ဆေးဝါးလုပ်ငန်းသုံး ဆေးခြောက်က ထိုင်းနိုင်ငံ၏ အနာဂတ်ကို ဘယ်လို ပုံဖော်ပေးနေသလဲ 

ဆေးဝါးလုပ်ငန်းသုံး ဆေးခြောက်က ထိုင်းနိုင်ငံ၏ အနာဂတ်ကို ဘယ်လို ပုံဖော်ပေးနေသလဲ 

အောက်တိုဘာ ၁၁ 

ထိုင်းနိုင်ငံတွင် ဆေးကုသမှုဆိုင်ရာ ဆေးခြောက် အသုံးပြုမှုသည် မကြာသေးသည့် ကာလအတွင်း တရားဝင်ဖြစ်စေခဲ့ပြီးနောက်ပိုင်း အလွန်အားကောင်းစွာ မြင့်တက်ထားခဲ့သည်။ သို့ရာတွင် ဤအရွေ့ကြောင့် နိုင်ငံ၌ အသက်မပြည့်သေးသူ နိုင်ငံသားများ ဆေးခြောက်ကို ရနိုင်သမျှ ရအောင်လုပ်ပြီး အပန်းဖြေမှုအတွက် သုံးစွဲခြင်းကိုလည်း ဖြစ်စေခဲ့သည်။ ထိုင်းနိုင်ငံသည် ယခုအခါ ဆေးကုသမှု ဆိုင်ရာ ရည်ရွယ်ချက်များအတွက် ဆေးခြောက်အသုံးပြုမှု လုပ်ငန်း ဖွံ့ဖြိုးရေး အားပေးရန် ဆုံးဖြတ်ထားသည်။ ဤနေရာတွင် သတင်းကောင်းတစ်ခုက ဆေးခြောက်သည် ယခုအချိန်အထိ အမျိုးအစား (Type) ၅ မူးယစ်ဆေးဝါးတစ်ခုအဖြစ် သတ်မှတ်ခံထားရဆဲဖြစ်ခြင်းပင် ဖြစ်သည်။ ထိုင်းတွင် ဆေးခြောက်ကို တလွဲအသုံးပြုခြင်းသည် ကြီးလေးသည့် ပြစ်ဒဏ်များ ချမှတ်ခံရမည်ဖြစ်သည်။ 

အလားအလာကောင်းသော စီးပွားရေး စွန့်စားခန်းတစ်ခု 

ထိုင်းအစိုးရအနေဖြင့် သုတေသနနှင့် ဆေးဖြစ်ဝါးဖြစ် ရည်ရွယ်ချက်များအတွက် ဆေးခြောက်ကို လက်ခံပွေ့ဖက်ထားသလောက် စီးပွားရေး လက္ခဏာသွင်ပြင်သည်လည်း အတော်ပင် ထူးကဲမှု ရှိနေသည်။ အကောင်းဆုံးသော ဆေးခြောက်အစေ့များဖြင့် ဆေးခြောက် စိုက်ပျိုးခြင်းက သွင်းကုန်နှင့် ပို့ကုန် စီးပွားရေး အပါအဝင် နည်းလမ်းအများအပြားဖြင့် ထိုင်းနိုင်ငံ၏ အနာဂတ်ကို ပုံဖော်လျက် ရှိသည်။ 

ကမ္ဘာလုံးဆိုင်ရာ ရှုထောင့်မှ ကြည့်ပါက ဆေးခြောက်သည် အကြမ်းဖျင်း ခန့်မှန်းခြေ ကန်ဒေါ်လာ ၁၅၀ ဘီလီယံ တန်ကြေးတစ်ခု ရရှိထားသည်။ ဆေးခြောက်၏ အလားအလာကြောင့်လည်း ထိုင်းအစိုးရသည် နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများအကြား အကျိုးအမြတ်များသော သဘောတူညီချက်များ ချုပ်ဆိုခဲ့သည်ကို မြင်တွေ့ထားစေခဲ့သည်။ 

ရည်မှန်းချက်များ ပြည့်မီစေရန် ထိုင်း ဒုဝန်ကြီးချုပ် အနူတင် ချန်ပီရာကူလ်က ဆေးခြောက်စိုက်ခင်းများ တိုးချဲ့ရေး အဆိုပြုသည်။ နောက်ဆက်တွဲအနေဖြင့် ဆေးကုသမှု ရည်ရွယ်ချက်များအတွက် ဆေးခြောက် အသုံးပြုမှုကြောင့် ဆေးရုံများ၏ ဖွံ့ဖြိုးမှုကိုလည်း ဖြစ်စေမည်ဖြစ်သည်။ 

ယင်းကို လုံးလုံးလျားလျား တရားဝင်ဖြစ်စေခဲ့ပါလျင် စွန့်စားမှုမကင်းသည့် စီးပွားရေးလုပ်ငန်းများ သိသိသာသာ တိုးချဲ့ပွင့်ကားမည်ဖြစ်သည်။ ဆေးခြောက်အပေါ် တစ်စိတ်တစ်ဒေသ ပိတ်ပင်မှုများ အစိုးရက ရုပ်သိမ်းခဲ့ပါက ထုတ်လုပ်သူများနှင့် စိုက်ပျိုးသူများအနေဖြင့်လည်း အလျှံပယ် ရိတ်သိမ်းမှုများကို အကျိုးခံစားကြရမည်ဖြစ်သည်။ 

ထိုင်းနိုင်ငံ၏ အချိန်မီ ကူးပြောင်းမှု 

ဆေးခြောက်သည် လူမှုဆိုင်ရာ မကောင်းမှုတစ်ခုအဖြစ် အမြဲတစေ ရှုမြင်ခံထားခဲ့ရသည်။ နိုင်ငံတွင် ဆေးခြောက်ကို ဆေးဖြစ်ဝါးဖြစ်ဆိုင်ရာ ဆေးဖက်ဝင်အရာတစ်ခုအဖြစ် လက်ခံကျင့်သုံးပြီးနောက်ပိုင်း ယင်းသည် အ ကြောင်းမဟုတ်တော့ပေ။ ထို့ပြင် ထိုင်းတက္ကသိုလ်များသည်လည်း ဆေးခြောက်နှင့်ပတ်သက်၍ အသစ်အသစ်သော သတင်းအချက်အလက်များအတွက် လှုပ်ရှားနေကြသည်။ 

ဆေးခြောက်သည် ၁၉၃၄ ခုနှစ်က နာမည်ဆိုးဖြင့် ကျော်ကြားသော အခြေအနေတစ်ရပ် ရရှိခဲ့ပြီး ယင်းအချိန်က မူလဇာတိ အမေရိကန် စစ်သားများသည် ယင်းကို သုံးစွဲပြီး မဆင်မခြင် စွန့်ပစ်ခဲ့သည်။ ၎င်းတို့သည် ထိုင်းတွင် အခြေချခဲ့ပြီး ယင်းနောက် ၎င်းတို့၏ ရှာဖွေတွေ့ရှိမှု သတင်းစကားကို နေရပ်ပြန်ရောက်ချိန်တွင် ဖြန့်ဝေခဲ့သည်။ 

ယင်းနောက် ဆေးခြောက်သည် ဆေးကုသမှု နယ်ပယ်တွင် အများဆုံး ရှာဖွေခံရပြီး အဘယ်ကြောင့်ဆိုသော် ယင်းတွင် စမ်းသပ် သက်သေပြပြီးဖြစ်သည့် cannabinoids ဓာတုဒြပ်ပေါင်း များ ပါဝင်နေ၍ဖြစ်သည်။ ယင်းကို အော့အန်ခြင်းနှင့် မအီမသာဖြစ်ခြင်း ကဲ့သို့ ဓာတုကုထုံးဆိုင်ရာ ဘေးထွက်ဆိုးကျိုးများကို ကုသရန် အသုံးပြုသည်။ 

ထိုင်းနိုင်ငံ၏ ဦးစားပေး ကိစ္စများ 

ထိုင်းအစိုးရသည် ယင်း၏ ဦးစားပေးကိစ္စများကို လမ်းကြောင်းမှန်ပေါ်တွင် ရှိနေစေရန် လုပ်ဆောင်နေပုံပေါ်နေပြီး အထူးသဖြင့် ဆေးခြောက်ကိစ္စများနှင့် ပတ်သက်လာလျင် ဖြစ်သည်။ ယင်း၏ အားကောင်းသည့် ကျန်းမာရေး အကျိုးကျေးဇူးများကြောင့် ဆေးခြောက်သည် ထိုင်းနိုင်ငံ၏ အနာဂတ်ကို အလွန့်အလွန် အတိုင်းအတာဖြင့် ပုံဖော်ပေးနေသည်ဟု အခိုင်အမာ ပြောနိုင်သည်။ 

ဆေးခြောက်ကို ထိုင်း စီးပွားရေး၏ သိသာထင်ရှားသော အစိတ်အပိုင်းတစ်ခု ဖြစ်လာစေရေး သေချာစေရန် ထောက်ပံ့ဖြည့်ဆည်းပို့ဆောင်မှုများကိုလည်း နေရာတကျ ရှိထားစေခဲ့သည်။ ဥပမာအားဖြင့် နိုင်ငံတဝန်း ဆေးရုံများသို့ အရည်အသွေးမှီသော ဆေးခြောက်များသာ ရောက်ရှိစေရေး သေချာစေရန်အတွက် ဆေးဖြစ်ဝါးဖြစ် ဆေးခြောက်သုတေသန အင်စတီကျူ့ကဲ့သို့ အဖွဲ့များကို ထူထောင်ထားသည်။ 

လူတိုင်း အကျိုးကျေးဇူးများ ရနိုင်ခြင်း 

ထိုင်းတွင် ဆေးခြောက်၏ အကျိုးအမြတ်များကို မြည်းစမ်းနိုင်မည့် နည်းလမ်းတစ်ခုက အစိုးရနှင့် ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် လုပ်ခြင်းဖြစ်သည်။ အများအပြားလည်း ဖြစ်ပေါ်ထားခဲ့ပြီး အထူးသဖြင့် ဆေးခြောက် တော်လှန်ရေးနှင့် ဆက်နွယ်၍ဖြစ်သည်။ 

ထိုင်းနိုင်ငံသည် ဆေးခြောက် အသုံးပြုမှုကို ထိန်းချုပ်မှုအောက် ရောက်နိုင်ရေး လုပ်ငန်းစဉ်ကို လုပ်ဆောင်နေသည်။ တစ်ဦးတစ်ယောက်ချင်းအနေဖြင့် အလုပ်လုပ်ခြင်းက သင့်ကို ပြစ်မှု ကျူးလွန်ကြောင်း စွဲချက်တင်ရန် သေချာသလောက် ရှိစေမည်သာ ဖြစ်သည်။ ယင်းအတွက်ကြောင့် ဆေးခြောက်ကို ထိုင်းစီးပွားရေး၏ ဗဟိုချက်ဆီ ရောက်ရှိစေရန်အတွက် တောင်သူများနှင့် စွန့်ဦးလုပ်ငန်းရှင်များ အတူတကွ လုပ်ဆောင်ရန် လိုခြင်း ဖြစ် သည်။ 

ဆေးခြောက်နှင့်ပတ်သက်၍ အများပြည်သူကို အသိပညာပေးရန်၊ သတိထားဆင်ခြင်စေနိုင်ရန်အတွက် အစိုးရဘက်က အပြင်းအထန် လုပ်ဆောင်နေသလို အနာဂတ်က အလားအလာကောင်းပုံ ပေါ်သည်။ ပါဝင်လုပ်ကိုင်သူတိုင်း ဆေးခြောက်စိုက်ခင်းများကနေ သိသိသာသာ အကျိုးကျေးဇူး ရရှိမည်ဖြစ်သည်။ 

အနာဂတ်က ဆေးကုသမှုနှင့် သက်ဆိုင်သော အရာဖြစ်သည်။ 

ထိုင်းအစိုးရသည် ဆေးခြောက်ကို အပန်းဖြေရေး အသုံးပြုမှုအစား ဆေးကုသမှုဆိုင်ရာ အသုံးပြုမှုကိုသာ ဖြစ်စေရေးကို ပိုမို ထုတ်ဖော်ထားသည်။ ရလဒ်အနေဖြင့် နိုင်ငံသားများသည် အမျိုးမျိုးသော အွန်လိုင်းဆေးခြောက်အရောင်းဆိုင်များမှ ဈေးချိုသော ဆေးခြောက်ထုတ်ကုန်များကို ရှာဖွေနေကြသလို ဆေးချိန်လွန်ခြင်းတု့ိလည်း ရှိနေသည်။ 

ဆေးဝါးလုပ်ငန်းသုံး ဆေးခြောက်တွင် အကျိုးတရား အများအပြား ရှိနေသည်။ 

နာတာရှည် နာကျင်ကိုက်ခဲမှု သက်သာစေခြင်း။ ယင်း၏ ထူးခြားသော ဓာတုဆိုင်ရာ ဖွဲ့စည်းပါဝင်မှုအရ ဆေးခြောက်သည် နာတာရှည် နာကျင်ကိုက်ခဲမှုကို သက်သာစေရာတွင် ထိရောက်မှု ရှိသည်။ Cannabinoids ပါဝင်မှုကြောင့် ဤအကျိုးကျေးဇူးက သုံးကြည့်နိုင်သည့် အခွင့်အရေးကို ဖြစ်စေနိုင်သည်။ 

စိတ်ကျရောဂါကို ကုသခြင်း။ ဆေးခြောက်သည် အချိန်အရှည်ကြာဆုံးအားဖြင့် စိတ်ကို တည်ငြိမ်စေသည့်အရာဟု သိထားကြသည်။ ယင်းသည် ဆေးခြောက်တွင် ပါဝင်သည့် endocannabinoid ဒြပ်ပေါင်းများ၏ ရလဒ်တစ်ခုကြောင့် ဖြစ်သည်။ 

အရိုးကျိုးမှုကို ကုသခြင်း။ အရိုးကျိုးမှုအတွက် ကုသမှုနည်း အများအပြား ရှိသည်။ သို့သော် ဆေးခြောက်သည် ပိုမို မြန်ဆန်နိုင်သည်။ ထို့ပြင် ယင်းသည် ကုသမှု လုပ်ငန်းစဉ်အတွင်း အရိုးများကို ခိုင်မာအားကောင်းစေသည်။ 

ဆီးချိုရောဂါကို ထိန်းညှိ၊ ကာကွယ်ကောင်း ကာကွယ်နိုင်သည်။ ဆေးခြောက်တွင် အင်ဆူလင်အပေါ် ကြီးမားသည့် အပေါင်းလက္ခဏာဆောင် အကျိုးတရားတစ်ခု ဖြစ်သည်။ ယင်းသည် သွေးဖိအားကို လျော့စေနိုင်သလို သွေးတွင်းသကြားဓာတ်များကိုလည်း တည်ငြိမ်စေသည်။ 

သင့်လျော်သော အခြေအနေများ 

ထိုင်းစီးပွားရေးသည် ဆေးခြောက်၏ အကျိုးကြောင့် ကြီးထွားနေသည်။ ဤ အဖိုးတန် လူသုံးကုန်ကို နောက်ထပ် တိုးချဲ့ရန် အခြေအနေများကလည်း သင့်လျော်ထောက်ကူပေးနေသည်။ ထိုင်းအစိုးရသည် ၎င်းတို့၏ စီးပွား ရေး ထိုးဖောက်ကျော်လွှားမှု၏ အလားအလာရှိ ရင်းမြစ်ကို ပြုစုအားပေးရန် ညွန်ကြားချက်များ ထုတ်ဖော်သတ်မှတ်ထားသည်။ 

ယင်းတို့အနက် အချို့တွင် အောက်ပါတို့ ပါဝင်သည်။ 

Pela Plern ဆေးဖက်ဝင်အပင် ဖွံ့ဖြိုးရေးစင်တာ ထူထောင်ခြင်း။ ယင်း၏ အဓိက လုပ်ငန်းဆောင်တာများသည် ဆေးကုသမှုဆိုင်ရာ အသုံးပြုမှုသက်သက်အတွက် ဆေးခြောက်ပင်များ စိုက်ပျိုးခြင်း၊ ဖြည့်ဆည်းခြင်းတို့ဖြစ်သည်။ 

ဆေးခြောက်ဖြင့် ကုသသည့် ဆေးခန်းတစ်ခု ဖွင့်လှစ်ခြင်း။ ယင်းက ပြည်တွင်းထွက် ထုတ်ကုန်များကို စည်းစနစ်ကျကျ အသုံးပြုသည့် နေရာတစ်ခုဖြစ်သည်။ ပါကင်ဆန် ရောဂါ၊ အိပ်မပျော်နိုင်ခြင်းနှင့် ကင်ဆာ ရောဂါ ရှိနေသည့် လူနာများကို အစိုးရက ဤထုတ်ကုန်များနှင့် ယေဘုယျ ပြုစုစောင့်ရှောက်မှုကို အခမဲ့ ကမ်းလှမ်းသည်။ 

ဆေးခြောက်စိုက်ပျိုးခြင်း၏ အရေးပါပုံနှင့်ပတ်သက်၍ လူအသိုက်အဝန်း အုပ်စုများကို သတိထားဆင်ခြင်နိုင်စေရန် အသိပေးခြင်း။ နောက်ဆက်တွဲအနေဖြင့် လူ့အသိုက်အဝန်းရှိ လူများသည် ဆေးကုသမှုဆိုင်ရာ အကြောင်း ရင်းများအတွက် အလားတူအတိုင်း လုပ်ဆောင်ရန် စိတ်အားထက်သန်ကြသည်။ 

ဝင်ငွေ တိုးပွားခြင်း 

ထိုင်းတွင် ဆေးခြောက်နှင့်ပတ်သက်၍ လူသိများ ထင်ပေါ်ကျော်ကြားမှု တိုးပွားလာနေခဲ့ပြီးနောက်ပိုင်း တိုးတက်ပြီး ရေရှည်ခံနိုင်မှု ရှိသော ဝင်ငွေဖြစ်ထွန်းမှု ရှိနေသည်။ ဆေးခြောက်သည် ကမ္ဘာတွင် ထိုင်းနိုင်ငံ၌ အထူးပင် သိသာထင်ရှားလာနေခဲ့သည်။ ယင်း၏ ကောင်းစွာ စီစဉ်လုပ်ဆောင်ထားသော တိုးတက်မှု မဟာဗျူဟာများ၏ အကျိုးကျေးဇူးကြောင့် ဖြစ်သည်။ 

အောက်ခြေလူတန်းစား စိုက်ပျိုးသူများနှင့် ထုတ်လုပ်သူများသည်လည်း အကျိုးကျေးဇူးများ၏ ဝေပုံတစ်ခုကို ရရှိနိုင်ကြမည်ဖြစ်သည်။ ၎င်းတို့သည် ဆေးခြောက် စိုက်ပျိုးကြသည့်အတွက် ၎င်းတို့၏ လူမှုဘဝများ၏ အရည်အသွေးကို တိုးတက်စေမည့် ဝင်ငွေတစ်ရပ် အာမခံချက်ရှိသည်။ အစိုးရအနေဖြင့် အိမ်ထောင်စုတစ်စုလျင် အများဆုံး ဆေးခြောက်ပျိုးပင် ခြောက်ပင်အထိ စိုက်ခွင့်ပြုထားသည်။ 

ထိုက်တန်သော ရင်းနှီးမြှုပ်နှံမှု 

လက်ရှိအချိန်အထိ ထိုင်းအစိုးရသည် ဆေးခြောက်ကို ထူးကဲသော ရင်းနှီးမြှုပ်နှံမှုတစ်ခုအဖြစ် သတ်မှတ်နိုင်သည်။ ၂၀၁၉ ခုနှစ်က အမိုးအကာအောက် အဆောက်အအုံတွင် ဘတ် သန်း ၁၀၀ (ကန်ဒေါ်လာ ၃,၁၈၇,၄၀၃) ရင်းနှီးမြုပ်နှံခဲ့သည်။ အစိုးရသည် ဆေးခြောက်လုပ်ငန်းအပေါ် ထားသည့် ကတိပေးနစ်မြှုပ်လုပ်ကိုင်မှုကို ပြသရန် ဆေးခြောက်ပျိုးပင် ၁၂,၀၀၀ ခန့် ဝယ်ယူခဲ့သည်။ 

နှစ်တစ်နှစ်ကို မြန်မြန်ဆန်ဆန် ကုန်လွန်ရွေ့လျားလာခဲ့စဉ် ထိုင်းတနိုင်ငံလုံးသည် အလုပ်အကိုင်ဖန်တီးမှုနှင့် အမျိုးမျိုးသော ကျန်းမာရေး အထောက်အပံ့အင်္ဂါရပ်များအတွက် ဂုဏ်ယူဝံ့ကြွားကြသည်။ ဤစွန့်စားမှုရှိသော လုပ်ဆောင်ချက်၏ ရလဒ်တစ်ခုအနေဖြင့် ကမ္ဘာနေရာဒေသတိုင်းမှလည်း နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူများကို ဆွဲဆောင်နေသည်။ 

ဥပဒေဆိုင်ရာ ရှုမြင်မှု 

ထိုင်း စီးပွားရေး မတင်နိုင်ရန်အတွက် ဥပဒေ အသိုင်းအဝိုင်းအနေဖြင့် ဆေးခြောက်ကို အပြည့်အ၀ လွတ်လပ်မှုပေးရန်နှင့် လျော့ပေါ့မှုတို့ လုပ်ရဦးမည်ဖြစ်သည်။ လက်ရှိအချိန်တွင် ထိုင်းအစိုးရသည် အပန်းဖြေခြင်းအပါအဝင် ရည်ရွယ်ချက်အားလုံးအတွက် ဆေးခြောက်ကို တရားဝင်ဖြစ်စေရန် လေ့လာကြည့်ရှုနေသည်။ 

အသက်မပြည့်သေးသူများ အလွယ်တကူ ရရှိနိုင်မှု၊ တလွဲအသုံးပြုမှုတို့ကြောင့် ဆေးခြောက်သည် နှစ် ၉၀ နီးပါး တရားမဝင် ဖြစ်ထားခဲ့သည်။ ဆေးခြောက်သည် အပြည့်အ၀ ဥပဒေနှင့်အညီ ဖြစ်မလာမီ အစိုးရသည် အ ကြောင်းအရာအချက်တချို့ကို ထောက်ထားချင့်တွက်နေသည်။ 

ဥပမာအားဖြင့် ထိုင်းတွင် ရောင်းလိုအားနှင့် ဝယ်လိုအား မျဉ်းကွေးသည် တည်ငြိမ်မှုကို တဖြည်းဖြည်းချင်း ရရှိနေသည်။ အစိုးရ၏ တင်းမာသော စည်းမျဉ်းများက နိုင်ငံ စီးပွားရေးကို ထိခိုက်စေရုံသာ ရှိသည်။ 

ခရီးသွားလုပ်ငန်းကို အားပေးခြင်း 

ထိုင်း ဆေးခြောက်ကို အရသာမြည်းစမ်း ခံစားရန် ခရီးသွားများသည် နေရာဒေသအသီးသီးမှ ရောက်လာကြသည်။ ထိုင်းအစိုးရသည် ကျန်းမာရေးနှင့် ကောင်းကျိုးချမ်းသာကို အထူးအလေးထား လုပ်ဆောင်ပြီး အမြဲတစေပင် ဆေးခြောက်ကို အရောထဲတွင် ထည့်သွင်းသည်။ 

ခရီးသွားလုပ်ငန်းသည် ရှင်သန်နေပြီး နိုင်ငံခြားငွေများ ရရှိရန် သေချာနေသည်။ ကမ္ဘာတဝန်း လူများသည်လည်း ထိုင်း၏ ပြည်တွင်းဖြစ် ဖြစ်သော စိတ်နှင့်ခန္ဓာ ကျန်းမာရေးခြင်းဆိုင်ရာ ကုသမှုများနှင့် ကော်စမတ်တစ်များကို စမ်းကြည့်ရန် စိတ်အားထက်သန်နေသည်။ ရလဒ်အနေဖြင့် ခရီးသွားလုပ်ငန်းသည် ရှင်သန်ကြီးထွားနေသည်။ 

အဓိက အချက် 

အထက်ဖော်ပြပါ နည်းလမ်းအားလုံးဖြင့် စီးပွားရေးကို တိုးတက်စေခြင်းအားဖြင့် ဆေးခြောက်သည် ထိုင်း၏ အနာဂတ်ကို ကူညီပုံဖော်ပေးထားသည်။ မှန်ကန်သော ဆေးခြောက် ပလက်ဖောင်းတစ်ခုကို ခွင့်ပြုချိန်တွင် ထိုင်းနိုင်ငံအနေဖြင့် ကမ္ဘာကို အညှာက ကိုင်လှုပ်ရန် အသင့်ဖြစ်နေသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly