စိတ်လှုပ်ရှားဖွယ်ရာ အိန္ဒိယငါးဖမ်းသမားများ၏ အိမ်ပြန်ခရီး

စိတ်လှုပ်ရှားဖွယ်ရာ အိန္ဒိယငါးဖမ်းသမားများ၏ အိမ်ပြန်ခရီး

အောက်တိုဘာ ၉

COVID-19 ကပ်ရောဂါကြောင့် နှောင့်နှေးမှုများရှိခဲ့ပြီး မြန်မာပြည်တွင် သောင်တင်နေသော အိန္ဒိယ ငါးဖမ်းလုပ်သားရှစ်ဦးသည် နောက်ဆုံးမှာတော့ ချန်နိုင်းမြို့က သူတို့နေအိမ်များသို့ ပြန်ရောက်ကြပြီဖြစ်သည်။

 ချန်နိုင်း ဂုဏ်ထူးဆောင် ကောင်စစ်ဝန် ပါမောက္ခ ဂျေ ရဂန်နာသန်က သူနှင့် အခြားသော အရာရှိများသည် ငါးဖမ်းလုပ်သားများအား ချန်နိုင်းလေဆိပ်တွင် သွားရောက်ကြိုဆိုခဲ့သည်ဟု ဆိုသည်။ မူလတံငါသည် ကိုးဦးအနက် တစ်ဦးသည် သင်္ဘောနစ်မြုပ်မှုကြောင့် သေဆုံးခဲ့သည်။

အိန္ဒိယတံငါသည်တွေ မြန်မာနိုင်ငံမှာ ဘယ်လိုသောင်တင်နေခဲ့တာလဲ

၂၀၂၀ခုနှစ် ဇူလိုင် ၂၃တွင် လူ ကိုးဦးသည် ပင်လယ်ရေနက်ပိုင်းတွင် ငါးဖမ်းထွက်ရန်အတွက် လှေတစ်စီးဖြင့် ချန်နိုင်းမြို့မှထွက်ခွာခဲ့ကြရာ ဩဂုတ် ၇ ရက်နေ့တွင် ကမ်းပြန်ကပ်ရမှာဖြစ်သော်လည်း အဆက်သွယ်မရဘဲ ပျောက်ဆုံးနေခဲ့သည်။ သူတို့ကို မြန်မာရေတပ်က ကယ်ဆယ်ခဲ့ပြီး အိမ်ပြန်နိုင်ရန် အဆင့်ဆင့် လုပ်ဆောင်ခဲ့ကြရသည်။

တမီနာဒူးလ်ပြည်နယ်အစိုးရသည် နိုင်ငံခြားရေးဝန်ကြီးဌာနမှတဆင့် နယူးဒေလီရှိ မြန်မာသံရုံး၊ ချန်နိုင်းရှိ မြန်မာ ဂုဏ်ထူးဆောင် ကောင်စစ်ဝန်မှတစ်ဆင့် အသက်ရှင်ကျန်ရစ်သူ ငါးဖမ်းသမား ရှစ်ဦးကို မြန်မာနိုင်ငံမှ ပြန်ပို့ပေးနိုင်ရန် မေတ္တာရပ်ခံခဲ့သည်။
တမီနာဒူးလ် ပြည်နယ်အစိုးရသည် ချန်နိုင်းရှိ မြန်မာကောင်စစ်ဝန်ရုံး၊ အိန္ဒိယရှိ မြန်မာသံရုံးနှင့် နိုင်ငံခြားရေး ဝန်ကြီးဌာနတို့ကို အကူအညီတောင်းခဲ့ကာ မြန်မာနိုင်ငံမှ ပြန်လည်ပို့ဆောင်ရေးကို စတင်ခဲ့သည်။
 မြန်မာရေတပ်သည် စက်တင်ဘာ ၁၄ရက်နေ့တွင် ငါးဖမ်းလုပ်သားများကို  ကယ်ဆယ်ပြီးကြောင်း ပြောခဲ့သည်။

မြန်မာအာဏာပိုင်တွေက ဘယ်လိုကူညီပေးခဲ့သလဲ 

အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံ သံအမတ် ဒေါက်တာ မိုးကျော်အောင်နှင့် အခြားသော သံအရာရှိများက ငါးဖမ်းလုပ်သားများ အိန္ဒိယသို့ ပြန်လည်ပို့ဆောင်ရေးအတွက် အလုံးစုံကူညီခဲ့သလို နိုင်ငံခြားရေးဝန်ကြီးဌာနကလည်း လိုအပ်သည်များကို ထောက်ပံ့ပေးခဲ့သည်။
 
အိန္ဒိယအာဏာပိုင်တွေက ဘာတွေကူညီပေးခဲ့သလဲ 

ငါးဖန်းလုပ်သားများ ကောင်းမွန်စွာရှိနေကြောင်းနှင့် အစားအသောက်နှင့် အခြားလိုအပ်သည်များကို ပံ့ပိုးပေးထားကြောင်း မြန်မာနိုင်ငံရှိ အိန္ဒိယသံရုံးကို အကြောင်းကြားခဲ့သည်။ ငါးဖမ်းလုပ်သားရှစ်ဦးကို စစ်တွေမှတဆင့် ရန်ကုန်သို့ခေါ်ဆောင်လာပြီး ဟိုတယ်တစ်ခုတွင် နေရာချထားပေးကာ လိုအပ်သည်များကို ထောက်ပံ့ပေးခဲ့သည်။ စစ်တွေရှိ အိန္ဒိယကောင်စစ်ဝန်ချုပ်သည်လည်း ပြန်လည်ပို့ဆောင်ရေးအတွက် များစွာကူညီပေးခဲ့သည်။

COVID-19 ကပ်ရောဂါသည် တံငါသည်များ အိမ်သို့ပြန်ရန် အစီအစဉ်များကို မည်သို့ အကျိုးသက်ရောက်စေခဲ့သလဲ

ငါးဖမ်းလုပ်သား ရှစ်ဦးလုံးကို ရန်ကုန်ရှိ အိန္ဒိယသံရုံး၏ ကွာရန်တင်းစင်တာတစ်ခု ပို့ဆောင်၊ ကိုဗစ်-၁၉ စစ်ဆေးမှုကို နယူးဒေလီတွင်ပြုလုပ်ကာ ကိုဗစ်-၁၉ ကင်းစဉ်သဖြင့်  ၂၀၂၀ အောက်တိုဘာ ၈ရက်တွင် ချန်နိုင်းသို့ ပြန်သွားခွင့်ပြုခဲ့သည်။

လက်ရှိ အိန္ဒိယ- မြန်မာ ဆက်ဆံရေးက ဘယ်လိုရှိသလဲ

အိန္ဒိယ- မြန်မာဆက်ဆံရေးသည် ရာစုနှစ်များစွာကတည်းက တည်ဆောက်ခဲ့သော တူညီသော သမိုင်း၊ လူမျိုးရေး၊ ယဉ်ကျေးမှုနှင့် ဘာသာရေးအရ နက်ရှိုင်းစွာတည်ရှိနေခဲ့သည်။ ပထဝီအနေအထားအရ အိန္ဒိယ-အရှေ့တောင်အာရှ ဆက်ဆံရေး၏ လမ်းဆုံ၌ရှိသောကြောင့် မြန်မာနိုင်ငံသည် အိန္ဒိယနိုင်ငံအတွက် ပထဝီနိုင်ငံရေးအမြင်အရ အရေးကြီးသည်။ အိန္ဒိယ- မြန်မာဆက်ဆံရေးသည် သမိုင်းကြောင်းရှိပြီး ဘက်ပေါင်းစုံမှရှိကာ အချင်းချင်း ယုံကြည်မှု လေးစာမှုဖြင့် တည်ဆောက်ထားခြင်းဖြစ်သည်။ အိမ်နီးချင်းက ပထမ နှင့် အရှေ့မျော် မူဝါဒ Neighbouring First and Act East ကအိန္ဒိယနိုင်ငံ၏ မြန်မာနိုင်ငံအပေါ် ဦးစားပေးမှုပင်ဖြစ်သည်။

စီးပွားရေး၊ ယဉ်ကျေးမှုနှင့် သံတမန်ရေးရာနှီးနှာခြင်းအတွက် နှစ်နိုင်ငံခြားတွင် ဗုဒ္ဓဘာသာ၊ စီးပွားရေး, ဘောလိဝုဒ် နှင့် မြန်မာ့ ကျွန်းတို့သည် အိန္ဒိယ- မြန်မာ ဆက်ဆံရေး ခိုင်မာစေရန် အုတ်မြစ်များပင်ဖြစ်သည်။  

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required