ပြည်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ မဲဆွယ်စည်းရုံးရေးကို ခေတ္တခဏရပ်နားထား

By ဟန်ထူးဇော်
09 October 2020
ပြည်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ မဲဆွယ်စည်းရုံးရေးကို ခေတ္တခဏရပ်နားထား

ပဲခူးတိုင်းဒေသကြီး ပြည်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ ပြည်ခရိုင်အထွေထွေရွေးကောက်ပွဲကော်မရှင်ကို စာတင်ပြီး အောက်တိုဘာ၆ရက် နေ့ကနေ စတင်ကာ မဲဆွယ်စည်းရုံးရေးကို ခေတ္တခဏရပ်နား ထားလိုက်တယ်လို့ သိရပါတယ်။ မဲဆွယ်စည်းရုံးရေးကို ရပ်နားထားလိုက်ရတာက ထောက်ခံ၀န်ရံသူ တွေအများအပြားက မဲဆွယ်စည်းရုံးရေးသွားရာနေရာ တစ်လျှောက်လိုက်ပါ အားပေး၀န်ရံနေ တာကြောင့် COVID ကာလအတွင်း ရောဂါကူးဆက်ပျံနှံသွားမှာစိုးရိမ်ပြီး အခုလိုဆုံးဖြတ်ရတာလို့ NLDလွှတ်တော် ကိုယ်စားလှယ်လောင်းတစ်ဦးက အခုလိုဆိုပါတယ်။

 

ရိုက်ကူး / တည်းဖြတ် - ဟန်ထူးဇော်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required