ထိုင်းနိုင်ငံရဲ့ ပထမဆုံးမောင်းသူမဲ့ရထားကို စမ်းသပ်မောင်းနှင်

ထိုင်းနိုင်ငံရဲ့ ပထမဆုံးမောင်းသူမဲ့ရထားကို စမ်းသပ်မောင်းနှင်
Photo - AFP

အောက်တိုဘာ ၉  

ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ဒီဇင်ဘာလလယ်လောက်က စတင်ပြီး အများပြည်သူစီးနင်းနိုင်မယ့် မောင်းသူမဲ့ရထားကို ပထမဆုံးအကြိမ် စမ်းသပ်မောင်းနှင်မှုတွေ ပြုလုပ်နေပါတယ်။ 

တရုတ်နိုင်ငံကနေ သုံးစီးမှာယူခဲ့တာဖြစ်ပြီး ကိုရိုနာဗိုင်းရပ်စ်ကပ်ဘေးကြောင့် စီမံကိန်း နောက်ကျမှုတွေရှိနေခဲ့တာပါ။  

မောင်းသူမဲ့ရထားဟာ Icon Siam ဈေးဝယ်စင်တာနဲ့ Long 1919 complex တို့ကို ဆက်သွယ်ထားပြီး ကျောက်ဖယားမြစ်တစ်လျှောက်ပြေးဆွဲမှာဖြစ်ပါတယ်။ 

ဘုမ်ဘာဒီယာအင်နိုဗီယာ (Bombardier Innovia APM 300 ) လျှပ်စစ်ရထားတွေမှာ ရထားတွဲ နှစ်တွဲပါဝင်ပြီး တစ်နာရီကို  ၈၀ ကီလိုမီတာ (မိုင် ၅၀) အမြန်ဆုံးနှုန်းထားနဲ့မောင်းနှင်တာဖြစ်ပါတယ်။ ရထားတစ်စီးကို ခရီးသည်ပေါင်း ၂၇၆ ဦးအထိ လိုက်ပါစီးနင်းနိုင်ပြီး လမ်းကြောင်းတစ်ခုအတွက် တစ်နာရီကို ခရီးသည် ၄ ၂၀၀ အထိ လိုက်ပါစီးနင်းနိုင်ပါတယ်။  

ရာဘာဘီးတွေနဲ့ပြေးဆွဲတာဖြစ်တဲ့အတွက် သမားရိုးကျရထားတွေထက် ပိုပြီးငြိမ်သက်ပါတယ်။ 

ဘန်ကောက်အုပ်ချုပ်ရေးမှူး အက်စ်ဝင်ကွမ်မောင်းက “Gold Line ရထားလမ်းမှာ သွန်ဘူရီ၊ ချာရိုအန်နာကွန်းနဲ့ ခလောင်ဆန် ဘူတာရုံတွေကို ပြေးဆွဲသွားမှာဖြစ်ပါတယ်။ ရာဘာဘီးတွေတပ်ထားတဲ့ မောင်းသူမဲ့ရထားတွဲပါ။ အလိုအလျောက်ထိန်းချုပ်စနစ်ပါတဲ့ ရထားပါ” လို့ပြောပါတယ်။  

ရထားလမ်းဆောက်လုပ်ဖို့နဲ့ပြုပြင်ထိန်းသိမ်းဖို့အတွက် ကြော်ငြာရောင်းအားကနေ ထိုင်းဘတ်ငွေ နှစ်ဘီလီယံ (အမေရိကန်ဒေါ်လာ ၆၄.၁ သန်း) ဝင်ငွေရရှိခဲ့တာကြောင့် အများပိုင်နှင့်ပုဂ္ဂလိကရင်းနှီးမြှုပ်မှုနဲ့လုပ်တဲ့ အဆိုပါစီမံကိန်းဟာ အစိုးရဘဏ္ဍာကို အသုံးမပြုခဲ့ရဘူးလို့ ဆိုပါတယ်။  

ပထမအဆင့်အနေနဲ့ ၁.၈ ကီလိုမီတာ (၁ မိုင်) လောက်ရှည်တဲ့ Gold Line ရထားလမ်းကြောင်းမှာ ဘူတာရုံ သုံးခုရှိမှာဖြစ်ပါတယ်။ စတုတ္ထမြောက်ဘူတာကို ၂၀၂၃ ခုနှစ်မှာ ဖွင့်သွားမှာဖြစ်ပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly