နောက်ခံလူ ဗန်ဒိုက်အတွက် ယူရို ၈၅ သန်းနဲ့ မဝယ်ယူခဲ့ဘူးဆိုရင် ဒီစနစ်(ကစားကွက်)ကလည်း အောင်မြင်မှုမရနိုင်လောက်ပါဘူး။ 

"အရင်တုန်းကတော့ အဲဒါကို တန်ပြန်တိုက်စစ်လို့ ကျနော် ခေါ်ခဲ့တယ်။ ဒီနေ့မှာတော့ ဒါကို ဂျာမန်လို 'Gegenpressing' ဖိအားပေးပြီး ကောင်တာတိုက်စစ်ကစားနည်းလို့ ခေါ်ပါတယ်။" 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly