ပါကစ္စတန်တွင် အွန်လိုင်းချိန်းတွေ့သူများအတွက် ပါးလျားလှသော ရွေးချယ်မှု

ပါကစ္စတန်တွင် အွန်လိုင်းချိန်းတွေ့သူများအတွက် ပါးလျားလှသော ရွေးချယ်မှု

အောက်တိုဘာ ၁၂ ၊ ၂၀၂၀

ချိန်းတွေ့အက်ပလီကေးရှင်းပေါ်မှ ပုံမဲ့ ပရိုဖိုင်များကို အဆုံးမရှိ ကြည့်ပြီးသော်လည်း မိုဟာမက် အလီ ရှား  သည် ပါကစ္စတန်မှာ တစ်ကယ်အလေးအနက်ထားရမယ့်သူ တစ်ယာက်ကိုမျှ မတွေ့သေးပါ။

လွန်စွာရှေးရိုးစွဲသော အစ္စလာမ်နိုင်ငံတော်တွင် မိဘကပေးစားသူကိုယူရသော လက်ထက်မှုများက စံနှုန်းသတ်မှတ်ချက်  ဖြစ်နေသည့်အလျောက် အမျိုးသမီးတော်တော်များများသည် အွန်လိုင်းဒိတ်လုပ်သည့် အက်ပလီကေးရှင်း (apps) များတွင် သူတို့၏အကောင့်များကို အမည်မဖော်ဘဲထားတတ်ကြသဖြင့် သူ့အနေဖြင့် လူရွေးချယ်ရတာ ပိုခက်လှသည်ဟု သူက ဆိုသည်။

“ရွေးချယ်စရာ နည်းလှပါတယ်တယ်” ပြီး လွန်ခဲ့သော သုံးနှစ်အတွင်း ဒါဇင်နှစ့်ချီပြီးတွေ့ခဲ့သော်လည်း ထင်သလောက်အရာမရာက်ခဲ့သော တွေ့ဆုံမှုများကြောင့် သူငယ်ချင်းများကလည်း “အငမ်းမရကောင်” သို့မဟုတ် “ယောကျားပြည့်တန်ဆာ” ဟုခေါ်ကြကြောင်း မြို့တော် အစ္စလာမ်မာဘတ်တွင်နေထိုင်သည့် အသက် ၃၆ နှစ် ရှိပြီဖြစ်သူ စွန့်ဦးတီထွင်သူက ဆိုသည်။

အွန်လိုင်းတွင်တွေ့ဆုံခြင်းသည် ပုံမှန်ဖြစ်သည် အခြားနိုင်ငံများနှင့်မတူဘဲ ချိန်းတွေ့အက်အသုံးပြုသူ ပါကစ္စတန်များသည် ဆွေမျိုးများထံမှ နှောက်ယှက်မှုနှင့် ဝေဖန်မှုများရင်ဆိုင်ရသည့်အပြင် ယခုတွင်မူ အစိုးရ၏ ဖိနှိပ်မှု ကိုပါ ရင်ဆိုင်နေရပြီဖြစ်သည်။  

အထူးသဖြင့် အမျိုးသမီးအသုံးပြုသူများသည် ပြစ်ဒဏ်ပေးခံရမည်ကို ကြောက်ရွံ့သဖြင့် ပရိုဖိုင်ဓာတ်ပုံအစား ကာတွန်းပုံများ၊ အဗာတာများ၊ သဘာဝရှုခင်းပုံများ အသုံးပြုကြက သူတို့၏အကြောင်းကို အနည်းငယ်သာ ဖော်ပြကြသည်။

“မိန်းကလေးတွေအနေနဲ့ သက်တောင့်သက်သာမဖြစ်ဘူး။ အဲ့တာကြောင့် သူတို့ နာမည် အရင်းတွေ ပုံအစစ်တွေကို မသုံးကြတော့ ပဟေဋိကစားပွဲလိုမျိုးဖြစ်နေတာ” ဟု  ရှား က ရှင်းပြသည်။

မိမိကိုယ်ကို စကားပြောကောင်းသူဟု ဖော်ပြထားသူသည် တွေ့ဆုံပွဲများအတွက် စကားစရန် ရည်ပွဲဖွဲ့ပြောတတ်သူများကို မူတည်ပြီး အလားအလာရှိသော ချိန်းတွေ့မှုသည် သက်တောင့်သက်သာဖြစ်နိုင်ပြီး တွေ့ဆုံနိုင်ခြေရှိပါက ဓာတ်ပုံတောင်းကြသည်။

“များသောအားဖြင့်တော့ ပုံတွေမပါတဲ့အတွက် ဒီလိုပဲ ကျော်ကျော်ပစ်လိုက်တာပဲ။ အချက်အလက်အစစ်လည်း မရှိသလို နာမည်တွေကလဲ မရှိဘူး။ အမျိုးသမီးတွေအနေနဲ့ အရမ်းသတိထားတာကို အပြစ်မပြောလိုပါဘူး၊ အဲ့တာက အရမ်း စမတ်ကျတာလို့ ထင်တယ်”” ဟု ရှား က ထပ်ပြောသည်။

 ချိန်းတွေ့မှုကို သေချာအောင် လုပ်နိုင်ရေးသည် ပထမဆုံး အတားအဆီးပင်ဖြစ်သည်။ “စင်ကြယ်သောမြေ” ဟု မိမိကိုယ်ကိုသတ်မှတ်ထားသော နေရာတွင် လက်ထပ်မှုမပြုဘဲ လိင်ဆက်ဆံမှုပြုခြင်းနှင့် လိင်တူဆက်ဆံခြင်း များသည် ထောင်ဒဏ်ကျခံခြင်းခံရလောက်သော အပြစ်များဖြစ်ကာ ချိန်းတွေ့ခြင်းဓလေ့နှင့် ရင်းနှီးကျွမ်းဝင်မှုမရှိပေ။

“ပါကစ္စတန်မှာ လူတွေအနေနဲ့ ချိန်းတွေ့ခြင်းဆိုတဲ့ သဘောတရားကို နားမလည်ကြဘူး” ဟု ကွာရှင်းပြတ်ဆဲပြီး အက်ပလီကေးရှင်းကို စတင်အသုံးပြုသူ ရှား က ရှင်းပြသည်။
 
“ မင်း တစ်ခါ နှစ်ခါလောက် တွေ့ကြည့်လိုက်၊ သူတို့က “ တကယ့်ကို လေးးလေးနက်နက်ထားတာမျိုး' ပြလိမ့်မယ်။” ဟု သူက ပြောသည်။

 လူအများအကြားပြောမကောင်းသည့်အချက်
 
နာမည်အရင်းနှင့် ဓာတ်ပုံအစစ်အမှန်များကို အသုံးပြုနိုင်လောက်အောင် သတ္တိကောင်းသော အစ္စလာမ်မာဘတ်မှ အသက်၂၇နှစ်အရွယ် အမျိုးသမီးသည် “Tinder (ဒိတ်အက်ပလီကေးရှင်း) သုံးရတာက တားမြစ်ချက်တာကို ကျူးလွန်နေရသလိုပဲ” ဟု အေအက်ဖ်ပီကို ပြောသည်။

“သူငယ်ချင်းတွေဆီကနေ “နင် Tinder သုံးနေတာ ယုံတောင်မယုံနိုင်ဘူး” စတဲ့ ဖုန်းတွေ လာနေတာတယ်” ဟု အမည်မဖော်ဝံသော သူမက ပြောပြီး အမျိုးသားများ အမျိုးသမီးများ နှစ်မျိုးစလုံးနှင့် သူ ဆက်သွယ်သည်ဟု ဆိုသည်။

သို့သော်လည်း သူမအနေဖြင့် စီးပွားရေးဖောက်သည်များက ၎င်းမှတစ်ဆင့် လာရောက်ဆက်သွယ်ရန် ကြိုးစားကြသည်နှင့် တစ်ပြိုင်နက် အက်ပလီကေးရှင်းကို ဖျက်ပစ်ခဲ့ရသည်။
 
သူမ၏ စွန့်စားလိုသော သူငယ်ချင်းအချို့သည် ဂရုတစိုက်စီစဉ်ထားသော တွေ့ဆုံမှုများကို သွားပြီးကာမှ အဆင့်အချို့အထိ အောင်မြင်ခဲ့ကြကြောင်း သူမက ပြောသည်။

“ကျွန်မတို့ သူငယ်ချင်းတွေ Tinder ကနေ ချိန်းတွေ့တာသွားကြရင် ကျွန်မတို့တွေလုပ်တာက ပုံမှန်အားဖြင့် နေရာတူတစ်ခုမှာ လည်ကြပတ်ကြတယ်လေ။ လုံခြုံအောင် လုပ်တာမျိုးပေါ့” စု သူမက ထပ်ပြောသည်။
 
အွန်လိုင်းပေါ်မှတစ်ဆင့် အချစ်ကိုရှာဖွေရတာ နဂိုကတည်းက ခက်ခဲလှသည့်ကြားထဲ အာဏာပိုင်များက Tinder၊ Grindr နှင့် တစ်ခြားသော လူသုံးများသည့် အက်များသည် ၎င်းတို့ပေါ်တွင် လာတင်ထားသော အကြောင်းအရာများကို စိစစ်မှုမလုပ်ဟုဆိုကာ ပိတ်ပင်လိုက်ကြပြန်သည်။

ယခုကဲ့သို့ ပိတ်ပင်လိုက်ခြင်းက လူဦးရေ သန်း၂၂၀ခန့်ရှိ ပါကစ္စတန်၏ မြို့ပြဒေသများရှိ အလယ်အလတ်နှင့် အထက်တန်းလွှာများမှ အွန်လိုင်းချိန်းတွေ့သူ အသုံးပြုသူများအတွက် အရှိုက်ထိုးနှက်သည့် လက်သီးချက် ဖြစ်လာသည်။
 
တားမြစ်ချက်သည် Minder နှင့် Bumbleကဲ့သော အခြား အက်ပလီကေးရှင်းများကို လွှတ်ထားပေးချိန်တွင် ရှား ကဲ့သို့ ပါးနပ်သော အသုံးပြုသူများသည် Tinder ကဲ့သို့ နာမည်ကြီး ပလက်ဖောင်းများအပေါ် တားမြစ်ချက်ကို ကျော်လွှားရန် VPN (ပရောက်ဇီ) များ အသုံးပြုနေပြီဖြစ်သည်။
 
“ Tinderနှင့် Grindr လို အဓိက အက်ကြီးတွေက သုံးတဲ့သူတွေအတွက် သက်တောင့်သက်သာရှိစေပြီး တည်မြဲစေတယ်"  ” ဟု လာဟိုး တွင် နေထိုင်သူ LGBTQ အသိုင်းအဝန်းမှ ဂီတပညာရှင်နှင့် ပညာပေးသူ အသက် ၂၂အရွယ် ဇူလ်ဖီကာ ဆူဟေးလ် မန်နန်က ပြောသည်။

ရိုးရာယဉ်ကျေးမှုကို ပိုမို အားသာသည့်အချိန် ချိန်းတွေ့အက်ပလီကေးရှင်းများ မရှိသည့် ဘဝသည် ပုံမှန်သို့သာ ပြန်သွားပေလိမ့်မည်။
 
“ချိန်းတွေ့တယ်ဆိုတာ ငါတို့ ဓလေ့ သို့မဟုတ် ဘာသာမှာ မရှိဘူး။ အရာရာက အလ္လာဟ်ရှင်မြတ်ဆန္ဒအတိုင်း ဖြစ်ရမှာ အထူးသဖြင့် ဘဝလက်တွဲဖော် ရှာတာလို အရေးကြီးတဲ့ ကိစ္စမျိုးပေါ့”ဟု ရာစုနှစ်တစ်ခုကျော် မိဘ အုပ်ထိန်းသူပေးစားသော လက်ထပ်ထိမ်းမြားမှုဖြစ်သည့် အိမ်ထောက်ဖက် ရှာဖွေပေးသော အသက်၅၀အရွယ် အောင်သွယ်တော်တစ်ဦးက ဆိုသည်။

“ဒီအက်ပလီကေးရှင်းတွေကို ပိတ်ပင်တာကလည်း ရိုးရာကို ထိန်းသိမ်းတဲ့တစ်နည်းပါ”
ပြဿနာဖြစ်နိုင်စရာ အလားအလာများရှိသော်လည်း၊ တစ်ချို့ကမူ အွန်လိုင်းမှတစ်ဆင့် အချစ်ကို ရှာဖွေခြင်းသည် ဖြစ်နိုင်ပြီး စီစဉ်ပေးသောအိမ်ထောင်ပြုခြင်းကို ရှောင်ရှားရန် နည်းလမ်းတစ်ခုဟု ဆိုကြသည်။

 “ပါကစ္စတန်မှာ စီစဉ်ပေးတဲ့ လက်ထပ်ထိမ်းမြားမှုဆိုတဲ့ ဓလေ့ကို ရိုးရိုးရှင်းရှင်းလုပ်ခဲ့ပါတယ်။ အဲ့ဒီမှာ ကျွန်မက မိခင်တွေ၊ အစ်မ ညီမတွေ၊ အောင်သွယ်တော်တွေ ရှေ့မှာ လှည့်ပတ်ပြသခဲ့ရပြီး သူတို့က ကျွန်မရဲ့ အပြစ်တွေကို ရှာပြီး သူတို့သားနဲ့ မတန်ဘူးဆိုတာမျိုး ပြောခံခဲ့တယ်” ဟု Tinder မှ တစ်ဆင့် အမျိုးသားနှင့် ဆုံသည့် လာဟိုးတွင် နေထိုင်သူ အသက် ၂၃နှစ်အရွယ် အမည်မဖော်လိုသူ ဆေးကျောင်းသူတစ်ဦးမှ ပြောခဲ့သည်။

“ယုံကြည် လေးစား အားကိုးရတဲ့သူကို ရှာတွေ့ဖို့တော့ နည်းနည်းအချိန်ယူခဲ့ရပါတယ်”

“ဒါပေမဲ့ သူ့ကို ကျွန်မစံနှုန်းတွေနဲ့ ရှာတွေ့ထားတာလေ၊ အဲ့တာကလဲ တစ်မူထူးခြားစေတာပေါ့”

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly