ပြင်သစ်ရဲ့ ဂိုးသွင်းအများဆုံးစာရင်းမှာ ပလာတီနီကို ကျော်ဖြတ်ခဲ့တဲ့ ဂျီရူး

ပြင်သစ်ရဲ့ ဂိုးသွင်းအများဆုံးစာရင်းမှာ ပလာတီနီကို ကျော်ဖြတ်ခဲ့တဲ့ ဂျီရူး
Photo: AFP

အိုလီဗီယား ဂျီရူးဟာ ယူကရိန်းနဲ့ ဗုဒ္ဓဟူးနေ့ရဲ့ ခြေစမ်းပွဲမှာ နှစ်ဂိုးသွင်းယူပြီး ပြင်သစ်သမိုင်းမှာ ဒုတိယဂိုးသွင်းအများဆုံးကစားသမားအဖြစ် မီချယ် ပလာတီနီကို ကျော်ဖြတ်ခဲ့ပါတယ်။ 

ချယ်လ်ဆီးကြယ်ပွင့်ဟာ ဒီပွဲမကစားခင်က သွင်းဂိုး ၄၀ နဲ့ ပြင်သစ်နဲ့ ဂျူဗင်တပ်စ်ဂန္တဝင်ကစားသမားကြီးနဲ့ တစ်ဂိုးအကွ တတိယနေရာမှာ ရပ်တည်နေတာပါ။ အခုဆိုရင် ဂျီရူးရဲ့ ရှေ့မှာ သီယာရီ ဟင်နရီတစ်ဦးသာ ရှိတော့ပါတယ်။  

သူဟာ ပြင်သစ်အသင်းက ယူကရိန်းကို ၇-၁ ဂိုးနဲ့ အနိုင်ရတဲ့ပွဲမှာ ပထမပိုင်းအတွင်း နှစ်ဂိုးသွင်းယူခဲ့ပြီး စုစုပေါင်း နိုင်ငံတကာသွင်းဂိုး ၄၂ ဂိုးအထိ ရရှိသွားခဲ့တာဖြစ်ပါတယ်။ 

ပြင်သစ်အတွက် ဒီပြင်ဂိုးတွေကိုတော့ လူငယ်ကြယ်ပွင့် ကာမာဗင်ဂါ၊ တိုလစ်ဆို၊ ဘာပေ၊ ဂရစ်ဇ်မန်းတို့က တစ်ဂိုးစီသွင်းယူပေးခဲ့ပြီး ယူကရိန်းဘက်က ကိုယ့်ဂိုးကိုယ် တစ်ဂိုးသွင်းယူခဲ့ပါတယ်။ 

ဂျီရူးဟာ ဒီဂိုးအရေအတွက်ကို ပွဲပေါင်း ၁၀၀ သာကစားပြီးရရှိခဲ့တာဖြစ်ပေမယ့် ဟင်နရီကတော့ စုစုပေါင်း ၅၁ ဂိုးအတွက် ပွဲပေါင်း ၁၂၃ ပွဲအထိ ကစားခဲ့ရတာဖြစ်ပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly