လူသေဆုံးစေတဲ့ ဒုံးကျည်နဲ့ တိုက်ခိုက်ခံရတဲ့ နေရာကို အဇာဘိုင်ဂျန်သမ္မတအကြံပေး သွားရောက်ကြည့်ရှု 

12 October 2020
လူသေဆုံးစေတဲ့ ဒုံးကျည်နဲ့ တိုက်ခိုက်ခံရတဲ့ နေရာကို အဇာဘိုင်ဂျန်သမ္မတအကြံပေး သွားရောက်ကြည့်ရှု 

 အဇာဘိုင်ဂျန်သမ္မတရဲ့ အကြံပေးဖြစ်သူ ဟစ်ခ်မက် ဟာဂျီယက်ဗ်ဟာ အောက်တိုဘာ ၁၁ ရက်က နိုင်ငံရဲ့ ဒုတိယအကြီးဆုံးမြို့ ဂန်းဂျရဲ့ လူနေအရပ်ဒေသတစ်ခုမှာ ဒုံးကျည်နဲ့ တိုက်ခိုက်ခံခဲ့ရတဲ့ နေရာတစ်ခုကို သွားရောက်ကြည့်ရှုခဲ့ပါတယ်။ အာမေးနီးယား တပ်ဖွဲ့တွေဘက်က ဂန်ဂျမြို့ကို ညတွင်းချင်း လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့ရာမှာ လူ ခုနစ်ဦး သေဆုံးပြီး ကလေးတွေအပါအဝင် ၃၃ ဦး ထိခိုက်ဒဏ်ရာတွေ ရခဲ့တယ်လို့ အဇာဘိုင်ဂျန် နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောပါတယ်။  

သတင်းအပြည့်အစုံ - http://www.mizzimaburmese.com/article/74390

တည်းဖြတ် - ပြည့်ဖြိုးအောင်

တင်ဆက် - ကျော်ဇောဟိန်း

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required