မြိတ်တွင် မွန်ညီညွတ်ရေးပါတီ (MUP) ကိုယ်စားလှယ်လောင်း ဆိုင်းဘုတ် ဖျက်ဆီးခံရ

မြိတ်တွင် မွန်ညီညွတ်ရေးပါတီ (MUP) ကိုယ်စားလှယ်လောင်း ဆိုင်းဘုတ် ဖျက်ဆီးခံရ
ဓာတ်ပုံ - ဒီမိုးသွေး (မြိတ်)

အောက်တိုဘာ ၉ ၊ ၂၀၂၀

မြိတ်မြို့နယ် မြိတ်တောင်ကျေးရွာအုပ်စု၊ အင်းလေးမြိုင်စက်မှုဇုံ အတွင်းရှိ အေးချမ်းသာယာရပ်ကွက်တွင် အောက်တိုဘာလ ၈ ရက်နေ့ ညပိုင်းက မွန်ညီညွတ်ရေးပါတီ ကိုယ်စားလှယ်လောင်း ဆိုင်းဘုတ် ဖျက်ဆီးခံထား ရကြောင်း ယင်း ပါတီမှ တာဝန်ရှိထံမှ သိရ သည်။

မွန်ညီညွတ်ရေးပါတီ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်လောင်း နိုင်အောင်မျိုးက“ကျွန်တော်တို့ မွန်ပါတီ အနေနဲ့ လူနည်းစု ဖြစ်ပါတယ်၊ အခုလို ရည်ရွယ်ချက် ရှိရှိနဲ့ ဖျက်ဆီးတယ် ဆိုတာက စဉ်းစားစရာ ဖြစ်နေ တယ်၊ နောက်ပြီး ဘယ်လို အကြောင်း ကြောင်းကြောင့် ဖျက်ဆီးခံရတယ် ဆိုတာ မပြောတတ်ဘူး”ဟု ပြောဆို သည်။

ဓာတ်ပုံ - ဒီမိုးသွေး (မြိတ်)

အဆိုပါ ကိုယ်စားလှယ်လောင်း ဆိုင်းဘုတ်မှာ အနံ ၄ လက်မနှင့် အလျှား ၆ ပေ ရှိသည်ဟု သိရ သည်။

“ပါတီ ကိုယ်စားလှယ်လောင်း ဆိုင်းဘုတ် ဖျက်ဆီးခံရတာနဲ့ ပတ်သက်ပြီး၊ အရေးယူ စစ်ဆေးဖို့ မရှိသေးပါဘူး၊ ဒါပေမယ့် ခရိုင်ရွေးကောက်ပွဲ ကော်မရှင်ရုံးကိုတော့ အသိပေး အကြောင်း ကြားထားတယ်”လို့ ၎င်းက ထပ်လောင်း ပြောဆို သည်။

ဓာတ်ပုံ - ဒီမိုးသွေး (မြိတ်)

လက်ရှိမှာ MUP အပြင် UBP၊ PPP၊ UDP၊ NLD တို့သည်လည်း ကိုယ်စားလှယ်လောင်း ဆိုင်းဘုတ်တွေကို ဖျက်ဆီးခံထားရသည်။

မြိတ်မြို့တွင် နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပမည့် ရွေးကောက်ပွဲတွင် နိုင်ငံရေး ပါတီ ၉ ခုက ဝင်ရောက် ယှဉ်ပြိုင်မှာ ဖြစ် သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required