ကာဂျစ္စတန်မှာ ဝန်ကြီးချုပ်ရာထူးအတွက် ပါတီတွေအလုအယက်ကြိုးပမ်းစဉ် နိုင်ငံရေးမငြိမ်မသက်ဖြစ်

09 October 2020
ကာဂျစ္စတန်မှာ ဝန်ကြီးချုပ်ရာထူးအတွက် ပါတီတွေအလုအယက်ကြိုးပမ်းစဉ် နိုင်ငံရေးမငြိမ်မသက်ဖြစ်

ဗဟိုအာရှနိုင်ငံကာဂျစ္စတန်မှာ ရုရှားထောက်ခံသူ သမ္မတ ဆူရွန်ဘိုင် ဂျင်ဘီကော့ဗ်က ရွေးကောက်ပွဲအလွန် ပရမ်းပတာအခြေအနေတွေကို မထိန်းချုပ်နိုင်ဘဲ ပြိုင်ဘက်အုပ်စုနှစ်စုက အစိုးရဖွဲ့စည်းမယ့်အခွင့်အရေးကို ဗုဒ္ဓဟူးနေ့မှာ တောင်းဆိုခဲ့ကြပါတယ်။ ကာဂျစ္စတန်ဝန်ကြီးချုပ်အဖြစ် ကိုယ့်ကိုယ်ကို ကြေညာခဲ့တဲ့ ဆာဒီဂျာပါရော့ဗ်ကို ထောက်ခံသူနဲ့ ဝေဖန်သူတွေဟာ အောက်တိုဘာ ၇ ရက်က အစိုးရအအောက်အအုံရှေ့မှာ စုဝေးနေခဲ့ကြပြီး ဂျာပါရော့ဗ်ထောက်ခံသူတွေက အထဲဝင်ဖို့ ကြိုးစားနေကြတာဖြစ်ပါတယ်။

သတင်းအပြည့်အစုံ - http://www.mizzimaburmese.com/article/74282

တည်းဖြတ် - ပြည့်ဖြိုးအောင်

တင်ဆက် - စနိုး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly