ဂျီ၂၀ ထိပ်သီးအစည်းအဝေးတွင် ပါရီတိုက်ခိုက်မှုအရေး အဓိကထားဆွေးနွေးကြမည်

ဂျီ၂၀ ထိပ်သီးအစည်းအဝေးတွင် ပါရီတိုက်ခိုက်မှုအရေး အဓိကထားဆွေးနွေးကြမည်

တူရကီတွင် ကျင်းပမည့် ကမ္ဘာ့ခေါင်းဆောင်များ၏ ဂျီ၂၀ အစည်းအဝေးတွင် အိုင်အက်စ်တို့က ၎င်းတို့လက်ချက်ဖြစ်သည်ဟု ကြေညာထားသည့် ပါရီတိုက်ခိုက်မှုကြောင့် အကြမ်းဖက်ဝါဒအား ချေမှုန်းသွားရေးကို ဦးစားပေးရန် တူရကီဝန်ကြီးချုပ် အာဒိုဂန်က ကမ္ဘာ့ခေါင်းဆောင်များအား စကားဖြင့်ပြောနေရမည့် အချိန်ပြီးဆုံးပြီဖြစ်ကြောင်း နိုဝင်ဘာ ၁၄ ရက်က တိုက်တွန်းပြောကြားသည်။

ဒုတိယကမ္ဘာစစ်အပြီး အဆိုးဝါးဆုံးတိုက်ခိုက်မှုတစ်ရပ်ဖြစ်ခဲ့သည့် ပါရီတိုက်ခိုက်မှုအရေးကို နိုဝင်ဘာ ၁၅ ရက်တွင် စတင်ကာ နှစ်ရက်တာကျင်းပမည့် အမေရိကန်နှင့် ရုရှနိုင်ငံကဲ့သို့သော နိုင်ငံကြီးများမှ ခေါင်းဆောင်များပါ တက်ရောက်မည့် ဂျီ၂၀ အစည်းအဝေးအတွက် ပြင်ဆင်လျက်ရှိသည်။

ပြင်သစ်သမ္မတ ဖရန့်စွာအော်လန်းက ယင်းအစည်းအဝေးသို့ တက်ရောက်နိုင်တော့မည် မဟုတ်ကြောင်း၊ ဘဏ္ဍာရေးဝန်ကြီးနှင့် နိုင်ငံခြားရေးဝန်ကြီးတို့က အစားတက်ရောက်ကြမည်ဖြစ်ကြောင်း အာဒိုဂန်သို့ ဖုန်းဖြင့် ပြောကြားထားကြောင်း တူရကီသမ္မတရုံးသတင်းရင်းမြစ်က ပြောသည်။

နိုဝင်ဘာ ၁၃ ရက် ညက ပါရီမြို့တစ်ဝန်း ဗုံးခွဲမှုများ၊ တိုက်ခိုက်မှုများ ကျုးလွန်ရာတွင် လူပေါင်း ၁၂၉ ဦးအနည်းဆုံး သေဆုံးခဲ့သည်။

"ကျွန်တော်တို့တွေ အကြမ်းဖက်ဝါဒကို စကားနဲ့သာ တိုက်ခိုက်နေခြင်းက ပြီးဆုံးချိန်တန်ပြီ။ ရှေ့တန်းတင် ချေမှုန်းရမယ့် အချိန်ရောက်ပါပြီ။"ဟု ဥရောပ၊ တရုတ်၊ ဂျပန်၊ ကနေဒါ၊ သြစတြေးလျနှင့် ဘရာဇီးစသည့် နိုင်ငံခေါင်းဆောင်များပါ တက်ရောက်မည့် ထိပ်သီအစည်းအဝေး အကြိုတွင် အာဒိုဂန်က သတင်းထောက်များအား ပြောကြားခဲ့ခြင်းဖြစ်သည်။

ဂျီ ၂၀ ထိပ်သီးအစည်းအဝေးများမှာ စီးပွားရေးဆိုင်ရာ ဆွေးနွေးအစည်းအဝေးများဖြစ်သော်လည်း ယခုအစည်းအဝေးတွင် အကြမ်းဖက်မှုချေမှုန်းရေးက အဓိကခေါင်းစဉ် ဖြစ်လာနိုင်သည်။

Ref: CNA

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly