တရုတ်ရန်ကိုကာကွယ်ရန်ယခုနှစ်အတွင်း အမေရိကန်ဒေါ်လာသန်း ၉၀၀ နီးပါးသုံးစွဲထားသည်ဟု ထိုင်ဝမ်ပြော

တရုတ်ရန်ကိုကာကွယ်ရန်ယခုနှစ်အတွင်း အမေရိကန်ဒေါ်လာသန်း ၉၀၀ နီးပါးသုံးစွဲထားသည်ဟု ထိုင်ဝမ်ပြော

အောက်တိုဘာ ၈ 

ယခုနှစ်အတွင်းတရုတ်ကျုးကျော်မှုရန်ကိုကာကွယ်ရန်ထိုင်ဝမ်လေတပ်အတွက်အမေရိကန်ဒေါ်လာသန်း ၉၀၀ နီးပါးသုံးစွဲခဲ့ပြီး ထိုင်ဝမ်တို့ရင်ဆိုင်နေရသောဖိအားသည်အလွန်ကြီးမားသည်ဟု ထိုင်ဝမ်ကာကွယ် ရေးဝန်ကြီးက အောက်တိုဘာလ ၆ ရက်နေ့ကပြောကြားခဲ့သည်။ 

ထိုင်ဝမ်သည်မိမိတို့အပိုင်ဖြစ်သည်ဟု တရုတ်တို့ကပြောကြားထားသည်။ ထိုင်ဝမ်နှင့်အမေရိကန်တို့ ပူးပေါင်းလိမ်လည်ရန်ညှိနှိုင်းထားသည်ဟုဆိုကာတုံ့ပြန်သည့်အနေဖြင့် ထိုင်ဝမ်ကျွန်းအနီးတွင်တရုတ်မှ စစ်ရေးလှုပ်ရှားမှုများကိုတိုးမြှင့်လုပ်ဆောင်ခဲ့သည်။ 

ထိုင်ဝမ်သို့အမေရိကန်အစိုးရအကြီးတန်းတာဝန်ရှိသူများလာရောက်ခြင်းနှင့်လက်နက်များရောင်းချပေးမှုအပါအဝင်အမေရိကန်၏ထောက်ပံ့ပေးမှုများ များပြားလာမှုအပေါ်တရုတ်တို့မှဒေါသထွက်ခဲ့သည်။ 

လွန်ခဲ့သည့်ရက်သတ္တပတ်များက ထိုင်ဝမ်ရေလက်ကြားရှိတရားဝင်သတ်မှတ်ထားခြင်းမရှိသည့်ကြားခံ နယ်မြေကိုတရုတ်ဂျက်တိုက်လေယာဉ်များဖြတ်ကျော်လာခဲ့ပြီးထိုင်ဝမ်အနောက်တောင်ပိုင်းလေပိုင်နက်ထဲသို့ဝင်ရောက်ပျံသန်းခဲ့ကြသည်။ 

ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးယန်ဒဲဖာ ကယခုနှစ်အတွင်း တရုတ်စစ်လေယာဉ်များကျုးကျော်ဝင်ရောက် လာမှုကိုတားဆီးရန် ထိုင်ဝမ်လေတပ်သည် ၂၉၇၂ ကြိမ်ပျံသန်းခဲ့ပြီးကုန်ကျစရိတ်မှာ ထိုင်ဝမ်ဒေါ်လာ ၂၅.၅ဘီလီယံ(အမေရိ ကန်ဒေါ်လာ ၈၈၆.၄၉ သန်း)ခန့်ရှိကြောင်း၊’ လက်ရှိအချိန်အထိဖိအားပေးမှုအလွန် များပြားနေဆဲဖြစ်ကြောင်း၊တစ်နည်းပြောရလျှင်တရုတ်တို့ကလိမ်လည်လှည့်ဖျားနေခြင်းပင်ဖြစ်ကြောင်း’ပါလီမန်၌ပြောကြားခဲ့သည်။ ယမန်နှစ်ကလေယာဉ်ပျံသန်းမှုကုန်ကျစရိတ်နှင့်ပတ်သက်၍ ယန်ဒဲဖာ က ပြောကြားခဲ့ခြင်းမရှိပေ။ 

ယခုနှစ်အတွင်း လေတပ်လေ့ကျင့်ရေးနှင့်ပုံမှန်ကင်းလှည့်ပျံသန်းမှုများအပါအဝင် လေယာဉ်ပျံသန်းမှု ပေါင်း ၄၁၃၂ ကြိမ်ရှိသည်ဟု ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနမှပါလီမန်သို့တင်သွင်းသည့်အစီရင်ခံစာ တွင်ဖော်ပြထားသည်။ 

ယခုလအတွင်း ထိုင်ဝမ်တပ်မတော်သည်နိုင်ငံအနောက်တောင်ပိုင်းကမ်းရိုးတန်းတွင်စစ်ရေးလေ့ကျင့်မှု ပြုလုပ်မည်ဖြစ်သော်လည်း ကျည်အစစ်ဖြင့်ပစ်ခတ်လေ့ကျင့်မှုပြုလုပ်မည်မဟုတ်ဟု ယန် ကပြောကြား ခဲ့သည်။ 

ထိုင်ဝမ်တပ်မတော်သည်လေ့ကျင့်မှုများ၊ လက်နက်တပ်ဆင်မှုများအပြည့်အစုံပြုလုပ်ထားသော်လည်း တရုတ်နှင့်နှိုင်းယှဉ်ပါကအင်အားနည်းပါးနေသေးကြောင်းထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးမှပြောကြားခဲ့ပြီးထိုင်ဝမ်ပိုင်နက်တွင်တရုတ်တို့အကြိမ်ကြိမ်စစ်ရေးလေ့ကျင့်မှုများသည်စိတ်ဖိစီးရသည့်ကိစ္စဖြစ်ကြောင်းအသိအမှတ်ပြုခဲ့သည်။ 

ထိုင်ဝမ်သည်၎င်း၏တိုက်လေယာဉ်အုပ်စုကိုပြန်လည်စုဖွဲ့ထားလျက်ရှိသည်။ 

ယမန်နှစ်ကအမေရိကန်မှထိုင်ဝမ်သို့အမေရိကန်ဒေါ်လာ ၈ ဘီလီယံတန်ဖိုးရှိ F-16 ဂျက်တိုက်လေယာဉ် များရောင်းချခဲ့သည်။ ထိုင်ဝမ်သည်အာရှနိုင်ငံများတွင်အကြီးဆုံး F-16  ဂျက်တိုက်လေယာဉ်အုပ်စု ဖြစ်သည့်လေယာဉ်အစီး ၂၀၀ ကျော်ရရှိလာစေရန်အမေရိကန်နှင့်သဘောတူညီမှုပြုခဲ့သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly