တောင်ကိုရီးယားသမ္မတ နှုတ်ထွက်ရေးဆန္ဒပြသူများနှင့် ရဲများ ထိပ်တိုက်တွေ့

တောင်ကိုရီးယားသမ္မတ နှုတ်ထွက်ရေးဆန္ဒပြသူများနှင့် ရဲများ ထိပ်တိုက်တွေ့

ပြီးခဲ့သည့်နှစ်များအတွင်း အကြီးဆုံးလမ်းပေါ်ထွက် စုရုံးဆန္ဒပြမှု တောင်ကိုရီးယားနိုင်ငံ မြို့တော်ဆိုးလ်တွင် နိုဝင်ဘာ ၁၄ ရက်က ဖြစ်ပွားရာ ဆန္ဒပြသူများနှင့် လုံခြုံရေးတပ်ဖွဲ့များ ထိပ်တိုက်တွေ့ခဲ့ကြသည်။

ကွန်ဆာဗေးတစ်သမ္မတ ပတ်ဂွန်ဟေး ရာထူးမှဆင်းပေးရေး တောင်းဆိုဆန္ဒပြသူများကို မျက်ရည်ယိုဓာတ်ငွေ့များနှင့် ရေအမြောက်များဖြင့် ရဲက ဖြိုခွင်းသည်။

ဆန္ဒပြလူအုပ်မှာ ထောင်ပေါင်းများစွာ စုရုံးကြခြင်းဖြစ်ကြောင်း ရဲက ပြောသည်။

သမ္မတ၏ စီးပွားရေးမူဝါဒကို ကန့်ကွက်သည့် ကုန်သည်အဖွဲ့အစည်းများအပါအဝင် အဖွဲ့အစည်းမျိုးစုံတို့ စုဝေးမိကာ ယခုကဲ့သို့ များပြားစွာစုဝေးဆန္ဒပြကြခြင်းဖြစ်သည်။

ဆန္ဒပြသူများတွင် ကျောင်းပြဌာန်း သမိုင်းစာအုပ်များက တောင်ကိုရီးယားအတိတ် အာဏာရှင်များကို ဖာထေးထားသည့် သမိုင်းများကို ပြဌာန်းထားသည်ဟုဆိုကာ ဆန့်ကျင်ကန့်ကွက်သူများလည်း ဆန္ဒပြလူစုတွင် အပါအဝင်ဖြစ်သည်။

"ပတ်ဂွန်ဟေး ဆင်းပေး"ဟူကာ ဆန္ဒပြသူအများစုက ကြွေးကြော်ကြသည်။ သမ္မတရုံးသို့ ချီတက်ရန် ရဲအတားအဆီးများကို ကျော်လွှားရန်ကြိုးစားသူများကို လုံခြုံရေးတပ်ဖွဲ့ဝင်များက မျက်ရည်ယိုဓာတ်ငွေ့များဖြင့် ဖြိုခွင်းခဲ့ရသည်။

နိုင်ငံ၏ ပထမဆုံး အမျိုးသမီးသမ္မတ ပတ်ဂွန်ဟေးက လွန်ခဲ့သည့် နှစ်နှစ်တာကမှ ရွေးကောက်တင်မြှောက်ခံရသည့် သမ္မတတစ်ဦးဖြစ်သည်။

Ref:BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly